မင်္ဂလာဆောင်ပြီးတာ နဲ့ ကလေးယူဖို့ အစီအစဉ်ရှိတဲ့ ဟန်လင်းနဲ့ မေဦးတို့ စုံတွဲ

0
310

May-Oo-1-(2)

Makeup Artist မေဦးနဲ့ ဟန်လင်းတို့ရဲ့ ချစ်သူသက်တမ်းက တော့ တစ်နှစ်ဆိုတဲ့အချိန်အတိုင်းအတာကို ကျော်လွန်လာခဲ့ပြီဖြစ်ပါ တယ်။ ဒီအချိန်အတောအတွင်းမှာ ချစ်သူနှစ်ဦးကို လက်ခံတဲ့သူတွေ ရှိသလို၊ ဝေဖန်ကြတဲ့သူတွေလည်း ရှိကြပါတယ်။ ဒီလိုဝေဖန်မှုတွေကြား ထဲက သူတို့နှစ်ဦးရဲ့ ရှေ့ဆက်သွားမယ့် အနာဂတ်အစီအစဉ်တွေလည်း များစွာပြင်ဆင်ထားတယ်လို့ သိရပါတယ်။ လူတွေရဲ့ အမြင်မှာ ချစ်သူနှစ်ဦးကို လက်ခံကြတဲ့အချိန်မှာပဲ မင်္ဂလာပွဲကျင်းပပြီး နောက် ပိုင်း ကလေးယူဖို့အထိ အစီအစဉ်လေးတွေရှိတယ်လို့ မေဦးက ဆိုပါတယ်။

“အရင်ဆုံးတော့ မေဦးက မေဦးတို့လို လူမျိုး တွေကို လက်မခံတဲ့သူတွေ ရှိတဲ့အတွက်လက်ခံ လာအောင် နှစ်ယောက်စလုံး ကြိုးစားကြ မယ်။ နောက်ပိုင်းမင်္ဂလာဆောင်မယ်။ မင်္ဂလာဆောင်ပြီးရင်တော့ တစ်ခါ တည်း ကလေးတန်းယူဖို့ ရှိပါတယ်။ ဘာလို့လဲဆို တော့ မေဦးတို့နှစ်ယောက်လုံးက ကလေးချစ်တတ်တယ်။ တချို့ မသိတဲ့ သူတွေက ယူလို့ရလို့လားလို့ ပြောကြ တယ်။ ဒါကြောင့် မေဦး ပြောချင် တာက ယောက်ျားချင်းလည်း ယူလို့ရပါတယ်။ ဖန်ပြွန် သန္ဓေသား လုပ်လို့ရသလို၊ အငှားကိုယ်ဝန် ဆောင်လို့လည်းရတယ်။ ယောက်ျားချင်းကြိုက်ကြရင် လည်း မမျိုးဥကို အလှူခံပြီး မေဦးတို့နှစ်ယောက်ရဲ့မျိုးနဲ့ ပေါင်း ပြီးယူလို့ရပါတယ်။ ဒါကတော့ အနာ ဂတ်အစီအစဉ်ပါ။ အရင်ဆုံးတော့ လက်ခံလာဖို့ ဘယ်လိုအတိုင်း အတာအထိ ကြိုးစားရမလဲဆို တာကို တွေးထားပါတယ်”လို့ အနာဂတ်အစီအစဉ် အကြောင်းကို မေဦးက ပြောပြပါတယ်။

ချစ်သူနှစ်ဦးရဲ့ အနာဂတ်အစီအစဉ်နဲ့ပတ်သက်လို့ ဟန်လင်းက လည်း ..”ရှေ့မှာလျှောက်ဖို့ အနာဂတ် အတွက် နှစ်ယောက်လုံးရှေ့ကို ကြို ပြီးတွေးပြီးသားပါ။ ဖြစ်ချင်တာ ဖန်တီးချင်တာတွေလည်း ရှိတယ်။ နှစ်ယောက်သား တိုင်တိုင်ပင်ပင်နဲ့ စီစဉ်ထားတာလေးတွေလည်း ရှိ တယ်။ အဲဒီအတွက် အခုလည်း ကြိုးစားနေပါတယ်”လို့ ပြောပြပါတယ်။

ဟန်လင်းနဲ့မေဦးတို့က ပရဟိ တလုပ်ငန်းတွေမှာ ပါဝင်ရတာကို ဝါသနာပါသလို မပြည့်စုံကြသေးတဲ့ ဘဝတွေ ကိုလည်း အကောင်းဆုံးဖြစ်အောင် ကူညီနိုင်တဲ့ ဘက်က အမြဲ ဖြည့်ဆည်းဖို့ကြိုး စားနေပါတယ်။ ပတ်ဝန်းကျင်မှာ လက်ခံလာဖို့အတွက်လည်း အားထုတ်ရင်း ခက်ခက်ခဲခဲ ဖန်တီးထားရတဲ့ မိသားစုဘဝကို ယိမ်းယိုင်မသွားဘဲ တည်တံ့ အောင်လုပ် ဆောင်သွားမယ့် အကြောင်းကို မေဦးက…

