မင်းသမီးတွေ စင်တင်ဦးမယ့် ဒါရိုက်တာ မောင်မျိုးမင်း

0
203

Mg-Myo-Minဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ရိုက်ကူးပြီး နှင်းဆီ အဖွဲ့သားတွေ ပါဝင်မယ့် “Rose Rider” ရုပ်ရှင်ဇာတ် ကားအတွက် မျက်နှာသစ် မင်းသမီး တစ်ဦးကို ရွေးချယ် သွားမှာဖြစ်ပါတယ်။ မင်းသမီးတွေ ရှားပါးနေတဲ့ အတွက် အခုလိုမင်းသမီးသစ် တင်ရ ခြင်း အကြောင်း ကို ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) က

“အခုလောလောဆယ် မှာတော့ မင်းသမီး ၅ဦးရွေးထားတယ်။ Rose Rider ဇာတ်ကားမှာတော့ ဒီဇာတ်ကားနဲ့ လိုက်ဖက်တဲ့ ဇာတ်ကောင် မင်းသမီး တစ်ဦး ထည့်သွားမယ်။ ကျန်တဲ့ ၄ ယောက်ကတော့ တခြား ဇာတ်ကားတွေမှာ မင်းသား ၅ ယောက်နဲ့ တွဲပြီး ဇာတ်ကားရိုက်  ကူးသွားဖို့ အစီအစဉ် ရှိတယ်။ အဲဒီ အတွက် တချို့ဇာတ်လမ်းတွေ ဆိုရင် ပြင်တောင် ပြင်ဆင်နေပြီ။ ဒါသူတို့ အတွက် မဟာ အခွင့်အရေးပါ။ တကယ်တမ်း ကျတော့ မင်းသမီး ရှားတယ်။ တကယ်လုပ်နိုင်တဲ့သူ ရှား တယ်။ အခု လက်ရှိအောင်မြင်နေတဲ့ မင်းသမီးတွေကလည်း တစ်ချိန်က ဦးမျိုး တို့တင် ထားခဲ့တာပဲ။ သူတို့ အလုပ် များသွားပြီ ဆိုတဲ့အတွက် နောက်ထပ် မင်းသမီးတွေ ထပ်တင် ရဦးမှာပဲ” လို့ပြောပါ တယ်။ အခုလက်ရှိမှာတော့ ဒီမင်းသမီး ၅ ဦးကို ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်) ဖွင့်လှစ်ထားတဲ့ 3H Academy သင်တန်းကျောင်းမှာ သရုပ်ဆောင်ခြင်းနဲ့  ပတ်သက်ပြီး သိသင့် သိထိုက်တာများကို သင်ကြား ပေးနေတယ်လို့ သိရပါ တယ်။ ဒီဇာတ်ကားကို သြဂုတ်လ ၁၁ ရက် နေ့မှာ စတင်ရိုက်ကူး သွားမှာဖြစ်ပြီး ဇာတ်ကား မရိုက်ကူးမီ ဇာတ်ကား ကန်တော့ ပွဲ ပေးတဲ့အခါ ရွေးချယ်လိုက်တဲ့ မင်းသမီးကို ပရိသတ် တွေနဲ့ မီဒီယာတွေကို မိတ်ဆက်ပေးမှာ ဖြစ်ကြောင်း သိရပါတယ်။ အနုပညာ လောက ထဲမှာ မင်းသမီးတွေ များစွာရှိနေပေမယ့်လည်း မျက်နှာသစ် သရုပ်ဆောင် မင်းသမီးကိုပဲ ရွေးချယ်ဖြစ်ပုံကိုတော့  ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)က…

“မျက်နှာသစ် သရုပ်ဆောင်နဲ့ သရုပ်ဆောင်ဟောင်းနဲ့ မတူဘူး။ တချို့ကျတော့ တခြားနေရာတွေမှာ ပါနေတာတွေရှိတယ်။ သူတို့ကို မျက်စိအမြင် ရိုးတယ်။ ဘယ်သူလို့ ပြောလိုက်တာနဲ့ ဟာသိပါတယ်ကွာ၊  ဘယ်မှာ ကြည့်ဖူးတယ် ဆိုပြီး ဖြစ်လာတယ်။ ဘယ်သူမှ မသိတဲ့ လူကို ကိုင်ထားပြီး ဝုန်းဆို ထုတ်ပြလိုက်တဲ့ အချိန်မှာ လုံးဝ အသစ်ဖြစ်တော့ လူစိတ်ဝင်စားတယ်။ မျက်နှာသစ် သရုပ်ဆောင် ဖြစ် ချင်တယ်။ မျက်နှာသစ် တစ်ယောက်ဖြစ်တဲ့ အတွက် သူ့အိုက်တင်ကို မမြင်ဖူးသလို သူဘာလုပ်မယ်လည်း တွက်ဆ လို့မရဘူး။ ပရိသတ် အနေနဲ့လည်း တကယ်လို အပ်လိမ့်မယ် လို့ ထင်တယ်။ မင်းသား ၅ယောက်ဝိတ် ရှိပြီးသားဖြစ်တဲ့ အတွက် မင်းသမီးဝိတ်က မလိုအပ်ဘူး။ ဘယ်သူ့မဆို ထည့်လို့ရတယ်။ နာမည်ကြီးမင်းသမီး ထည့်မယ် ဆိုရင် ပိုက်ဆံကုန်ရုံကလွဲပြီး လူလည်းစိတ်ဝင်စားမှု အများကြီး ရှိမှာမဟုတ်ဘူး” လို့ ပြောပါတယ်။

ခိုင်ဝေလွင်၊
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here