ရေတိုက်စားမှုကြောင့်ပြိုကျခဲ့ရသောစေတီအတွက် အနုပညာရှင်တို့မှ သွားရောက်လှူဒါန်း

0
194

DSC_0076

ဇူလိုင်လ ၂ဝ ရက်နေ့က ရေ ဘေး အန္တရာယ်သင့်ကာ ကမ်းပါးပြို ကျမှုကြောင့် ရေထဲသို့ ပြိုကျခဲ့တဲ့ စေတီတော် တည်ထားကိုးကွယ်ရာ မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ဆိက္ခဝ ကျေးရွာအုပ်စု၊ အနောက် သီရိကြီး ကျေးရွာသို့အလှူငွေလှူဒါန်းခြင်း ကို Myanmar media 7  ကုမ္ပဏီ၊ ဘောဂသိဒ္ဓိကုမ္ပဏီ၊ 7 sense flim production တို့နဲ့အတူ အနုပညာ ရှင်များ ပါဝင်ပူးပေါင်းကာ ဇူလိုင်လ ၃ဝ ရက်နေ့က

သွားရောက်လှူဒါန်းခဲ့ ပါတယ်။ဒီလှူဒါန်းမှုမှာတော့ Myanmar Media 7ကုမ္ပဏီနဲ့ အ တူ ရုပ်ရှင်၊ ဂီတ အနုပညာရှင်များက ပါ လိုက်ပါလှူဒါန်းခဲ့ပြီး အလှူငွေ ကျပ် ၃၅သိန်းအပြင် အခြားစားသောက် ဖွယ် ရာများနဲ့ အနုပညာရှင်များကပါ အလှူငွေများ လှူဒါန်းခဲ့ကြပါတယ်။

DSC_0116
“ကျွန်တော်တို့  Myanmar Media 7 ရယ် ဘောဂသိဒ္ဓိကုမ္ပဏီ၊ 7 sense flim production ရယ်၊ ACEကုမ္ပဏီရယ် လေးခုပေါင်းပြီး အနုပညာရှင်တွေနဲ့ အတူ လာရောက်လှူဒါန်းတာပါ။ကျွန်တော်တို့ သိထားတာက ကမ်းပါး ပြိုတော့ စေတီတော်လည်း ပျက်စီး သွားတယ် ကြားတယ်။အဲဒီ အတွက် သွားလှူဖြစ်တာပါ။ ကျွန်တော်တို့  လည်း ဒီရောက်မှ ထပ်သိရတဲ့အ ကြောင်းက ရွာလုံးကျွတ်ရွှေ့ရမယ် ဆိုတာသိရတယ်။ ကျွန်တော်တို့ အ စကသိတာက အဲဒီလောက် ဖြစ်မှန်း မသိဘူး။ အခုမှသိရတာက ဘုရား စေတီ ပြိုကျပျက်စီးသလို လူနေအိမ် တွေလည်း ပျက်စီးတယ်လို့ သိရ တယ်။အဲဒီအတွက် ကုန်ကျစရိတ် တွေလည်း အများကြီး လိုပါဦးမယ်။ခု ကျွန်တော်တို့ လှူတာက အတိုင်း အတာအားဖြင့် နည်းပါတယ်။ ဒါပေ မဲ့ ခုလိုလာရောက်လိုက်တဲ့ အတွက် အခြားသူတွေကိုလည်း သတင်းတွေ ထပ်မံဝေမျှ တိုက်တွန်းပါမယ်။ လို အပ်တဲ့ နေရာတွေမှာ လှူဒါန်းသွား ကြဖို့ လည်း တိုက်တွန်း ချင်ပါတယ်” လို့ Myanmar Media 7 မှ ကိုဝေမင်းမောင်က ပြောပါတယ်။

ရဲရဲ

 


LEAVE A REPLY

Please enter your comment!
Please enter your name here