သရုပ်ဆောင်မိုးယုစံက သားဦးလေးရဲ့အချင်းနဲ့သွေးကို စင်ကာပူနိုင်ငံ အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Cordlife ကုမ္ပဏီမှာ သိမ်းဆည်းထား မှာဖြစ်ကြောင်း သိရပါတယ်။ ကလေးအချင်းသိမ်းဆည်းထားဖြစ်ပုံနဲ့ ပတ် သက်ပြီး မိုးယုစံက”မိုးယုကလေးမွေးရင် ပင်မဆဲလ်ကို သိမ်းဆည်းဖြစ်မှာပါ။ အမှန်အတိုင်းပြောရရင် မိုးယုတော့ မသိဘူး။ ဒါပေမဲ့ အမျိုးသားက သူ လေ့လာထားတယ်။ သူသိတယ်။ ကိုယ်ဝန်ရှိတဲ့အခါမှာလည်း ကုမ္ပဏီက လာရှင်းပြတဲ့အခါမှာ ပိုသိသွားတယ်။ ပိုနားလည်သွားတဲ့အခါမှာ အမျိုးသား ကလည်း သိမ်းဆိုတာနဲ့ သိမ်းဆည်းဖြစ်သွားတာပါ။ အမှန်အတိုင်းပြောရလို့ ရှိရင် Brand Ambassador ထက်စာရင် ကုမ္ပဏီကသူတွေနဲ့ မိတ်ဆွေလို၊ မိသားစုလို လုပ်ဖြစ်သွားတာပါ”လို့ ပြောပါတယ်။
မိုးယုစံတို့ ဇနီးမောင်နှံက သြဂုတ်လ ၂၃ ရက်နေ့၊ ဗုဒ္ဓဟူးနေ့မှာ မွေးဖွား ဖို့ စီစဉ်ထားကြောင်းလည်း သိရပါတယ်။ ခင်ပွန်းဖြစ်သူရဲ့ မွေးရက်နေ့ ဖြစ်တဲ့ ဗုဒ္ဓဟူးနေ့မှာ မွေးဖွားမယ့်အကြောင်းကို မိုးယုစံက “မိုးယုအမျိုးသားက နေ့နံနဲ့ ဒိတ်နဲ့ အချိန်တောင် ရွေးထားပါတယ်။ မိုးယုတို့လင်မယားရဲ့ ကံနဲ့ သူ့ကိုထပ် ပြီးကြည့်တာ ဗုဒ္ဓဟူးသားလေးပေါ့။ ဗုဒ္ဓဟူးသားက တော်မယ်၊ တတ်မယ်၊ မိဘကိုစောင့်ရှောက်မယ်လို့ ထင်လို့ပါ။ မိုးယုအမျိုးသားက ဗုဒ္ဓဟူးဆိုတော့ပိုပြီးအမှတ်တရဖြစ်သွားပါတယ်”လို့ ပြောပါတယ်။
အခုလတ်တလောမှာတော့ ကြော်ငြာရိုက်ကူးမှုတွေ လက်ခံရိုက်ကူးဖြစ် နေတဲ့ မိုးယုစံက… “အခုလောလောဆယ်မှာတော့ ကြော်ငြာတွေပဲ ရိုက်ကူး ဖြစ်နေတာပါ။ ဇာတ်ကားရိုက်ဖို့ကျတော့ အခု ကိုယ်ဝန်လည်းရှိနေတော့ သိပ်အဆင်မပြေဘူး။ ကိုယ်လည်း ပြောင်းလဲလာတာဆိုတော့ အဲဒီလို လည်းမရိုက်ချင်ဘူး။ ဓာတ်ပုံလောက်ပဲ ရိုက်ဖြစ်တယ်။ အဓိက ကတော့ အမှတ်တရအနေနဲ့ ရိုက်ဖြစ်တာပါ။ ကလေးမွေးပြီးရင်တော့ ကြော်ငြာရိုက်ပါတော့ လို့ကမ်းလှမ်းထားတာရှိပါတယ်။ ပြီးရင် နောက် ပိုင်း အနုပညာအလုပ် လုပ်ဖြစ်ဖို့ မသေချာသေးပါဘူး”လို့ ပြော ပါတယ်။
တွယ်တာ