တာရာမင်းဝေဟာ အနာဂတ် လူငယ်တွေအပေါ် သြဇာလွှမ်းမိုးမှု ရှိကြောင်း ကဗျာဆရာ သစ္စာနီ ပြော

0
250

Untitled-1တာရာမင်းဝေလို့ ဆိုလိုက်တာနဲ့ သူဖန်တီးခဲ့တဲ့ စာပေတွေ၊ ကဗျာတွေ ဟာ ဒီဘက်ခေတ်လူငယ်တွေရဲ့ စိတ် နှလုံးသားကိုတောင် ဆွဲညှို့ယူနိုင်စွမ်း ရှိ တယ်ဆိုတာ ငြင်းလို့မရပါဘူး။ ကွယ် လွန်ခဲ့တာ ၁ဝနှစ်တိုင်ခဲ့ပြီဖြစ်တဲ့ တာရာမင်းဝေရဲ့ ၁ဝနှစ်ပြည့် အခမ်း အနားကို သြဂုတ်လ ၅ရက်နေ့က Yangon Book Plaza မှာကျင်းပ ပြုလုပ်ခဲ့ပါတယ်။ အဲဒီအခမ်းအနား မှာ ကဗျာနဲ့ပတ်သက်လို့ အခမ်း အနားမှူးအဖြစ် ကဗျာဆရာ သစ္စာနီ က ဆောင်ရွက်ခဲ့ပါတယ်။ တာရာမင်း ဝေနဲ့ ပတ်သက်လို့ ဆရာသစ္စာနီက……..

“တို့တွေကတော့ ၁၉၉ဝ ခုနှစ် ကတည်းက တွဲလာကြတာ။ သူတို့ ညီအစ်ကို ၂ယောက်စလုံးပါပဲ။ ဒီပွဲကလည်း အမေရိကမှာနေတဲ့ သူ့အစ်ကိုအောင်ဒင်က ဒီရောက် လာပြီး ၁ဝနှစ်ပြည့်ဆိုတော့ အထူး တလည်လုပ်တာပေါ့။ လူငယ်တွေက တော်တော်ကို သူ့ကိုသဘောကျပါ တယ်။ အနာဂတ်လူငယ်တွေအပေါ်မှာတော်တော်ကို သြဇာလွှမ်းမိုးမှု ရှိတယ်။ သူဟာ နှမြောစရာကောင်းတဲ့လူငယ်တစ်ယောက်ပါ။ တော် လည်းတော်တယ်။ နိုင်ငံရေးရပ် တည် ချက်ရော၊ စာပေအနုပညာ ဖန်တီးမှု ရော အင်မတန်တော်တဲ့ လူငယ်တစ် ယောက်ပါ။ စောစော စီးစီး ကွယ်လွန် သွားတဲ့အတွက် နှမြောမိပါတယ်” လို့ပြောပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here