သရုပ်ဆောင် ဒါရိုက်တာတို့ ပြောတဲ့ ဒါရိုက်တာ အခန်းကဏ္ဍအကြောင်း

0
166

actor_directorမြန်မာ့ရုပ်ရှင် လောကမှာ ဒါရိုက်တာကို ရိုက်ကွင်း ဘုရင်လို့ ဆိုကြပါတယ်။ ရုပ်ရှင် ဇာတ်ကား တစ်ကားမှာပဲ ဖြစ်ဖြစ်၊ ဗီဒီယို ဇာတ်ကား တစ်ကား မှာပဲ ဖြစ်ဖြစ် ဇာတ်ကား တစ်ကားလုံး ဇာတ်လမ်း ပညာ အနှစ်သာရပြည့်ရေး အတွက် တာဝန်ခံ တာဝန် ယူရတာက ဒါရိုက်တာ အပိုင်းပဲ ဖြစ်ပါတယ်။ ဒါရိုက်တာကောင်း တစ်ယောက်မှာ အတတ်ပညာ၊ အသိပညာ၊ ရသပညာ၊ အနုပညာဗီဇတို့ အားကောင်းစွာ ပေါင်းစုတည်ရှိနေပါက အနုပညာမှော်ဝင်တဲ့ ဇာတ်ကား ကောင်းကို ဖန်တီးပုံဖော် နိုင်စေပါတယ်။ အခုဆိုရင် ဒါရိုက်တာ အဖြစ်နဲ့ ရုပ်ရှင်ဇာတ်ကား များ ကို သရုပ်ဆောင် မင်းသားများက ရိုက်ကူးနေကြပြီ ဖြစ်ရာ ဒါရိုက်တာရဲ့ အခန်းကဏ္ဍ အပေါ် သူတို့ရဲ့ ကိုယ်တိုင် တွေ့ကြုံ ထင်မြင်ယူဆချက် စကားသံ များ စုစည်း ဖော်ပြလိုက်ပါတယ်။

ဒိန်းဒေါင်

ကျွန်တော်က ဖန်တီးမှုကို အရမ်းဝါသနာပါတယ်။ ဒါရိုက်တာ လုပ်တယ် ဆိုတာကလည်း ဝါသနာ အရင်းခံပါ။ ဒါရိုက်တာ တစ်ယောက် ရဲ့ တတ်အပ်တဲ့ ပညာရပ်တွေကို ဆယ်ပုံမှာ တစ်ပုံလောက်တောင် မတတ်ပါဘူး။ ဒါပေမဲ့ ဟာသနဲ့ ပတ်သက်လို့ ကိုယ့်ရဲ့ဖန်တီး မှုလေး တွေ၊ စိတ်ကူး ပုံဖော်မှုလေးတွေ၊ ပြီးတော့ သူများကို လုပ်ပေးချင်တဲ့ စိတ်ကြောင့် ဒါရိုက်တာ လုပ်ဖြစ်သွား တာပါ။ အခု ရုပ်ရှင် ဇာတ်ကားကြီး ၂ကားလည်း  ဒါရိုက်တာ အဖြစ် ရိုက်ကူးထားတယ်။ ဇာတ်လမ်း တွဲလည်း ရိုက်ကူးထားတယ်။ ဗီဒီယို ဇာတ်ကားတွေလည်း ဒါရိုက်တာ အဖြစ် ရိုက်ကူးထားတယ်။ အဓိက ကတော့ ထင်ပေါ်ကျော်ကြားချင်တဲ့ စိတ်နဲ့ ဒါရိုက်တာ လုပ်တာ မဟုတ် ဘူး။ ကျွန်တော်က သူများကို ပုံဖော် ပေးချင်တဲ့စိတ်ကြောင့် လုပ်ဖြစ်သွား တာပါ။ ကျွန်တော်တို့ မှာ ဘာအခက် အခဲရှိလဲ ဆိုတော့ တစ်ခါတလေ သူများကို အာရုံ ရောက်သွားတတ် တယ်။ ကိုယ့်အိုက်တင် ကိုယ်မလုပ် နိုင်ဘူး။ အဲဒီလိုမျိုး ဖြစ်တတ်ပါတယ်။

ဖြိုးငွေစိုး

ကျွန်တော့် ထုတ်လုပ်ရေးက ရိုက်ကူးတဲ့ ဗီဒီယို ဇာတ်ကားတွေကို ကိုယ်တိုင် ဒါရိုက်တာ လုပ်ပြီး ရိုက်ကူးတာပါ။ ဒါရိုက်တာ ဆိုတာက ဇာတ်ကားတစ်ကားလုံးအတွက် အရမ်းတာဝန်ကြီးပါတယ်။ ကျွန် တော်က သရုပ်ဆောင် တစ်ယောက် ဆိုတော့ ဒါရိုက်တာ လုပ်ရတာ အခက်အခဲတွေတော့ ရှိပါ တယ်။ ဒါပေမဲ့ အကောင်းဆုံး ဖြစ်အောင် ကြိုးစားပြီး ရိုက်ကူးပါတယ်။

ဟိန်းဝေယံ

ကျွန်တော် “မာယာကကြိုး” ဇာတ်ကားမှာ ဒါရိုက်တာအဖြစ် ရိုက်ကူးဖြစ်ခဲ့တာက ကျွန်တော်ကိုယ် တိုင်ရေးထားတဲ့ ဇာတ်လမ်းကို ကြိုက်နှစ်သက်တဲ့အတွက် ဒါရိုက်တာ လုပ်ဖြစ်သွားတာပါ။ ဒါရိုက်တာ လုပ်ရတာ တာဝန်လည်း ပိုကြီးပါ တယ်။ တော်တော် များများလည်း လေ့လာထားရတယ်။ ဇာတ်ကား တစ်ကားလုံး ကောင်းဖို့အတွက်က ဒါရိုက်တာမှာ တာဝန်ရှိတဲ့ အတွက် အရမ်း တာဝန်ကြီးပါတယ်။ ပြီးတော့ ဒီလိုင်းက ကျွန်တော် လုပ်ကိုင်နေကျ လိုင်းမဟုတ်ဘူး။ အဲဒီအတွက် ကြောင့် ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားပြီး ရိုက်ကူးခဲ့ပါတယ်။ အရမ်းလည်း ပင်ပန်းပါတယ်။ ဒါရိုက်တာတွေ ဆီကလည်း ကျွန် တော်ဇာတ်ကား ရိုက်ကူးတိုင်း လေ့ လာဖြစ်ပါတယ်။ အကုန်လုံးဆီက ပညာယူပါတယ်။ ဒါရိုက်တာ လုပ်ရ တာ အရမ်းတာဝန်ကြီးပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here