H1N1အတွက် Super Red ကနေ Mask Campaign ပြုလုပ်ပေးလိုက်တဲ့ နီနီခင်ဇော်

0
177

Ni-Ni-Khin-Zaw

လက်ရှိအချိန်မှာ H1N1 ရောဂါပိုးကြောင့် မြန်မာနိုင်ငံအတွင်းရှိ ပြည်သူလူထုတွေ စိုးရိမ်တကြီး ဖြစ်နေကြရပါတယ်။ H1N1 နဲ့ ပတ် သက်လို့ ပညာပေးအစီ အစဉ်တွေကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ပြုလုပ်နေကြသလို နီနီခင်ဇော်တို့ Super Red အဖွဲ့ကလည်း ပရိသတ် တွေ ရောဂါအန္တရာယ် ကင်းဝေးစေဖို့ Mask Campaign ပြုလုပ်နေကြ ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး နီနီခင်ဇော်က…

“H1N1 အတွက်အားလုံးစိုး ရိမ်နေကြမယ်ထင်ပါတယ်။ Prevention is better than cure ဆိုတဲ့စကားလေးနှဲ့Super Red ကနေ နီနီတတ်နိုင်တာလေး Awarenessလုပ်ပေးပါရစေ။ တကယ်တော့ N95 Mask ကတော့ ပိုကောင်းပါလိမ့်မယ်။ အခုလူထူ ထပ်တဲ့နေရာလေးတွေ၊ Junction City  လိုနေရာလေးတွေမှာ Super Red Team များက Mask Campaign လုပ်ပေးနေခြင်းဖြစ်ပါတယ်”လို့ ပြောပါတယ်။

မကြာမီထွက်ရှိတော့မယ့် Super Redအသစ်တွေနဲ့ ပတ်သက်ပြီး လည်း နီနီခင်ဇော်က “Super Red” က သြဂုတ်လ ၅ရက်နေ့ Junction City  မှာ စပြီးတော့ Launch လုပ်ပါမယ်။ Preorder သမားတွေကိုတော့ ၂၇ရက်နေ့ကနေစပြီးတော့ လက်ခံနေပြီပေါ့နော်။ သြဂုတ်လ ၅ရက်နေ့၊ Junction City မှာ သူငယ်ချင်းတွေနဲ့ရော၊ ပရိသတ်တွေနဲ့ရော အားလုံး ပေါင်းပြီးတော့ Launch လုပ်ပါမယ်”လို့ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here