တာရာမင်းဝေ ကွယ်လွန်ခြင်း ၁ဝ နှစ်ပြည့် Yangon Book Plaza တွင်ပြုလုပ်မည်

0
334

tar

မြန်မာ့ခေတ်ပေါ် ဝတ္ထု လမ်းကြောင်းရဲ့ အထင်ရှားဆုံး စာရေးဆရာများထဲက တစ်ဦးဖြစ် တဲ့ ဆရာတာရာမင်းဝေ ကွယ်လွန်ခြင်း ၁ဝ နှစ်ပြည့်အခမ်းအနားကို သြဂုတ်လ ၅ရက်နေ့ လည် ၁နာရီမှာ Yangon Book Plaza မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ တာရာမင်းဝေကို ချစ်ခင် မြတ်နိုးတဲ့ စာပေမိတ်ဆွေများ၊ စာဖတ် ပရိတ်သတ်များ မည်သူမဆို လာရောက် ပါဝင် ဆင်နွှဲလို့ရတယ်လို့ သိရပါတယ်။ ဒီ၁ဝနှစ် ပြည့်ပွဲ မှာတော့ တာရာမင်းဝေအကြောင်း အမှတ်တရ ပြောဆိုခြင်း၊ ကဗျာရွတ်ဆိုခြင်းများကိုလည်း ထည့်သွင်း စီစဉ်ထားပါတယ်။ အထူးခြားဆုံး အစီအစဉ်တစ်ခုလည်းရှိပြီး ဒီအစီအစဉ်ကတော့ ဆရာအောင်ဒင်စီစဉ်တဲ့ အမှတ်တရတာရာမင်း ဝေဆိုတဲ့ စာအုပ်လေးပဲဖြစ်ပါတယ်။

အဆိုပါ စာအုပ်ဟာ စာအုပ်ဈေးကွက် အတွင်းကို ဖြန့်ချိရောင်းချမယ့် စာအုပ်မဟုတ်ဘဲ တာရာမင်းဝေ ကွယ်လွန်ခြင်း ၁ဝ နှစ်ပြည့် အခမ်း အနားကို လာရောက်ကြမယ့် တာရာမင်းဝေကို ချစ်သူခင်သူတွေအတွက် လက်ဆောင်အဖြစ် စီစဉ်ထားတဲ့ စာအုပ်တစ်အုပ်ဖြစ်တယ်လို့ သိရပါ တယ်။ ဒီစာအုပ်က တာရာမင်းဝေနဲ့ နီးစပ်တဲ့ စာပေလောက၊ နိုင်ငံရေးလောကက လုပ်ဖော် ကိုင်ဖက်များ ဝိုင်းဝန်းပြုစုရေးသားထားတဲ့ စာအုပ်တစ်အုပ်ပဲ ဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here