ရုပ်ရှင်လောကမှာ အမျိုးသမီး ဒါရိုက်တာတွေ နည်းပါးရခြင်း အကြောင်း ဒါရိုက်တာ ကြည်ဖြူသျှင် နှင့် တွေ့ဆုံခြင်း

0
265

Kyi-Phyu-Shinအနုပညာလောကမှာ အသက် ၂ဝ အရွယ် ကတည်းက ဒါရိုက်တာ ဖြစ်ချင်တဲ့ စိတ်နဲ့ ရိုက်ကွင်းတွေ ကိုလိုက်ပြီး လေ့လာ ဖြစ်ခဲ့ သူက တော့ ဒါရိုက်တာ ကြည်ဖြူသျှင် ပါပဲ။ သူဟာ ဒါရိုက်တာ ဘဝကို ရူးသွပ်မှု တွေ နဲ့အတူ ကြိုးစား လာခဲ့တာ အခု ဆိုရင် အနုပညာ သက်တမ်း အနှစ် ၂ဝ ကျော် အတွင်း ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားပေါင်း များစွာ ကို ရိုက်ကူး ပြီးခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် သူရိုက်ကူးခဲ့တဲ့ အကယ်ဒမီ စာရင်း ဝင်ရုပ်ရှင် ဇာတ်ကားကြီးတွေမှာ လည်း အကယ်ဒမီ ဆုတွေကို ဆွတ်ခူး နိုင် ဖို့အတွက်လည်း သူဟာဒါရိုက် တာ တစ်ဦး အနေနဲ့ စွမ်းဆောင်ပေး နိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း သူ့ရဲ့ ဒါရိုက်တာ ဘဝ ဖြတ်သန်းမှုနဲ့ အမျိုး သမီး ဒါရိုက်တာတွေနဲ့ ပတ်သက် လို့သူ့ရဲ့အမြင်ကို မေးမြန်းဖြစ် ခဲ့ပါတယ်။

မေး။ ။လက်ရှိအချိန် မှာတော့ ရုပ်ရှင် လောကမှာ မျိုးဆက်သစ် လူငယ် ဒါရိုက်တာတွေ အများကြီး ထွက်ပေါ် လာတာတွေ့ ရတယ်။ ဒါပေမဲ့ လည်းအဲဒီအထဲမှာ အမျိုးသမီး ဒါရိုက်တာတွေကတော့ ထွက်ပေါ် လာမှုနည်းနေသေးတယ် လို့ပြောရ မယ်။ ဒီအပေါ် ဘယ်လိုသုံး သပ်မိပါ သလဲ။

