မတူညီတဲ့ အရသာနဲ့ အကြောင်းအရာပေါင်းစုံကို ပရိသတ်တွေက တစ်စုတစ်စည်းတည်း ခံစားရမယ် အဆိုတော် D Sky

0
342

D-SKY

တစ်ကိုယ်တော်အခွေ အတွက် တစ်နှစ်ခွဲကျော်ကြာ ပြင်ဆင်ထားတဲ့ အဆိုတော် D Sky က သူ့ရဲ့ပထမ ဆုံး တစ်ကိုယ်တော်စီးရီးခွေ’သူရဲ ကောင်းပုံပြင်’ကို ထွက်ရှိတော့မှာ ပါ။ Melody ပိုင်းကို ပိုင်နိုင်စွာ သီဆိုတတ်တဲ့ D Sky က သူ့အခွေနဲ့ ပတ်သက်ပြီး……………..

“ဒီသူရဲကောင်းပုံပြင် စီးရီး ခွေက သြဂုတ်လ ၄ရက်နေ့ဆိုရင်  BoBo Music Production ကနေ တစ်နိုင်ငံလုံးကို ဖြန့်ချိမှာပါ။ ဒီအ ခွေထဲမှာ သီချင်း ၁၁ပုဒ် ပါပါတယ်။ အဲဒီ ၁၁ပုဒ်ထဲမှာဆိုရင် မတူညီတဲ့ အကြောင်းအရာပေါင်းစုံရယ်၊ မတူညီတဲ့ပရိသတ်တွေ နားဆင်လို့ ရအောင် ကျွန်တော်က ဖန်တီးထား ပါတယ်။ ဖီးချားရင်းပိုင်းဆိုရင်တော့ Yummy Rokie၊ i beat၊ Ice Cold တို့ပါဝင်ပါတယ်။ တစ်နှစ်ခွဲ လောက်ကို သေသေချာချာလေးအချိန်ယူပြီး ပြင်ဆင်ခဲ့ရပါတယ်။အခွေထဲမှာPop၊R&B၊Country၊EDM၊HipHop ပုံစံလေးတွေပါဝင်ပါတယ်။ အဲဒီအတွက်ကြောင့်မို့လို့ သီချင်း တစ်ပုဒ်စီရဲ့ မတူညီတဲ့ အရသာနဲ့ အကြောင်းအရာပေါင်းစုံကို ပရိ သတ်တွေက တစ်စုတစ်စည်း တည်း ခံစားရမှာဖြစ်ပါတယ်”လို့ ပြောပါ တယ်။

ဆက်လက်ပြီး D Sky က အခွေထွက်ရှိမယ့်နေ့မှာ ပရိသတ်နဲ့ တွေ့ဆုံမယ်ဆိုတဲ့ အကြောင်းကို လည်း…
“ဒီအခွေကို ထွက်ထွက်ချင်းနေ့ သြဂုတ်လ ၄ရက်နေ့မှာပဲ ညနေ ၅ နာရီကနေ ၈နာရီအထိကို  လှည်း တန်းစင်တာက Promotion Indoor Area မှာ ကျွန်တော်တို့ သီချင်းတွေ ဆိုကြမယ်။ တခြားအစီအစဉ်လေး တွေလည်းရှိပါတယ်။ အဲဒါကြောင့်မို့ လို့ သီချင်းတွေဆိုရင်းနဲ့ လက်မှတ် ထိုးပွဲကို လာရောက်ခဲ့ကြဖို့ ဖိတ်ခေါ် ချင်ပါတယ်” လို့ပြောပြ ခဲ့ပါတယ်။

 မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here