သရုပ်ဆောင်ထူးခြားရဲ့ စတိုင်ကို ကြိုက်လို့ ဗီဒီယိုဇာတ်ကား ၂ကား ပိုပို

0
265

Po-Po

ဗီဒီယို ဇာတ်ကား ၂ကားရိုက်ကူးဖို့ ထုတ်လုပ်ရေးတစ်ခုက ကမ်းလှမ်းတာကို အဆိုတော်ပိုပိုက လက်ခံလိုက်ပါပြီ။ မကြာမီရုံ တင်ပြ သတော့မယ့် ‘ကြောက်ကြောက်ကြောက်’ ရုပ်ရှင် ဇာတ်ကားကြီးမှာ လည်း ပါဝင်သရုပ် ဆောင်ထားတဲ့ အဆိုတော်ပိုပိုက သရုပ်ဆောင်ပိုင်းကို ဆက်တိုက်ဆိုသလိုပဲ လျှောက်လှမ်းလာခဲ့ပြီလို့ ဆိုရမှာပါ။ ဗီဒီယို ဇာတ်ကား ၂ကားကို လက်ခံဖြစ်သွား တဲ့အကြောင်းနဲ့ ပတ်သက်ပြီး ပိုပိုက…………………….

“အရင်ကဆိုရင်လည်း ဗီဒီယို ဇာတ်ကားတွေ လာကမ်းလှမ်းတာမျိုး တွေရှိပါတယ်။ ဒါပေမဲ့ ကိုယ်မကြိုက်တာနဲ့ မရိုက်ဖြစ်ဘူး။ ဒီတစ်ခေါက်ကကျတော့ အဓိကက သရုပ်ဆောင်ကိုထူးခြားကို သဘောကျ တာပေါ့နော်။ သူသရုပ်ဆောင်တာကိုတော့ ပို အများကြီးမကြည့်ဖူးဘူး။ ဒါပေမဲ့ သူ့စတိုင်ကိုကြိုက်တယ်။ ပိုကဆိုးသွမ်းတဲ့ ပုံစံမျိုးကို သဘောကျတယ်။ Original Gangstar မှာလည်း သူတို့ သရုပ်ဆောင်ထားတာကို သဘောကျတယ်။ သူကလည်း သူ့ရဲ့ ပွဲဦးထွက်ဇာတ်ကားကို ညီမနဲ့ရိုက်ကူးချင်တယ်ဆိုပြီးတော့ လာ ကမ်းလှမ်းတဲ့အတွက် သူပြောတဲ့ဇာတ် လမ်းလေးကလည်း သမားရိုးကျ ဇာတ်လမ်း မျိုး မဟုတ်တာနဲ့ လက်ခံဖြစ်သွားတာပါ။ ဗီဒီယိုဇာတ်ကား ၂ကားမှာ တစ်ကားက သူတို့ဇာတ် လမ်းပေးတာပေါ့နော်။ တစ်ကား ကတော့ ပိုပို့ဇာတ်လမ်းပေါ့။ ဒီ၈လ ပိုင်း ၇ရက် နေ့မှာ တစ်ကားစရိုက်ကူးမယ်။ ၉လပိုင်းမှာ တစ်ကားရိုက်ကူးမယ်” လို့ပြောပြပါတယ်။ဇာတ်ကားတွေ ရိုက်ကူးတော့မယ်ဆိုတော့ သူမရဲ့ ရင်ခုန်မှုနဲ့ ကြိုတင်ပြင်ဆင်မှုတွေအကြောင်းကိုလည်း မေးမြန်းဖြစ်တဲ့အခါ……..

“ကြောက်ကြောက်ကြောက် တုန်းကလည်း ရင်ခုန်ပါ တယ်။ ပျော်လည်းပျော်ပါတယ်။ ဟိုဟာက ရုံကြီးကား လည်းဖြစ်တယ်။ မင်းသမီး လေးယောက်အပြိုင်ပေါ့။ အခုဗီဒီယို ဇာတ်ကားကကျတော့ ကိုယ်တစ် ယောက်တည်းပေါ့နော်။ ခေါင်းဆောင်မင်းသမီး တစ်ယောက်အနေနဲ့ ပိုအားစိုက်ချင်တယ်။ အဓိကကတော့ ဝိတ်ချရမှာပေါ့။ ပေးထားတဲ့ ကာ ရိုက်တာကို ဘယ်လိုသရုပ်ဆောင်ရမလဲဆိုတာ လေ့ ကျင့်ရမယ်။ အဲဒီ မုဒ်လေးကို ထည့်ထားတယ်။ နောက်ပြီး တော့ ဖက်ရှင်ပိုင်းကစပြီးတော့ ဂရုစိုက်ရ မှာပေါ့ နော်။ အခုကစပြီးတော့ ဝိတ်ချနေပြီ” လို့ဆိုပါ တယ်။ ဂီတပိုင်းနဲ့ ပတ်သက်လို့ ပိုပိုက သိပ်မကြာ ခင်ရက်ပိုင်းအတွင်းကမှ ထွက်ရှိထားတဲ့ Master Piece တေးစီးရီးရဲ့ Music Video ကိုလည်း ၃ပုံ ၂ပုံလောက် ရိုက်ကူးထားတာကြောင့် ၂ဝ၁၇ခုနှစ် ထဲမှာပဲ ထွက်ရှိ သွားမယ်လို့ သိရှိရပါတယ်။

“ကြောက်ကြောက်ကြောက် ရုပ်ရှင်ဇာတ်ကား ကိုလည်း ပိုပို့ကို ချစ်တဲ့စိတ်နဲ့ အားပေးကြမယ့် ပရိ သတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကြောက် ကြောက်ကြောက် ထဲမှာလည်း ပထမဆုံး အတွေ့ အကြုံဆိုပေမယ့် အတတ်နိုင်ဆုံး၊ အကောင်းဆုံး ကြိုးစားပြီးတော့ သရုပ်ဆောင်ထားပါတယ်။ လိုအပ် ချက်တွေရှိရင်လည်း ချစ်တဲ့စိတ်နဲ့ပဲ ကြည့်ပေးကြပါ”လို့ ပိုပိုက ပြောပါတယ်။

မျိုးမောင်
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here