ဖြေ။ ။အဲဒါကတော့ မြန်မာပြည်မှ မဟုတ်ပါဘူး။ နိုင်ငံတကာမှာ လည်း အမျိုးသမီး ဒါရိုက်တာက နည်းတာ ပဲလေ။ အစ်မတို့ ရုပ်ရှင်လောကမှာ က အမျိုးသမီး ဒါရိုက်တာ မပြောနဲ့။ အမျိုးသား ဒါရိုက်တာတွေတောင် မှဒါရိုက်တာ တစ်ယောက်ဖြစ်ဖို့ဆို တာ မနည်း ရုန်းကန်ရတာလေ။ ဒါရိုက်တာအသစ်တွေအနေနဲ့ ရုပ်ရှင် Company တွေဆီကို သွား ရတယ်။ သူတို့ ရိုက်ချင်တဲ့ ဇာတ်တွေ ကိုပြရ တယ်။ Company က ရိုက်မယ် ပြောရင် မင်းသားရှိတဲ့ ရှုတင်ကိုသွား ပြီး စကားပြောရတယ်။ Company ကိုသွားလိုက် မင်းသားဆီ ကိုသွား လိုက်ဆိုတဲ့ အလုပ်က တော်ရုံမိန်း ကလေးတစ် ယောက် အနေနဲ့ဆိုတာ တော်တော်ကို မလွယ် တဲ့ကိစ္စလေ။ ပြီးတော့ ဒါရိုက်တာ တစ်ယောက် အနေနဲ့က ဇာတ်ကားတစ်ကား လောက်ပေါက် သွားတာနဲ့ တချို့ ကျတော့ ကံကောင်းလို့ ဇာတ် ကားတွေ ဆက် တိုက် ရိုက်ရ တယ်။ တချို့ကျတော့လည်း မရိုက်ရ တော့တာတွေရှိတယ်။ အဲဒီ လိုအခက် အခဲတွေ အများကြီး ရှိတယ်။ အခု နောက်ပိုင်း ဆိုရင် အမျိုး သမီးတွေက MTV ရိုက်ကူးမှုတွေ ဆီကနေ ထပ် ထွက်လာတယ်။ MTV ရိုက် ကူးမတွေ ကနေလက်ရာ ကောင်းတာတွေကြောင့် သရုပ်ဆောင်တွေရဲ့ ယုံကြည်မှုနဲ့ အတူဒီဒါရိုက်တာကို အပ်တာတွေ ရှိတယ်။ပြောရရင် အခုခေတ်မှသာ အမျိုးသမီး ဒါရိုက် တာတွေအတွက် အခွင့်အရေး ပိုများလာတယ်လို့ ထင်တယ်။ ဘာ ကြောင့်လဲဆိုတော့ MTV ကနေ တစ်ဆင့် သူတို့ရဲ့ လက်ရာတွေ ကိုပြခွင့်ရတယ်။ကိုယ် ပိုင်အွန်လိုင်းပေ့စ် တွေကနေ သူတို့ ရဲ့လက်ရာတွေကို ပြသ လို့ရ မယ်။ အစ်မတို့ ဖြတ်သန်းခဲ့တဲ့ ခေတ် က တော့ အခက်အခဲဆုံး ခေတ်ပါပဲ။ အခုလက်ရှိ အခြေအနေ ကတော့ ကိုယ့်အနုပညာ ဖန်တီးမှု အား ကောင်းရင် အမျိုးသားပဲဖြစ် ဖြစ် အမျိုးသမီး ပဲဖြစ်ဖြစ် လုပ်ခွင့်ရတဲ့ ခေတ်ဖြစ်နေပါပြီ။

မေး။ ။ရုပ်ရှင် ရိုက်ကွင်း ဆိုတာမျိုးက လူပေါင်းများစွာ နဲ့ အလုပ်လုပ်ကြ ရတာပါ။ အဲဒီ့လူများစွာထဲမှာမှ ယောက်ျားသားတွေနဲ့ အလုပ် လုပ်ရ တာ ပိုများပါတယ်။ အဲဒီ့အခါ မိန်းက လေး ဒါရိုက်တာတစ်ဦး အနေနဲ့က ယောက်ျားတွေကို ဦးဆောင်ပြီး လုပ်ရ မှာဖြစ်တော့ ဘယ်လိုအခက် အခဲတွေ ရှိနေနိုင်မလဲ။

