ဇာဂနာပြောတဲ့ ဒီမိုကရေစီရဲ့ အနှစ်သာရ

0
99

Zaganarမြန်မာ့ဒီမိုကရေစီ အငြိမ့်ပြိုင်ပွဲကို ရန်ကုန်မြို့၊ အမျိုးသား ဇာတ်ရုံမှာ သြဂုတ်လ ၂၈၊၂၉၊၃ဝ ရက်နေ့တွေမှာ ကျင်းပမှာဖြစ်သလို မန္တလေးမြို့၊ အမျိုးသား ဇာတ်ရုံတွင်လည်း အဆိုပါ နေ့ရက်တွေမှာ တစ်ပြိုင်တည်း ကျင်းပသွားမှာပါ။ အုပ်စုပြိုင်ပွဲတွေအပြီး နောက်ဆုံး ဗိုလ်လုပွဲ ကိုတော့ စက်တင်ဘာလ ၂ဝ၊၂၁ ရက်နေ့တွေမှာ ဆက်လက် ကျင်းပပြုလုပ် သွားမှာဖြစ်ပြီး ဝင်ကြေးအခမဲ့ အနေနဲ့ ပြုလုပ် သွားမှာပါ။ ပြိုင်ပွဲဝင် အငြိမ့် အဖွဲ့များရဲ့ ပြက်လုံးများနဲ့ ပတ်သက်ပြီး ဇာဂနာက…

“ခေါင်းစဉ်ကိုက ဒီမိုကရေစီ အငြိမ့်ပြိုင်ပွဲလို့ ပြောထားတဲ့အတွက် ဒီမိုက ရေစီကို ဖော်ကျုးနိုင်တဲ့ ပြက်လုံးမျိုး၊ ဒီမိုကရေစီ ကို ဖော်ကျုးနိုင် တဲ့ သီချင်းပေါ့။ အများကြီးလည်းကျွန်တော်တို့ မတောင်းဆိုပါဘူး။ ပြက်လုံး ဆိုလည်း တစ်ခွင်ပေါ့၊ သီချင်းဆိုလည်းတစ်ပုဒ်ပေါ့။ အဲဒီလောက် ပါရင် ရပါပြီလို့ ကျွန် တော်တို့ပြောထားပါတယ်။ အဲဒါ ပါအောင်တော့ ပြိုင်ပွဲဝင်တဲ့ အဖွဲ့တွေက လုပ်ကြရမှာပေါ့” လို့ ပြောပါတယ်။

အခု လက်ရှိပြိုင်ပွဲဝင် အနေနဲ့  ရန်ကုန်ပြိုင်ပွဲဝင် အငြိမ့်အဖွဲ့  ၂၁ဖွဲ့ရှိပြီး၊ မန္တလေးကတော့ ပြိုင်ပွဲဝင် အငြိမ့်အဖွဲ့ ၁၃ဖွဲ့ရှိကာ ဆုကြေးငွေ အနေနဲ့ ပထမ ဆုကျပ်သိန်း၅ဝ၊ ဒုတိယဆု ကျပ်သိန်း၃ဝ၊ တတိယဆု ကျပ်သိန်း၂ဝပေး အပ် ချီးမြှင့်သွားမှာဖြစ်ပါတယ်။

ပြိုင်ပွဲတွေကို ဝင်ကြေး အခမဲ့နဲ့ ပြုလုပ်မှာဖြစ်တဲ့ အတွက် ပရိသတ်တွေ ကိုလည်း ဇာဂနာက အခုလို ဖိတ်ခေါ်ခဲ့တာက “အငြိမ့်လုပ်တယ် ဆိုက တည်း က ပြည်သူနဲ့ နီးစပ်ချင် လို့လုပ်တာပါ။ ပိုက်ဆံလည်း မပေးပါနဲ့လို့ ပြောပြီးက တည်းကိုက ပြည်သူ အများစု လာစေချင်လို့ပါ။ အဓိကတော့ အငြိမ့်ဆိုတဲ့ ဖျော်ဖြေမှု ပုံစံတစ်ခုက အခြေခံ လူတန်းစားနဲ့၊ လူလတ်တန်းစား အလွှာကို ပိုပြီးတော့ ဦးတည်တဲ့ သဘော ရှိပါတယ်။ ဒါကြောင့် ပြည်သူတွေ အနေနဲ့များ များလာ အားပေးပြီး သူတို့ပြောတာကို သေသေချာချာနားထောင်ပေးပါ။ အဲဒီ ကနေ ပြီးတော့ ပြည်သူတွေ ကိုယ်တိုင်က ဒီမိုကရေစီ ဆိုတာဘာလဲ ဆိုတာလေး တစ်ခု လောက် စိတ်ထဲကိုရောက် သွားရင်ကျေနပ်ပါတယ်” လို့ ပြောပါ တယ်။

ဒါ့အပြင် ဇာဂနာက ဒီမိုကရေစီရဲ့ အနှစ်သာရနဲ့ပတ်သက်လို့ ပြောပြ လာတာက “ကိုယ်လုပ်မှကိုယ်ရမှာပါ။ အဲဒါ ဒီမိုကရေစီ ရဲ့အနှစ်သာရပါ။ဘာ မှမလုပ်ရင် ဘာမှမရဘူး။ အဲဒီ အတွက်ကြောင့် ကိုယ်လုပ်မှ ကိုယ်ရမယ်ဆို တာမျိုးလေး ပေါ် လွင်သွား ရင် ကျေနပ်တယ်”လို့ သူက ပြောပြခဲ့ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here