အဆိုပိုင်းနဲ့ ပတ်သက်ပြီး ထူးခြားတဲ့အစီအစဉ်တွေ လုပ်ဖို့ ရှိပါတယ် စိုးပြည့်သဇင်

0
256

Soe-Pyae-Thizin

သရုပ်ဆောင် စိုးပြည့်သဇင်က ဒါရိုက်တာ နီသစ် ရိုက်ကူးတဲ့ “psycho mom” ဇာတ်ကားကို ဟိန်းဝေယံ၊ ထူးမွန်တို့နဲ့အတူပါဝင် သရုပ်ဆောင်ထား ပါတယ်။ ဒီဇာတ်ကားက ယောက္ခမနဲ့ချွေးမအကြားက ပြဿနာ အဖြစ်အပျက် ကလေးတွေကို ပုံဖော်ထားတဲ့အိမ်ထောင်ရေး ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ် ကား ကိုရိုက်ကူးနေစဉ်မှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ရသလို အရင်ရိုက်ကူးနေကျ ဇာတ်ကားတွေထက် ဒီဇာတ်ကားက ပိုပင်ပန်းကြောင်းကို စိုးပြည့်သဇင်က…

“ဒီဇာတ်ကားမှာဆိုရင် လှေကားပေါ်ကနေ တကယ်လိမ့်ကျတဲ့ အခန်း၊ လှေကားကလည်း အလူမီနီယမ်တွေ ကွပ်ထားတဲ့အခါကျတော့ အဲဒီဟာတွေနဲ့ ထိပြီးတော့ ပွန်းပဲ့ပြီး အညိုအမဲတွေ လည်းစွဲတယ်။ နောက်ပြီးတော့ အန်တီ ထူးမွန်နဲ့ ရန်ဖြစ်တဲ့ အခန်းတွေမှာဆိုလည်း သူကလည်း လုပ်လို့ရှိရင် ပီပီ ပြင်ပြင်လုပ်တယ်။ ကိုယ်ကလည်း ပီပီပြင်ပြင် လုပ်တယ်ဆိုတော့ အန်တီသမီးကို အားမနာနဲ့နော်။သမီးတို့ အကောင်းဆုံး လုပ်ကြမယ် ပေါ့နော်။ သူကလည်း အကောင်း ဆုံးလုပ်သွားတယ်။ ညီမလည်း ညီမရိုက်ကူးနေကျ ဇာတ်ကားတွေ ထက် စာရင်တော့ အများကြီး ပိုပင်ပန်းတယ်။ ထိခိုက်ဒဏ်ရတွေ လည်းရ တယ်။ ညိုမဲတွေလည်းစွဲတယ်။ ကားရိုက်ပြီးတော့ တစ်ကိုယ် လုံးနာကျင် နေတယ်။ အဲဒီလိုမျိုး တော့ ရှိတယ်။ ဒါပေမဲ့ ညီမရိုက်ရတဲ့ ဖီလင်က တအား ကျေနပ်အားရတယ်။ကြိုးစားရကျိုးနပ်တဲ့ ဇာတ်ကားလေး တစ်ကားဖြစ်မှာပါ” လို့ ရိုက်ကူးနေတဲ့ ဇာတ်ကားနဲ့ ပက်သက်ပြီးပြောပြပါတယ်။

အခုနောက်ပိုင်းမှာတော့ စိုးပြည့်သဇင်က ဇာတ်လမ်းတွေကို ကိုယ်တိုင် ရွေးချယ် ရိုက်ကူးနေပြီး သူ့အတွက် ထူးထူးဆန်းဆန်း ဖြစ်မယ့်ဇာတ်လမ်းမျိုး တွေကိုသာ ဦးစားပေးပြီး ရွေးချယ်ရိုက်ကူးသွားမယ်လို့ဆိုပါတယ်။

“ဇာတ်လမ်းကို စိုးပြည့်သေချာ ရွေးတယ်။ စိုးပြည့် အနုပညာ သက် တမ်းတစ်လျှောက်မှာ စိုးပြည့်အတွက် ထူးထူးဆန်းဆန်းဖြစ်တဲ့ဟာမျိုးလေး တွေကိုပဲ ပိုပြီးဦးစားပေးပြီးတော့ ရွေးချယ်ဖြစ်မယ်။ ဇာတ်ကား အများကြီး ဆိုတာထက် စိုးပြည့်အနေနဲ့ သီချင်းဘက်ကိုလည်း လုပ်မှာဆိုတဲ့ အခါကျတော့ စိုးပြည့် ရိုက်ကူးရတဲ့ ဇာတ်ကားလေးတွေ၊ ထွက်ရှိလာတဲ့ ဇာတ်ကားလေးတွေကို တော့ အကောင်းဆုံးကြိုးစားပြီးတော့ တင်ဆက်ချင်တယ်။ အဲဒီအတွက် ဇာတ်လမ်းတွေကိုလည်း စိုးပြည့်ကိုယ်တိုင် ရွေးချယ်ပြီးတော့ ရိုက်ကူးဖြစ်မှာပါ” လို့ပြောပါတယ်။ ဒီ့အပြင် အခုလက်ရှိအဆိုပိုင်း နဲ့ပတ်သက်ပြီး သူ့ရဲ့လှုပ်ရှား မှုများ ကိုလည်း စိုးပြည့်သဇင်က …

“အဆိုပိုင်းနဲ့ ပတ်သက်ပြီးလည်း ထူးခြားတဲ့ အစီအစဉ်တွေ လုပ်ဖို့ရှိ ပါတယ်။ အဲဒါကိုတော့ စိုးပြည့်အနားနီးမှ ထပ်ပြီး အသိပေးပါ့မယ်။ အခုလတ်တလောမှာတော့…

အွန်လိုင်းမှာ သီချင်းတစ်ပုဒ်တင်ဖို့ လုပ်ထားတာ ကလည်း တေးရေးဆရာ က မပြီးသေးတာရယ်၊ ညီမလည်း အလုပ်လေး နည်းနည်း ရှုပ်နေတာ နဲ့ အဲဒီဘက်ကို မလောနိုင်သေးဘူး။ ဒါပေမဲ့ ဒီလထဲမှာတော့သူပေးမယ်လို့ ပြောပါတယ်။ ပေးရင်တော့ မဒီး (စန္ဒီ မြင့်လွင်)နဲ့ သီချင်းသွင်းမယ်။ ဒါပြီး သွားရင်တော့ အွန်လိုင်းဖြန့်ဖို့က မြန် ပါပြီ” လို့ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here