ဂီတစာဆို ရွှေတိုင်ညွန့်ရဲ့မြေး ဇော်ဝင်းထွဋ်နဲ့ ဂီတစာဆိုနန်းတော် ရှေ့ ဆရာတင်ရဲ့မြေး နန်းခင်မွှေးတို့ သူငယ်ချင်းနှစ်ဦးအကြောင်း

0
276

Nang-Khin-Hmwe-1

ဂီတစာဆို ရွှေတိုင်ညွန့်ရဲ့မြေး ဇော်ဝင်းထွဋ်နဲ့ ဂီတစာဆို နန်းတော်ရှေ့ဆရာတင်ရဲ့မြေး နန်းခင် မွှေးတို့က ငယ်စဉ်ကတည်းက ကျောင်းနေဖက် သူငယ်ချင်းတွေပဲ ဖြစ်ပါတယ်။ သူတို့သူငယ်ချင်း နှစ်ဦးဟာ တစ်ကျောင်းတည်းမှာ အတူတူတက်ခဲ့တဲ့ သူငယ်ချင်းတွေဖြစ်တဲ့အပြင် နှစ်ဦးစလုံးရဲ့ အဖိုးဖြစ်သူတွေက ဂန္တဝင်ဂီတစာဆိုပညာရှင်ကြီး တွေဖြစ်တဲ့အတွက်လည်း သူတို့ နှစ်ဦးဟာ အနု ပညာနဲ့ ပတ်သက်လို့ ဗီဇပါပြီးသားလို့ပဲဆိုရမှာပါ။

“ကိုညီထွဋ်တို့က မန္တလေးမှာ နေခဲ့တာလေ။အန်တီမွှေးနဲ့ ကျောင်း နေဖက်ပေါ့။ တစ်ကျောင်း တည်း တက်ခဲ့တာ။ မှတ်မှတ်ရရဆိုရင် သုဝဏ္ဏ အားကစားကွင်းကြီး ဖွင့်ပွဲတုန်းက အန်တီမွှေးနဲ့ ကိုညီထွဋ်က သီချင်းဆိုရတယ်။ နဂါးနီသီချင်းကို ကိုညီထွဋ်ကဆိုတယ်။ အန်တီမွှေးက ကျတော့ ဆင်ကြီးဂဠုန်ချီဆိုတယ်။ သူကပင်နီအင်္ကျီလေး နဲ့ဆိုတာ။ ပြီးတော့အန်တီမွှေးတို့ ကျော်ကြားခဲ့တဲ့ အချိန်တုန်းက ကိုညီထွဋ်ရဲ့ သီချင်းတွေကို ဆိုကြတယ်။ ပြည်ရွှေဆံတော်ဘုရားပွဲဆိုရင် အန်တီမွှေးတို့ ဇာတ်လည်းကတယ်။ကိုညီထွဋ် တို့ကလည်း သီချင်းဆိုတယ်။ သူက စတိတ် ရှိုးဆိုပြီးပြီဆိုရင် အန်တီမွှေးတို့ ဇာတ်ရုံကို လာလည်တယ်။ စကားတွေပြောကြပေါ့။ တကယ့်ကို ညီအစ်ကိုမောင်နှစ်မ အရင်းတွေလို ချစ်ခဲ့ကြတာပေါ့။ အသက်ကြီးလာတဲ့ နောက် ပိုင်းကျတော့ မတွေ့ဖြစ်ကြတော့ဘူးပေါ့။ သူလည်းမအား၊ ကိုယ်လည်း မအားနဲ့ဆိုတော့လေ။ အန်တီမွှေးကတော့ ဂုဏ်ယူတယ်။ ဘဘရွှေတိုင် ညွန့်ရဲ့မြေး၊ မမထားရဲ့သား ကိုညီထွဋ် အတွက် ဂုဏ်ယူတယ်။ တစ်ခါတုန်းကတော့ ဘိုးဘိုးကြီးနန်း တော်ရှေ့ ဆရာတင်ရဲ့ ပွဲလုပ်မယ်ဆိုပြီး အန်တီးမွှေး တို့ စီစဉ်ကြသေးတယ်။ ကိုညီထွဋ်ကလည်း သူတို့ ဆိုပေးမယ်၊ ကူညီပေးမယ်လို့ ပြောပါတယ်။မေတ္တာ များစွာနဲ့ လုပ်ပေးမယ်ပေါ့။အန်တီမွှေးတို့ ဘက်က မလုပ်ဖြစ်ခဲ့တာပါ”လို့ သူတို့သူငယ်ချင်း နှစ် ယောက်ရဲ့အကြောင်းကို ဂီတစာဆိုကြီး နန်းတော် ရှေ့ဆရာတင်ရဲ့ မြေးတစ်ဦးဖြစ်တဲ့မင်းသမီးကြီး နန်းခင်မွှေးက ပြောပြပါတယ်။

မင်းသမီးကြီးနန်းခင်မွှေးအနေနဲ့လည်း ဇာတ် သဘင်လောကမှာ လေးစားအားကျ အတုယူရတဲ့ မင်းသမီးကြီးတစ်ဦးဖြစ်သလို ဆိုငိုပြောပိုင်နိုင်တဲ့ မင်းသမီးကြီး တစ်ဦးလို့ သတ်မှတ်ခံထားရသူပါ။ လက်ရှိမှာလည်း သူ့ရဲ့သားဖြစ်တဲ့ ဘွန်းက တင် မောင်ဆန်းမင်းဝင်းရဲ့ ရွှေမန်းသဘင်ဇာတ်မှာ မင်းသားတစ်ဦးအဖြစ် ကပြလျက်ရှိနေပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here