မြန်မာသံ အဆိုတော်များစွာ ပါဝင်ဖျော်ဖြေမည့်’ဒေဝစ္ဆရာနှင့် ရွှေအလင်္ကာ’ ဂီတဖျော်ဖြေပွဲ

0
318

ဂီတစာဆို ကိုသက်ဦး ဂုဏ်ပြု အမှတ်တရ “ဒေဝစ္ဆရာနှင့် ရွှေ အလင်္ကာ” ဂီတဖျော်ဖြေပွဲ ကိုတော့ သြဂုတ်လ ၈ရက်နေ့ ရန်ကုန်မြို့၊ မြို့မကျောင်းလမ်း ရှိ အမျိုးသားက ဇာတ်ရုံကြီးမှာ ည၇နာရီမှ စတင်ဖျော် ဖြေပွဲ ပြုလုပ်ပေးသွားမှာ ဖြစ်ပါ တယ်။  အဆိုပါ ဖျော်ဖြေပွဲမှာ ပါဝင် ဖျော်ဖြေမယ့် အဆိုတော် တက္ကသိုလ် လဲ့လဲ့က ပြောကြားရာမှာတော့..

“ဆရာ ဦးသက်ဦး ဆိုတာ ကျွန်မအနေနဲ့ သင်ဆရာ မဟုတ် သော်လည်း မြင်ဆရာ၊ ကြားဆရာပါ။ ဆရာသီချင်းတွေကို အော်ဟစ်သီ ဆိုရင်း နဲ့ အဆိုတော် ဖြစ်ခဲ့တာပါ။ ဆရာရေးခဲ့တဲ့ “ရွှေဘုံပေါ်မှာ စံချင် သူ”တို့၊ “အရိပ်ပမာ”တို့၊ “သီတာရေစင်” တို့ဆိုတာ ကျွန်မတို့ ငယ်ငယ်တုန်း က လေးလေးစားစား နှစ်နှစ်သက်သက်နဲ့ သီဆိုခဲ့ကြတာပါ။

ဆရာကိုယ်တိုင် သီဆိုခဲ့တဲ့ “နှင်း ပျောက်တဲ့နွေ”ဆိုရင် တစ်သက်လုံး မမေ့နိုင်အောင် သတိတရရှိနေခဲ့ပါ တယ်။ ဒီပွဲလေးက မြန်မာသံ အဆိုရှင်တွေအတွက် ထူးခြားတဲ့ ပွဲလေးလည်း ဖြစ်လာပါလိမ့်မယ်”လို့ အဆိုတော် တက္ကသိုလ်လဲ့လဲ့က ပြော ပါတယ်။ စာရေးဆရာ ဆရာ ဟိန်း လတ်ကလည်း ငယ်စဉ်က တည်းက ဂီတစာဆို ကိုသက်ဦးရဲ့ “နှင်းပျောက် တဲ့နွေ”ကို ယနေ့အထိ မမေ့နိုင် စွဲလမ်းနေသလို “ဒေဝစ္ဆရာ”သီချင်း ကိုလည်း အမှတ်ရမိကြောင်း ပြောခဲ့ ပါတယ်။

အဆိုပါ “ဒေဝစ္ဆရာနှင့် ရွှေ အလင်္ကာ” ဂီတဖျော်ဖြေပွဲမှာတော့ မြန်မာသံ အဆိုတော် နီနီဝင်းရွှေ၊ တက္ကသိုလ်လဲ့လဲ့၊ နှင်းရည်သန့်၊ ပန်းအိဖြူ ၊ ရွှေရည်သိန်းတန်၊ အိအိ ချွန်၊ စိမ်းလဲ့လဲ့၊ မို့မို့ကျော်လွင် စတဲ့ မြန်မာသံ အဆိုတော် ၂ဝ ဦးကျော် သီဆိုဖျော်ဖြေကြ မှာဖြစ်ပါ တယ်။ ဒီဂီတဖျော်ဖြေပွဲကို Channel 9  ရုပ်သံမှ တိုက်ရိုက် Live ထုတ်လွှင့် ပြသမှာ ဖြစ်သလို ကိုယ်တိုင်လာ ရောက် အားပေးကြ မယ့် မြန်မာသံ ချစ်သူ တေးချစ် ပရိသတ်များ အတွက် လက်မှတ်ဈေး နှုန်း ၅ထောင်ကျပ်၊ ၁ သောင်းကျပ်နဲ့ ၂သောင်းကျပ် အသီးသီး သတ်မှတ်ထားကြောင်း သိရပါတယ်။

မျိုးကျော်( ကနောင်သွေး)


LEAVE A REPLY

Please enter your comment!
Please enter your name here