ငွေကျပ် ၁ဝဘီလီယံတန်ဖိုးရှိ နိုင်ငံ့ဝန်ထမ်းအိမ်ရာနှင့် အငှားအိမ်ရာ စီမံကိန်းကို မန္တလေးမြို့တွင် တည်ဆောက်မည်

0
286

3

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ မဲကင်းကုန်းကျေးရွာ အနီးအနားမှာ အကောင်ထည်ဖော် တည်ဆောက်မယ့် အောင်မြေမန္တလာ နိုင်ငံဝန်ထမ်း အိမ်ရာနှင့် အငှားအိမ်ရာ စီမံကိန်း ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ဇူလိုင်လ ၂၆ရက်နေ့၊ နံနက် ၉ နာရီက ကျင်းပရာ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်၍ မြန်မာဓလေ့ထုံးတမ်းအစဉ် အလာနှင့်အညီ ပန္နက်တော် တင်ပေးခဲ့ပါတယ်။

အဆိုပါစီမံကိန်းအတွက် နိုင်ငံတော်မှ ငွေကျပ် ၁ဝဘီလီယံ မတည်ပေးထားတာဖြစ်သလို၊ စီမံကိန်း ဧရိယာ မှာ ၃၃.၂၂ ဧကရှိပြီး စုစုပေါင်း အခန်း ၁၆၄ဝ ပါဝင်ပြီး၊ ရဲစ ခန်း၊ မီးသတ်စခန်း၊ အခြေခံပညာ အလယ်တန်း ကျောင်း၊ ဆေးပေးခန်း၊ ပန်းခြံ၊ အားကစားကွင်း၊ ဓမ္မာရုံ၊ ဈေးဆိုင်ခန်းများ၊ ရေပေးဝေရေး ရေကန်၊ အုပ်ချုပ်မှု ဆိုင်ရာ အဆောက်အအုံများ ပါဝင်တယ်လို့ သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here