ဖြေ။ ။အစ်မမြင်တာ ကတော့ ကိုယ့် အပေါ် မူတည်မယ် ထင်ပါတယ်။ အစ်မဆိုရင် အသက်၂ဝ ဝန်းကျင်လောက် ကတည်းက ရိုက်ကွင်းတွေ လိုက်တယ်။ ကိုယ်က ဒါရိုက်တာတ အားဖြစ်ချင်တာကိုး။ အဲဒီအခါ ကိုယ့်စိတ်ထဲမှာ ရိုက်ကွင်းမှာ ရှိတဲ့ စက်အဖွဲ့ သားတွေ ကော ကင်မ ရာမန်းတွေကော အကုန်လုံးကို ယောက်ျားတွေလို့ မမြင်ဘူး။ သူတို့ တွေက အနုပညာအလုပ် ကိုလုပ်နေ တဲ့ အနုပညာ ဖန်တီး တဲ့သူတွေပဲ။ ကိုယ့်စိတ်ထဲမှာ သူတို့က ရှိန်လည်း မရှိန်သလို စိမ်းလည်း မစိမ်းဘူး။ ကြောက်တာလည်း မရှိဘူး။ ကိုယ် သိ ချင်တာလည်း မေးတယ်။ သူတို့ ဘက်ကလည်း သူ သည် ဒါရိုက်တာ ဖြစ်ချင်လို့ ကြိုးစား နေတဲ့ အမြင်ဖြစ် သွားတယ်။ အဲဒီ့မှာ ကိုယ့်ကို အနု ပညာနဲ့ပတ်သက်တဲ့ လေးစားမှုရှိ သွားတဲ့အခါမှာအ လုပ်လုပ်ရတာ ပို ကောင်းလာ တယ်။ အစ်မဖြတ်သန်း ခဲ့တဲ့ ပုံစံကတော့ အမျိုးသမီး အမျိုး သားဆိုတာ မျိုးမရှိတော့ဘူး။

မေး။ ။ဒါရိုက်တာ ဆိုတာ ရိုက်ကွင်း ဘုရင် လို့ သတ်မှတ်ကြတယ်။ အဲ့ဒီ အပေါ်အစ်မရဲ့အမြင်ကိုသိချင်ပါ တယ်

ဖြေ။ ။ဒါရိုက်တာ ဆိုတာ ဆရာပါပဲ။ ရိုက်ကွင်း တစ်ခုလုံးရဲ့ ခေါင်းဆောင် တစ်ယောက်ပဲ။ ခေါင်းဆောင်ဖြစ် တဲ့ အတွက်ကြောင့် သမာ သမတ်ရှိရ မယ်။ ဇာတ်ကား ရိုက်ဖို့ သရုပ်ဆောင် တွေကို ရွေးချယ်လိုက်ပြီ ဆိုရင် ဒီ သရုပ်ဆောင်တွေကို ချစ်သည်ဖြစ်စေ မုန်း သည်ဖြစ်စေ သူရဲ့ကာရိုက်တာကို ကိုက်ညီအောင် အကောင်းဆုံးဖြစ် အောင် လုပ်ပေးရမယ်။ ရိုက်ရင်းမှ ဒီတစ်ယောက်ကို ကြည့်မရလို့ သူ့ အခန်းကို လျှော့လိုက်မယ် တို့ သူကို တော့ ငါဘာလုပ်လိုက်မယ်တို့ ဆို တာမျိုးလုပ်လို့မရဘူး။ နောင်မှ သာ နောက်ဇာတ်ကား မရိုက်ချင်နေ ပေါ့ နော်။ ကိုယ်ရိုက်ထားတဲ့ဇာတ် ကောင်ပေါ်မှာ သမာသမတ် ရှိရှိနဲ့ အကောင်းဆုံးဖန်တီးပေးဖို့လို တယ်။ ဒါမှလည်းအနုပညာ သမား ချင်းချင်း က ကိုယ့်ကိုလေးစား မှာလေ။ သူ့မှာ ချစ်ခြင်းမုန်းခြင်း မရှိဘူး။ သူဟာ ခေါင်းဆောင် ကောင်း တစ်ယောက် ပီသရမယ်။ ကိုယ်နဲ့လုပ် ဖော်ကိုင် ဖက်တွေက ကြီးသည်ဖြစ် စေမုန်း သည်ဖြစ်စေသူတို့တွေရဲ့ဆိုးခြင်း ကောင်းခြင်းအပြင် ဒီရိုက်ကွင်းနဲ့ ပတ် သက်တာတွေ အားလုံးက ကိုယ်နဲ့ ဆိုင်တယ်။ ဒီဇာတ်ကား တစ် ကားလုံးရဲ့ကောင်းခြင်း ဆိုးခြင်း ဟာ ဒါရိုက်တာနဲ့ပဲဆိုင်တယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here