သားဦးလေးကို ရိုးရိုးပဲ မွေးမယ်ဆိုတဲ့ သဉ္ဇာနွယ်ဝင်း

0
159

Tin-Zar-Nwe-Winကိုယ်ဝန် ၅ လကျော် ရှိနေပြီ ဖြစ်တဲ့ သရုပ်ဆောင် သဉ္ဇာနွယ် ဝင်းက သားဦး ရတနာလေးကို ဝိတိုရိယ ဆေးရုံမှာ စတင်ဘာလကုန် (သို့) ဒီဇင်ဘာလမှာ မွေးဖွားတော့မှာ ဖြစ်ပါတယ်။ သားဦးလေးကိုတော့ ရိုးရိုး မွေးဖွားဖို့ စဉ်းစားထားတယ်လို့ ပြောတဲ့ သဉ္ဇာနွယ်ဝင်း က ရေရှည်နာ တာထက်စာရင် ခဏလေးပဲ နာချင်တဲ့အတွက် ရိုးရိုးမွေးဖွားမှာ ဖြစ်ကြောင်း ပြောပါ တယ်။

“ရိုးရိုးမွေးဖွားတာ ကကျတော့  ခွဲမွေးရင် ခါးမှာဆေးထိုးရတယ်။ တချို့ အခန့်မသင့်ရင် ခါးကိုက်တဲ့ ဝေဒနာ ခံစားရတယ်။ ခွဲမွေးရာ မှာ လည်း ကောင်းတဲ့ အချက် ရှိသလို ရိုးရိုးမွေးရာ မှာလည်း ကောင်းတဲ့အချက် ရှိပါတယ်။ အကောင်းနဲ့ အဆိုးက မျှနေတဲ့ အ တွက်ကြောင့် သဉ္ဇာက နာရင်တစ်ခါပဲ နာချင်တာ။ ရိုးရိုးမွေးတာ ကကျတော့ ချက်ချင်း  ကလေးလည်း ချီရတယ်။ ခွဲမွေးရင် ခါးနာတဲ့ ဒဏ် ဖြစ်ခဲ့လို့ရှိရင် မတ်တတ်ရပ်တဲ့ အခါမှာလည်း အကြာကြီး ရပ်လို့ အဆင်မပြေဘူး။ ရေရှည်နာတာ ထက်စာရင် ခဏလေးပဲ နာချင် တယ်။ အဲဒါကြောင့် ရိုးရိုးပဲ မွေးချင်တာပါ” လို့ ပြောပါတယ်။

သားဦးလေးကို အခုကတည်းက ရင်ခုန်နေတယ် ဆိုတဲ့ သဉ္ဇာနွယ်ဝင်း က ကိုယ်ဝန် ရင့်လာတာနဲ့အမျှ အစစအရာရာ ဂရုစိုက် ရကြောင်း ပြောပါတယ်။

“ရင်သွေး ရပြီလို့ သိရကတည်း က အရမ်းပျော်တယ်။ သားဦးလေးဆိုတော့ ပိုပျော်ရတယ်။ သဉ္ဇာ အမျိုး သားက သား လေးလိုချင်တာ။ သူက ပိုပျော်တာပေါ့။ ကိုယ်ဝန်စရှိ ကတည်းက အစားအသောက် အနေအထိုင် ကအစ အစစအရာရာ ဂရုစိုက်ဖြစ် တယ်။ အခု ကိုယ်ဝန် ရင့်လာတဲ့ အခါမှာ ရိုးရိုးမွေးဖို့ စဉ်းစား ထားတော့ လေ့ကျင့်ခန်း လုပ်တာမျိုးတွေ၊ လမ်းများများ လျှောက် တာမျိုး တွေ လုပ်ဖြစ်တယ်” လို့ ပြောပါတယ်။

သဉ္ဇာနွယ်ဝင်းက သားဦးလေး မွေးဖွားတဲ့ အချိန်မှာ သားဦးလေးရဲ့ အချင်းသွေး ကိုတော့ စင်ကာပူနိုင်ငံ အခြေစိုက် ကုမ္ပဏီဖြစ်တဲ့ Cord Life ကုမ္ပဏီမှာ သိမ်းဆည်းမှာ ဖြစ်ကြောင်း သိရပါတယ်။ သိမ်းဆည်းဖြစ်ပုံ နဲ့ ပတ်သက်ပြီး သဉ္ဇာနွယ်ဝင်းက…

“သဉ္ဇာ ရင်သွေးလေးရဲ့ အချင်းနဲ့သွေး သိမ်းဖြစ်တာက သဉ္ဇာ တို့ ကိုယ်ဝန် ရှိတဲ့အချိန်မှာ ကလေးအတွက် နောင်တစ်ချိန်မှာ ဘယ်ဟာ အကောင်းဆုံး ဖြစ်မလဲ ဆိုတာကို လေ့လာပြီးတော့မှ အခုလို ကလေးရဲ့ အချင်းနဲ့ သွေးကို သိမ်းဖြစ်တာပါ။ အခုလို အချင်း သိမ်းထားတဲ့ အခါ နောင်တစ်ချိန် မှာ ပင်မဆဲလ်နဲ့ ရောဂါတွေ ပြန်ကုလို့ ရပါတယ်။ ကလေးကော ကလေးရဲ့ မိဘ၊ မောင်နှမ၊ အဘိုးအဘွားတွေပါ သုံးလို့ ရတယ် ဆိုတော့ ဒီဟာလေးက အရမ်းကို တန်ဖိုးရှိပါတယ်။ အဲဒါကြောင့် သိမ်းဆည်းဖြစ်တာပါ” လို့ပြောပါတယ်။

အိမ်ထောင်ကျပြီးတဲ့ အချိန်မှစပြီး အနုပညာအလုပ်တွေ မလုပ်ဖြစ်တော့တဲ့ သဉ္ဇာနွယ်ဝင်းက အခု လတ်တလောမှာတော့ ကိုယ်ဝန် လရင့်လာရင် ရိုက်ကူးဖို့ Happy Mommy ဆိုတဲ့ ကလေး ပစ္စည်းကြော်ငြာရိုက်ကူးဖို့ လက်ခံထားကြောင်း သိရပါတယ်။

တွယ်တာ
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here