Wednesday, March 26, 2025

လာမည့်နှစ်ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပြီးစီးရန်လိုဟု နစက...

မြန်မာနိုင်ငံ၌ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား အောင်မြင်စွာကျင်းပနိုင်ရေးနှင့်ပတ်သက်၍ ယနေ့ မတ် ၂၅ ရက်နံနက်ပိုင်းက နေပြည်တော်၌ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးတွင် နစက ဥက္ကဋ္ဌ၊...

မြန်မာနိုင်ငံမှ မတ်ပဲအား လွတ်လပ်စွာတင်သွင်း ခွင့်ပြုသည့်ကာလ...

အိန္ဒိယသို့ မတ်ပဲလွတ်လပ်စွာ တင်သွင်းခွင့်ကို တစ်နှစ်ထပ်မံမြန်မာနိုင်ငံမှ မတ်ပဲအား လွတ်လပ်စွာတင်သွင်း ခွင့်ပြုသည့်ကာလကို အိန္ဒိယနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၊ အိန္ဒိယကူးသန်းရောင်း ဝယ်ရေးဌာနမှ တစ်နှစ်ထပ်မံတိုးမြင့်လိုက်ကြောင်း သိရသည်။ မြန်မာနိုင်ငံမှ...

Apple ကတရုတ်အတွက် သန့်ရှင်းသောစွမ်းအင်ရန်ပုံငွေ အသစ်ကိုကြေငြာ

ပေကျင်း၊မတ် ၂၄ တရုတ်နိုင်ငံ၌ သန့်ရှင်းသောစွမ်းအင်ရရေးအတွက်ရန်ပုံငွေသစ်တစ်ခုစတင်ထူ‌ထောင်ရန် အမေရိကန်နည်းပညာကုမ္ပဏီ Apple က ယွမ်သန်း ၇၂၀ (အမေရိကန်ဒေါ်လာ ၁၀၀ ဒသမ ၃၁ သန်းခန့်)...

ကမ္ဘာ့အဆင့်သတ်မှတ်ချက်(၁၁)ဆင့်ကွာခြားနေသည့် အာဖဂန်နစ္စတန်အသင်းကို မြန်မာအသင်း အနိုင်ရ

ကမ္ဘာ့အဆင့်သတ်မှတ်ချက်(၁၁)ဆင့်ကွာခြားနေသည့် အာဖဂန်နစ္စတန်အသင်းကို မြန်မာအသင်း (၂)ဂိုး (၁)ဂိုးဖြင့်အနိုင်ရလဒ်ထွက်ပေါ်ခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၀၂၇ အာရှဖလားခြေစစ်ပွဲ တတိယအဆင့်အုပ်စု(င) ပွဲစဉ်ကို ယနေ့ မတ်လ...
HomeNewsLocal NewsH1N1 ကူးစက်ရောဂါ ပြည်သူတို့ရဲ့...

H1N1 ကူးစက်ရောဂါ ပြည်သူတို့ရဲ့ စကားသံ

Untitled-1

H1N1 ကူးစက်ရောဂါနဲ့ ပတ်သက်ပြီးနောက်ဆုံးတွေ့ ရှိထားတဲ့ အချက်အလက်များအရ တစ်နိုင်ငံလုံးမှာ H1N1 ရောဂါပိုးတွေ့ ရှိထားသူ (၃ဝ) ဦးရှိပြီး (၆) ဦးသေဆုံးပြီးဖြစ်တယ်လို့ ပြည်သူ့  ကျန်းမာရေးဦးစီးဌာနက ဇူလိုင်လ၂၇ရက်နေ့ ညနေမှာ ထုတ်ပြန်လိုက်ပါတယ်။ဒါကြောင့် H1N1 ကူးစက်ရောဂါနဲ့ ကူးစက်ခံရမှုမှ ကင်းဝေးစေရေးနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုး ကာကွယ် ထားသင့် တယ်ဆိုတာတွေကို ပြည်သူတွေရဲ့ အသံများ မေးမြန်း ကာဖော်ပြပေးလိုက်ရပါ တယ်။

 

