မိဘမေတ္တာကို ဖော်ညွှန်းလိုက်တဲ့ အဆိုတော် ဘိုအောင်

0
208

Bo-Aung

တေးဆိုဘိုအောင်ရဲ့ TRAIT တေးစီးရီး မိတ်ဆက်ပွဲကို ဇူလိုင်လ ၁၅ ရက်နေ့က Orchid Hotel မှာ ကျင်းပခဲ့ပါတယ်။ အဆိုပါစီးရီးခွေမှာ သီချင်း ၁၁ပုဒ်ပါဝင်ပြီး ဘိုအောင် နဲ့အတူ ညီဖြစ်သူ ဝေလတို့က ရေးထားပါတယ်။ သီချင်းက  Rock ခု အမျိုးအစားတွေပဲ ဖြစ်ပါတယ်။ အခွေထုတ်ဖြစ်ပုံနဲ့ ပတ်သက်ပြီး တေးဆိုဘိုအောင်က..

“ဒီအခွေလေးကို လွန်ခဲ့တဲ့ ၃နှစ်လောက်ကစပြီး စီစဉ်ထား တယ်။ စီးရီး Title က ကျွန်တော့်ရဲ့  TRAIT နာမည်ပဲ ပေးဖြစ် တယ်။ ဒီစီးရီးခွေထဲမှာ မိဘမေတ္တာကို ဖော်ညွှန်းတဲ့ သီချင်းတွေ၊ ဒဿနဆန်တဲ့ သီချင်းတွေကို သီဆိုထားပါတယ်။ ဒီအခွေက ကျွန်တော့်ရှဲ့ ပထမဦး ဆုံးအခွေပါ။ DVD  ရိုက်ကူးဖို့ လည်း စီစဉ်ထားပါတယ်။ နောက်လည်း Group အခွေလေး စီစဉ်ထားတယ်”လို့ ဆိုပါတယ်။ TRAIT Audio/CD အခွေကို ဇူလိုင်လ ၁၅ ရက်နေ့က Bo Bo Music Production မှ ထုတ်လုပ် ဖြန့်ချိပြီးဖြစ်ပါတယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here