နာမည်အတိုင်း မမုန်းစေဘဲ ချစ်ပေးစေလိုတဲ့ သရုပ်ဆောင် မုဏ်း

0
294

Mone

သရုပ်ဆောင်မုဏ်းက “ရွှေကြာဖူးသစ်” ရုပ်သံဇာတ်လမ်းတွဲ အသစ်တစ်ခုကို ထပ်မံရိုက် ကူးထားတယ်လို့ သိရပါတယ်။ ပြင်ဦးလွင်မှာ ၄လ ကြာသွားရောက်ရိုက်ကူးခဲ့တဲ့ ဒီဇာတ်လမ်း တွဲသစ်မှာတော့ ‘ရွှေကြာဖူးသစ်’ဆိုတဲ့ စုံထောက် အမျိုးသမီးကာရိုက်တာနဲ့ မုဏ်းကို မြင်တွေ့ရ မှာပါ။ စုံထောက်ကာရိုက်တာက မုဏ်းအတွက်တော့ ပထမဆုံးဖြစ်တာကြောင့် ရိုက်ကူးခဲ့စဉ်က ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေအကြောင်းကို …

“ဒီဇာတ်လမ်းတွဲမှာ မုဏ်းက စုံထောက်ကောင်မလေးဆိုတော့ စုံထောက်တွေ ဘယ်လို ထေိုင်လဲဆိုတာကို လေ့လာရတယ်။ မျက်လုံးအကြည့်တွေ၊ အပြောအဆို လေသံတွေကအစ ထိန်းရတယ်။ ဒါလေးတွေက မုဏ်းအတွက်တော့ နည်းနည်းခက်တယ်။ ဒါရိုက်တာ ဦးပေါက်က လည်း မုဏ်းကို စီးရီးတစ်ခုလုံးအတွက် ခေါင်းဆောင်စေတယ်ဆိုတော့ စိုးရိမ်မှုလည်း ရှိတယ်။ ကြောက်လည်း ကြောက်မိတယ်။ တခြားစုံထောက်ရဲ့အရည်အချင်းတွေဖြစ်တဲ့ ဟာသဥာဏ် ရွှင်တာမျိုးတွေ၊ ချစ်ဖို့ကောင်းတဲ့ပုံစံလေးတွေကတော့ သိပ်အခက်အခဲမရှိပါဘူး။ ဒီဇာတ်ကား ကြီး ရိုက်ကူးပြီးတာ တစ်လလောက်ပဲရှိပါသေးတယ်”လို့ မုဏ်းက ပြောပြပါတယ်။

မုဏ်းကလက်ရှိမှာ ဇာတ်လမ်းတွဲ၅ခုရိုက်ကူးပြီးတဲ့အပြင် လာရောက်ကမ်း လှမ်းတဲ့ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားတွေကိုလည်း လက်ခံရိုက်ကူးလျက်ရှိပါတယ်။ မုဏ်းပါဝင်ထားတဲ့ ‘ဘုန်းကညာနှစ်ပါး’ ရုပ်ရှင်ဇာတ်ကားကြီးကလည်း လက်ရှိမှာ ရုံတင်ပြသ နေပါတယ်။ ဇာတ်ကားတွေရိုက်ကူးရတာနဲ့ ဇာတ်လမ်းတွဲတွေရိုက်ကူးရတဲ့အပေါ် ကွာခြား မှုနဲ့ပတ်သက်ပြီး မုဏ်းကို မေးမြန်းတော့..

“ဇာတ်လမ်းတွဲရိုက်ကူးတော့ မုဏ်းတို့က ဝန်ထမ်းအနေနဲ့ပါဝင်ရတယ်။ မနက်မိုးလင်းတာနဲ့ ကိုယ့်အခန်းပါ၊ မပါ ၇နာရီအရောက်ဆိုရင် သွားရတယ်။ မုဏ်းတို့ ဆီမှာ Talent Coordinator တွေလည်းရှိတယ်။ ဇာတ်ညွှန်းတွေကြိုရတယ်။ စည်းမျဉ်း စည်းကမ်းတွေအများကြီးပဲ။ အပြင်မှာတော့ အနုပညာမောင်နှမတွေက နည်းနည်းညှာ ညှာတာတာလေးရှိတယ်။ အိုက်တင်မရသေးဘူးဆိုရင်လည်း အားလုံးလက်တွဲ ခေါ်ကြပါ တယ်။ မုဏ်းအခုလည်း ရုပ်ရှင်တွေ၊ ဗီဒီယိုတွေ ရိုက်ကူးနေပါပြီ။ မုဏ်းဆိုတဲ့ နာမည် အတိုင်းတော့ မမုန်းကြဘဲ၊ ချစ်ပေးကြပါဦး”လို့ မုဏ်းက ပြောပါတယ်။ မုဏ်းက ဇူလိုင်လပိုင်းမှာလည်း သူ့အတွက်ခြောက်ကားမြောက် ဇာတ်လမ်းတွဲအသစ်ကို ရိုက်ကူး သွားမယ်လို့ သိရပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here