ကိုအောင်ကိုဦး (မြောက်ဒဂုံ)
H1N1 ရောဂါ ကူးစက်မှု အ တွက် ပထမဆုံးက တာဝန်ရှိသူတွေ အနေနဲ့ အတတ်နိုင်ဆုံး မီဒီယာ ပေါင်းစုံကနေ အမြန်အသိပေး သင့်ပါတယ်။ စဉ်ဆက်မပြတ်နဲ့ Updated လည်း ဖြစ်စေသင့် ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သတင်းအမှားတွေက ရောယောင်ပြီး လူတွေကို စိတ်ရှုပ်ထွေးစေပြီး အထိတ်တလန့် ဖြစ်စေတယ်လေ။ သက်ဆိုင်ရာ ကျန်းမာရေးဌာနက ကာကွယ်ဖို့ လိုအပ်ချက်တွေ ထုတ် ပြန်ရေးသားတဲ့ ကိစ္စတွေမှာ ပိုပြီး ထောင့်စေ့စေ့လေး ဖြစ်စေချင်တယ်။ တစ်ခါသုံး Face Mask အပါး လေးတွေလောက်နဲ့ H1N1 ရောဂါ ကူးစက်မှုကိုမကာကွယ်နိုင်ဘူးဆို တာ လူမှုကွန်ရက်ပေါ်မှာ နားလည် သူတွေပြောမှ၊ ရေးမှသာ ကျွန်တော် တို့သိရတာပါ။ တကယ်တမ်းကျ တော့ H1N1 လူနာတွေရဲ့ ပတ်ဝန်း ကျင်မှာ ကုသ ပေးနေတဲ့ ကျန်းမာ ရေးဝန်ထမ်းတွေမှာကော လုံလောက် တဲ့ ကာကွယ်မှုတွေရှိရဲ့လား။ သူတို့ က အန္တရာယ်ဇုန်မှာ အနီးကပ် ပြုစု နေရတာမို့ ကျွန်တော်တို့ထက် ဖြစ် နိုင်ခြေ ပိုများမယ်ထင်တယ်။ H1N1 ရယ်မှမဟုတ်ပါဘူး။ ကူးစက်နိုင် တဲ့ရောဂါတွေဖြစ်ပွားလာရင် ကာ ကွယ်ရေးပစ္စည်းတွေ လူတိုင်း လက်လှမ်းမီမီ ဝယ်ယူနိုင်၊ ရနိုင်ရင် အဆင်ပြေတာပေါ့ဗျာ။

 

ကိုဆန်းထွန်း (တာမွေ)
ကျွန်တော်ကတော့ သွားရင် အမြဲတမ်းနှာခေါင်းစည်း သုံးဖြစ် တယ်။ လေနဲ့ဖြစ်တဲ့ အရာဝတ္တုဆို တော့ အခန့်မသင့်ရင် ဖြစ်မှာစိုးလို့ ပေါ့။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်လိုက် တာပေါ့။ဘယ်နေရာသွားသွား သတိ လေးတော့ထားပြီးသွားရမယ်။ မဖြစ်ဘူး ဖြစ်မယ်ဆိုတာ ကိုယ်လည်း မသိနိုင်ဘူး။ မသိနိုင်တဲ့အတွက် လောလောဆယ် ကာကွယ်ရမယ့် တာဝန်လေးတော့ရှိတယ်လို့ ထင် တယ်လေ။ နေပူတာလည်း မမှန် သလို မိုးရွာတာလည်း မမှန်ဘူး။ အဲဒီ ကြားထဲဒီလိုရောဂါ တစ်ခု က ထပ်ပေါ်လာတယ်ဆိုတော့ ကိုယ့် ကိုယ်ကိုယ်ပိုပြီး ဆင်ခြင်ရမယ် လို့ တော့ထင်တာပဲ။ ကိုယ်က မဆင် ခြင်နိုင်ဘူးဆိုရင် ဖြစ်တတ်တာပေါ့။

 

ကိုကျော်သူရ (ပျဉ်းမနား)
ပထမဆုံး page တစ်ခုက သတင်းတက်လာတယ်။ အဲဒါနဲ့ စောင့်ကြည့်တယ်။ ပြီးတော့ ကျန်း မာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ သတင်းတက်လာတယ်။ဒါပေမဲ့ ရက်စွဲမပါ။ လက်မှတ် ထိုးထားတာမပါဘူး။ အပြည့်အဝ မယုံသေးဘူး။ အဲဒါနဲ့တီဗီနဲ့ရေဒီယို သတင်း ကိုစောင့်တယ်။ အဲဒီမှာ တက်လာတော့မှ အပြည့်အဝယုံ တယ်။ အဲဒီအချိန်ကစပြီး ကိုယ့်ပတ် ဝန်းကျင်ကလူတွေကိုသတင်း အမှန် ဖြစ်ကြောင်းပြောတယ်။ ပြီးတော့ ပထမဆုံး အများသုံးတဲ့ ပစ္စည်းတွေ ကို ကိုင် တွယ်ပြီးရင် လက်ကိုသေချာ ဆပ်ပြာနဲ့ဆေးတယ်။ပြီးတော့ ချင်းနဲ့ ထန်းလျက်ပြုတ်ရည် သောက်တယ်။ မိမိအိမ်ကလူတွေနဲ့ ကလေးကို လူစည်ကားရာတွေကို မသွားစေဘူး။ နွေးနွေးထွေးထွေးနဲ့ ကျန်းမာ အောင်နေပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071