ရွှေခါးပတ် ချန်ပီယံလုပွဲကြီးရဲ့ အထူးစိန်ခေါ်ပွဲမှာ အနိုင်ရခဲ့တဲ့ ရဲသွေးနီ (တောင်ကလေး)

0
191

klll

ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်မှ ကြီးမှူး ပြီး  H & S Group  နဲ့ Letwei Nation Group  တို့မှ တာဝန်ယူကျင်းပတဲ့ ရွှေခါးပတ် ချန်ပီယံ ဗိုလ်လုပွဲကြီး ၂ဝ၁၇ ကိုတော့ ဇူလိုင် ၂၃ ရက်နေ့က ရန်ကုန်မြို့ သိမ်ဖြူအား ကစားရုံကြီးမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါ လက်ဝှေ့ပြိုင်ပွဲကြီးမှာတော့ ၅၁ ကီလိုတန်း၊ ၅၄ ကီလိုတန်း၊ ၅၇ ကီလိုတန်း၊ ၆၇ ကီလိုတန်းနဲ့ ၇၁ ကီလိုတန်း တွေရဲ့ ဆီမီးဖိုင်နယ် ပွဲစဉ်တွေကို စတင်ယှဉ်ပြိုင် ခဲ့ကြပါတယ်။ အမှတ်ပေးစနစ်နဲ့ ကျင်းပတဲ့ အဆိုပါ ပြိုင်ပွဲဝင်များ အကြိတ်အနယ် ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြပြီး ပရိသတ်အားပေးမှု မြင့်တက်ခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ပရိသတ်များ မျှော်လင့်နေကြတဲ့ ရဲသွေးနီ (တောင်ကလေး) နဲ့ ကရင်လေး(ခ) ဖဒါ့ဝယ် (ဖီးနစ်)တို့ရဲ့ အထူးစိန်ခေါ်ပွဲကို စတင်ယှဉ်ပြိုင် ထိုးသတ် ခဲ့ကြပါတယ်။ လက်သီးထိုးချက်အားပြင်းတဲ့ ပြိုင်ဘက်နှစ်ဦး ပွဲစဉ်မှာတော့ ပထမအချီ ၂ မိနစ်မှာပဲ ရဲသွေးနီရဲ့ လက်သီးထိုးချက်ကြောင့် ကရင်လေး(ခ)ဖဒါ့ဝယ် အနားတောင်းခဲ့ရ ပါတယ်။
အဲဒီနောက် ဆက်လက်ယှဉ်ပြိုင် ထိုး သတ်ခဲ့ကြရာ ၂ မိနစ် ၄ဝ စက္ကန့် အရောက်မှာ တော့ ရဲသွေးနီ (တောင်ကလေး)က ကရင် လေး(ခ)ဖဒါ့ဝယ်ကို အလဲထိုးကာ အနိုင်ရရှိခဲ့ ပါတယ်။
မျိုးကျော်(ကနောင်သွေး)


LEAVE A REPLY

Please enter your comment!
Please enter your name here