ဗီဒီယို ဇာတ်ကားတွေနဲ့ ရပ်တည်ခွင့်ရနေခြင်းအကြောင်း ညီထွဋ်ခေါင်ပြော

0
313

Nyi-Htut-Khung

ညီထွဋ်ခေါင်က ‘New Version’ ရုပ်ရှင်ဇာတ်ကားကြီးကို မင်းဦး၊ မင်းမော်ကွန်း၊ ရွှေသမီး၊ နန်းမြတ်ဖြိုးသင်းတို့နဲ့အတူ ပါဝင် ရိုက်ကူးနေပါတယ်။ ဟာသဇာတ်ကားတွေ ရိုက်ကူးလာရတဲ့ သရုပ် ဆောင်ညီထွဋ်ခေါင်က ဒရာမာနဲ့ ဟာသ ကာရိုက်တာ ကွာခြားချက်ကို ..

“ကျွန်တော်တစ်ယောက်တည်းအနေနဲ့ ဟာသသရုပ်ဆောင် တာက ကျွန်တော့်အတွက် ပိုခက်တယ်။ ကျွန်တော့်ပရိသတ် ကလည်း အစုံရှိတယ်။ ဈေးကွက် အနေအထားကလည်း ဟာသကို ပိုလက်ခံလာ တယ်။ ရိုက်ကူးတာက တော့ ကျွန်တော်မျှပြီး ရိုက်ကူးဖြစ် တယ်။ ဒရာမာလည်း ရိုက်ရပါတယ်။ သို့သော် ဟာသ ဇာတ်ကား ရိုက်ကူး ရတဲ့အခါမှာ ပိုပင်ပန်းတယ်။ ပိုခက် ခဲတယ်။ ဘာလို့ဆို ကျွန်တော် ဟာသဥာဏ်လည်း မရှိ ဘူး။ အေးအေးဆေးဆေး နေတတ်တဲ့ လူမျိုးထဲမှာပါတော့ တအားအားစိုက်ရတယ်။ ဟာသဆိုရင် ၂ဆ ပိုပင်ပန်း တယ်။ လူတစ်ယောက်ကို ရယ်အောင်လုပ်ဖို့က မလွယ် ဘူးလေ။ ကိုယ်လုပ်လိုက်တာက မရယ်ရဘူး၊အဆင် မပြေဘူးဆိုရင်လုပ်ယူသလိုဖြစ်နေတယ်”လို့ ပြောပါတယ်။

တချို့အနုပညာရှင်တွေက ဗီဒီယိုဈေးကွက် ကျဉ်း လာလို့ မရိုက်ကူးဖြစ်တဲ့သူတွေ ရှိသလို၊ သရုပ် ဆောင် ညီထွဋ်ခေါင်က သူဗီဒီယို ရိုက်နေတဲ့ အကြောင်းကိုတော့ ……………………

“ဗီဒီယိုဈေးကွက်ကတော့ ကျဉ်းလာတယ်။ ပျက်သ လောက်နီးပါးကို ဖြစ်နေပြီ။ ဒါပေမဲ့ ကျွန်တော်ဘယ် လိုကြောင့် ရပ်တည်ခွင့်ရနေသလဲဆိုတော့ ကျွန်တော် ‘အောင်သူရိယ’ ဗီဒီယိုထုတ်လုပ်ရေးနဲ့ စာချုပ်ရှိထား တယ်။ တိုက်ပိုင်စာချုပ် မင်းသားဖြစ်နေတဲ့အတွက် ရိုက်လို့ရနေသေးတာပေါ့။ ကျွန်တော်က မင်းသားကြေး လည်း အရမ်းမများတော့ ကျွန်တော့်ကိုပေးတဲ့ အနုပညာ ကြေးနဲ့ တစ်ကားရိုက်ကူးတဲ့ ကုန်ကျစရိတ်က လည်ပတ် လို့ရတဲ့ အနေအထားလေး ရှိနေသေးတယ်လို့ ကျွန် တော်ထင်တယ်”လို့ ဆိုပါတယ်။
‘နေမဝင်နှလုံးသားများ’ ဇာတ်လမ်းတွဲမှာလည်း ပရိသတ်အားပေးတဲ့အတွက် ကျေနပ်နေတဲ့ သရုပ် ဆောင်ညီထွဋ်ခေါင်က ၈လပိုင်းရောက်ရင်လည်း အနု ပညာရှင်တွေရဲ့ မျိုးဆက်တွေနဲ့ ရိုက်ထားတဲ့ ‘ဆယ်လီ’ ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ဖို့ရှိပြီး ၉လပိုင်း ရောက်ရင် လည်း ‘တော်တော်မြင်နေလား’ ရုပ်ရှင်ကားကြီး ရုံတင် ဖို့ရှိတယ်လို့ ပြောပါ တယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here