အသက်၎ဝ ပြည့် အမှတ်တရ အနေနဲ့ အွန်လိုင်း ကနေ သီချင်းတွေ တင်သွားမယ့် လူရွှင်တော် ပန်းသီး

0
346

pantheeလူရွှင်တော်ပန်းသီး အနေနဲ့ သူ့တစ်ယောက်တည်း အနေဖြင့် တစ်ကိုယ် တော် ဖျော်ဖြေပွဲလေးတွေ အရင်က လုပ်ဖြစ်ခဲ့ပါတယ်။ အခု နောက်ပိုင်း မှာတော့ သိပ်မလုပ်ဖြစ်တော့တာ တွေ့ရပါတယ်။ ဒီအကြောင်းအရာ နဲ့ပတ်သက်ပြီး သူနဲ့တွေ့ခိုက် မေးတဲ့အခါ..

“ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိသေးလို့ ကျွန်တော် မလုပ်သေးတာပါ။ ဒီနှစ်ဆိုရင် ကျွန်တော် လုပ်မယ်လို့ မျှော်မှန်းထားတာပါ။ ဒါပေမဲ့ ကျွန်တော် သည်နိုင်ငံတကာ နဲ့ရင်ဘောင်တန်းသော ဟာသကို ဘယ်လောက် အထိအောင် ထွင်နိုင်သလဲ၊ ဘယ်လို ရုန်းကန်ပြီးတော့ ပရိသတ်တွေကို အသစ်တွေ ဘယ်လို ချပြနိုင်မလဲ၊ ဟာသတစ်ခုကို ဘယ်လို ထွင်နိုင်မလဲ ဆိုတာမျိုးတွေကို စဉ်းစား နေတုန်းပဲ။ သာမာန် ရိုးရိုးကြီးတော့ မလုပ်ချင်တော့ဘူး။ ကျွန်တော့် အနေ နဲ့ကတော့ ပွဲလုပ်ရမှာလည်း မကြောက်ပါဘူး။ ကျွန်တော့်ဘက်က အဆင် သင့် မဖြစ်သေးလို့ပါ။ ဒါပေမဲ့ ဒီနှစ်က ကျွန်တော့် အသက်၎ဝ လည်း ပြည့်ပြီ ဆိုတဲ့အခါ ကျတော့ သီချင်းလေးတွေကို VCD ရိုက်ပြီးတော့ အသက်၎ဝ ပြည့် အမှတ်တရအနေနဲ့ အွန်လိုင်းကနေ တင်သွားဖို့အစီစဉ်ရှိတယ်”လို့ ပန်းသီး က ပြောပြပါတယ်။

ဒါ့အပြင်ဒီနှစ်ထဲမှာ သီးလေးသီး အဖွဲ့ရဲ့၁ဝနှစ်ပြည့်ပွဲကိုလည်း နိုဝင်ဘာလ၊ မျှော်စင်ကျွန်းမှာ ပြုလုပ်ဖို့ စီစဉ်နေပြီး ဝင်ကြေး အခမဲ့ဖြင့် ပဲပြု လုပ်သွားမှာဖြစ် ကြောင်းလည်း သိရပါတယ်။ လူရွှင်တော်ပန်းသီးအနေနဲ့ ဇာဂနာစီစဉ်တဲ့ “မြန်မာ့ဒီမိုကရေစီ” အငြိမ့်ပြိုင်ပွဲ မှာ လည်း ပါဝင်ကူညီလုပ် ဆောင်ပေးလျက်ရှိပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here