ဖြူဖြူကျော်သိန်းပြောပြတဲ့ ကျန်းမာရေးနှင့်အလှအပ

0
123

Phyu-Phyu-Kyaw-Thein

အဆိုတော်ဖြူဖြူကျော်သိန်းက အဆိုတော် တစ်ဦးဖြစ်သလို ဆေးကျောင်းအောင်မြင်ပြီးသွားတဲ့ ဆရာဝန်တစ်ဦးလည်း ဖြစ်ပါတယ်။သူမက ကိုယ် တိုင်လည်း ဆေးပညာကို သင်ကြားခဲ့ပြီး ကျန်းမာ ရေးကို ဂရုတစိုက်ရှိသူဖြစ်သလို တခြားသူတွေ အတွက်လည်း ကျန်းမာရေး ဗဟုသုတတွေ မျှဝေနေသူဖြစ်ပါတယ်။ လတ်တလောမှာ တော့ PH Care အမျိုးသမီးသုံးသန့်စင်ဆေး ရဲ့ Brand Ambassador အဖြစ်လည်း ဆောင်ရွက်လျက်ရှိပါတယ်။

“ဖြူဖြူ ဒီ Ambassador  အဖြစ် လက်ခံဖြစ်တာကလည်း အမျိုးသမီးထု ကျန်းမာရေး အတွက်လည်း ဖြစ်သလို ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးတာ လေးတွေလည်း ပါတာကြောင့် လက်ခံ ဖြစ်တာပါ။ ပစ္စည်းကြော်ငြာတာတစ်ခု တည်းမဟုတ်ဘဲ အမျိုးသမီးတွေ သိချင် ကြမယ့် ကျန်းမာရေး အလှအပရေး ရာလေးတွေလည်း ဖြူဖြူနဲ့အတူ Beauty Blogger ဖြိုးပြည့်စုံထွန်း တို့ကလည်း ဆွေးနွေးသွားမယ့် အကြောင်းအရာအစီအစဉ်လေး တွေရှိတယ်” လို့ ဖြူဖြူကျော်သိန်း က ပြောပါတယ်။ခုလို ရာသီကာလမျိုးမှာ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဆောင်ရန်၊ ရှောင်ရန် တချို့ ကိုလည်း သူမက သူမကိုယ် တွေ့နဲ့ယှဉ်ပြီး ခုလိုပဲမျှဝေခဲ့ပါ တယ်။

“ခုလို ရာသီမျိုးမှာက ပူလိုက်အေး လိုက်လည်း ရှိတတ်တော့ ကျန်းမာ ရေးကို သတိထားရတယ်။ ကလေး တွေအတွက်ဆိုလည်း သွေးလွန်တုပ်ကွေးကို ဂရုစိုက်စေ ချင်တယ်။ ခြင်ဆေးမထွန်းချင်ရင် တောင် ခြင်မကိုက်တဲ့ ကပ်ခွာမျိုးလေးတွေ ရှိ တယ်။ အဲဒါမျိုးလေးတွေ ကပ်စေချင်တယ်။ ပြီးတော့ ကလေးတင် မကဘူး လူကြီးတွေမှာလည်း ရာသီဥတု အပြောင်းအလဲမှာ သေချာဂရုတစိုက် လေး နေစေချင်ပါတယ်။ ပြီးတော့ခရီးတွေ အမြဲ သွားရတဲ့သူဆိုရင် လည်း အဓိကကအိမ်သာပေါ့။ တချို့နေရာတွေမှာဆိုရင် ရေမသန့်တာလည်း ရှိ မယ်။ တချို့ရောဂါတွေက မသန့်တဲ့ ရေတွေ သုံးတာက တစ်ဆင့်လည်း ဖြစ်နိုင်တယ်။ အဲဒီအတွက် ခရီး တွေဘာတွေ သွားတဲ့အခါမှာလည်း Wet Tissue လေးတွေ ဆောင်သွားစေချင်တယ်။ ကျန်းမာရေးနဲ့  အလှအပဆိုတာကလည်း ကျန်းမာမှ လှပမှုကို ဦးစားပေးနိုင်မှာဖြစ်တဲ့အတွက် ကျန်းမာရေးကိုတော့ အဓိကထားစေချင်တယ်” လို့ ဖြူဖြူကျော်သိန်းက ကျန်းမာရေးအသိကို ဝေမျှပေးခဲ့ပါတယ်။

ဖြူဖြူကျော်သိန်းက လတ်တလောမှာတော့ အစ်မ ဖြစ်သူ မိသားစုရှိတဲ့ ပြင်သစ်နိုင်ငံကို သွားရောက်လည် ပတ်နေပြီး သြဂုတ်လလယ်မှာ မြန်မာပြည်ကို ပြန်လည် ရောက်ရှိလာမယ်လို့ သိရပါတယ်။ ပြန်လည်ရောက်ရှိလာ တဲ့အခါမှာတော့ ဖြူဖြူကျော်သိန်းက သူမစီစဉ်ထားတဲ့ သီချင်းသစ်တွေကို ပရိသတ်တွေနားစဉ်စေနိုင်ဖို့အတွက် အွန်လိုင်းကတစ်ဆင့် ဖြန့်ချိသွားဖို့ အစီအစဉ်ရှိကြောင်းလည်း သိရပါတယ်။

ရဲရဲ ၊ ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here