Untitled-2
“မေဦးတို့ကို လက်ခံလာအောင် လို့ ပြောတဲ့နေရာမှာ ဘယ်အ တိုင်းအတာအထိ လုပ်သွား မလဲဆိုတာမျိုးတွေ လည်း ရှိပါတယ်။ မေဦးတို့ နှစ် ယောက်လုံး ပရဟိတ လုပ်တယ်။ အလှူ တွေ လုပ်တယ်။ လူ အများအကျိုးကို ဘယ် လိုဆောင်ရွက်ရမလဲ ပဲတွေးတယ်။ မေဦး တို့မိသားစုမှာလည်း အကောင်းဆုံး ဖြစ် အောင် ရပ်တည်တယ်။ ဒါက အတိုင်းအတာ တစ်ခုပြည့်စုံ တယ်။ ဒါကြောင့်မပြည့်စုံသေး တဲ့ ဘဝတွေကို အကောင်းဆုံး ဖြစ်သွားအောင် ဖန်တီးပေးနိုင် သလောက်လုပ်ပေးတယ်။ မေဦးက တစ်ခါတလေကျရင် Live လေးတွေ လွှင့်တယ်။ မေဦးက ပတ်ဝန်းကျင်ကို အ ပျော်လေးတွေပဲပေးတယ်။ စိတ် ညစ်စရာဆို ဘယ်သူ့ကိုမှ မပြော ပြဘူး။ သူနဲ့ ကိုယ်နဲ့ စိတ်ညစ်နေ မယ်ဆိုရင် နှစ်ယောက်တည်းပဲ စိတ်ညစ်တယ်။ ပတ်ဝန်းကျင်ကိုလည်း မပြောဘူး။ အပူလည်းမပေးဘူး။ ပျော်ရွှင်မှုတွေ၊ စိတ်ချမ်းသာမှုတွေနဲ့ ချစ်ခြင်းမေတ္တာတွေပဲပေးပါတယ်။ မေဦးတို့ မိသားစုဘဝကို ခက်ခက်ခဲခဲ ဖန်တီးရမှာဖြစ်တဲ့အတွက် ဒီဘဝလေးကို တန်ဖိုးထားတယ်။ အလေးအနက်ထားတယ်။ ဘာလို့လဲ ဆိုတော့ ဒီဘဝလေးကို လွယ်လွယ်နဲ့ ရထားတာ မဟုတ်လို့ပါ။ ဝေဖန်မှုတွေကလည်း နောက်ပိုင်း တွေမှာ ရှိနေဦးမှာပါပဲ။ ဒီလိုအတိုက်အခိုက် တွေကြားထဲက ဒီဘဝလေးကို ဖန်တီးရမယ်။ တည်တံ့အောင်ပြုလုပ်ရမယ်ဆိုတော့ တကယ် ကိုပဲ တန်ဖိုးထားပါတယ်”လို့ ပြောပါတယ်။

ချစ်သူဖြစ်လာတဲ့ ကာလတစ်လျှောက်မှာ လည်း ဟန်လင်းနဲ့မေဦးတို့က သူတို့ရဲ့ အမှတ် တရ ပုံရိပ်တွေကို အမြဲရိုက်ကူး ထားလေ့ရှိတာ ကိုလည်း တွေ့ရပါတယ်။ ဒီလိုရိုက် ကူးတာက နုပျိုစဉ်အချိန်က ပျော်ရွှင်မှုတွေကို သိမ်းဆည်း ထားချင်လို့ ဖြစ်ကြောင်း မေဦးက ဆိုပါတယ်။

“Photo Shooting လေး တွေ ရိုက်ဖြစ်တာက တော့ အမှတ်တရ ပုံရိပ် တွေကျန်ခဲ့ချင်လို့ပါ။ Valentines Day, One Year Anniversary ၊ သူ့မွေးနေ့၊ ကိုယ့် မွေးနေ့ ဒီလိုလေး တွေ ရိုက်ဖြစ်တယ်။မေဦးတို့ကအသက် ကြီးသွားမှာလေ။ ဒါ ကြောင့် အမှတ်တရ ပုံ လေးတွေ ကျန်နေချင်တယ်။လူတိုင်းက တဖြည်း ဖြည်းနဲ့ အသက် ကြီးသွားကြတာပါ။ ဒါကြောင့် နုပျိုတဲ့အချိန်မှာ ကိုယ် တွေပျော်ရွှင်ရ တဲ့ အမှတ်တရ ပုံလေးတွေကို ထိန်းသိမ်းထားတဲ့ သဘောအနေနဲ့ သေသေချာ ချာလေးရိုက်ကူးထား ဖြစ်တာ ပါ”လို့ သူတို့ချစ်သူနှစ်ယောက် က ပြောပါတယ်။

မြတ်မိုးပွင့်
ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here