စိတ်ကူးချိုချို စာအုပ်တိုက် ၁၈ နှစ်ပြည့် အမှတ်တရစာအုပ်ဈေးရောင်းပွဲတော်ကျင်းပ

0
234

s

စိတ်ကူးချိုချို စာအုပ်တိုက်မှ ဦးစီးပြီး ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ကြားတောရ အုတ်လမ်းရှိ အဏ္ဏဝါ ဓမ္မာရုံမှာ စာအုပ်ဈေးရောင်းပွဲတော် ကျင်းပနေပြီ ဖြစ်ပါတယ်။ အဆိုပါ ဈေးရောင်းပွဲတော်ကို သြဂုတ်လ ၁ ရက်နေ့မှ သြဂုတ်လ ၁၃ ရက်နေ့ အထိ ပြုလုပ်သွားမှာ ဖြစ်ပြီး စိတ်ကူးချိုချို စာအုပ်တိုက်ရဲ့ ၁၈ နှစ်ပြည့် အမှတ်တရ ကျင်းပပြုလုပ် ခြင်းဖြစ်ပါတယ်။ စာအုပ်ဈေး ရောင်းပွဲတော်နဲ့ ပတ်သက်ပြီး စိတ် ကူးချိုချို စာအုပ်တိုက်မှ Designer မနီနီက” ဒီနေ့ ကျင်းပပြုလုပ်တဲ့ ဈေးရောင်း ပွဲတော်ကတော့ စိတ်ကူး ချိုချို စာအုပ်တိုက်ရဲ့ ၁၈ နှစ်ပြည့် အမှတ်တရလည်း ဖြစ်တယ်ပေါ့နော်။ ဒီပွဲမှာ ရောင်းချ ပေးမယ်။ စာအုပ်တွေ က တော့ စိတ်ကူး ချိုချိုစာအုပ်တိုက်မှ ဒီနှစ်ထွက်ရှိ ထားတဲ့ စာအုပ်မျိုးစုံပါ မယ်။ နောက် ပြီးစိတ်ကူးချိုချိုရဲ့ အထူးထုတ် အနေနဲ့ ဝတ္ထု တို တွေ၊ ကဗျာစာအုပ် ကိုးအုပ်ပါမယ်။ အထူးထုတ် စာအုပ် အားလုံး၁၂၆ မျိုးလောက်တော့ စီစဉ်ထားပါတယ်” လို့ ပြောခဲ့ပါတယ်။

ဒီဈေးရောင်းပွဲတော်မှာ စာဖက် ပရိသတ်များအတွက် အထူးလျှော့ ဈေး အစီအစဉ်များပါဝင်ပြီး စိတ်ကူး ချိုချိုစာအုပ် တိုက်မှပေးအပ် ကချင် ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့ကို စာအုပ်များလှူဒါန်းသွားမှာ ဖြစ် ကြောင်းသိရပါတယ်။

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here