H1N1 ကူးစက်ရောဂါကာလ ပွဲစီစဉ်ရမှု အခက်အခဲကို ပြောပြတဲ့ ပွဲစီစဉ်သူ ဦးကြည်ဝင်း

0
221

u

နယ်မြေအနေအထား၊ ပရိသတ်အခြေအနေနဲ့ ရောဂါပိုး မကူးစက်စေတဲ့ အခြေအနေမျိုးဆိုရင် ပွဲလမ်း သဘင်များ ကျင်းပနိုင်ရန် ပွဲမိန့်များကို ခွင့်ပြုပေးနေ ကြောင်း ပွဲစီစဉ်သူများအလွှာ ဒုတိယဥက္ကဋ္ဌ ဦးကြည်ဝင်း က ပြောပါတယ်။

“ကျွန်တော်တို့သိရသလောက်ကတော့ ပွဲလမ်း သဘင်နဲ့ ပတ်သက်ပြီး နေရာဒေသပေါ်မှုတည်ပြီး လူကြီးတွေက ကြိုတင်ကာကွယ် တားဆီးတာပါ။ ရန်ကုန်မှာ ဆိုရင်လည်း သက်ဆိုင်ရာအဖွဲ့အစည်းတွေ ဆီကနေ ကြားသိရတဲ့ သတင်းကတော့ အားလုံးကို ပွဲမိန့် ပိတ်တာ မဟုတ်ပါဘူး။ ဖြစ်နိုင်ခြေရှိတဲ့ နေရာတွေ လောက်ကိုပဲ ရောဂါပိုး မပြန့်ပွားအောင် ထိန်းချုပ်တဲ့ အနေနဲ့ခေတ္တ ခဏ တားဆီး တာပါ။ တော်ရုံ၊ တန်ရုံဆိုရင် အကုန်လုံးကို ခွင့်ပြုပေးပါတယ်။ ကျွန်တော်တို့အနေ နဲ့လည်း ဒီနှစ်အတွင်းထဲမှာပဲ ပွဲတွေတော်တော်များ များလုပ်ဖို့ ရှိပါတယ်”လို့ ဦးကြည်ဝင်းက ပြောပါတယ်။

လက်ရှိကာလက ရန်ကုန်မှာတော့ ပွဲလမ်းသဘင် ရာသီမဟုတ်ပေမယ့် အထက်မြန်မာပြည်ပိုင်းကတော့ ပွဲလမ်းသဘင် ရာသီဖြစ်တဲ့အတွက် ပွဲတွေက မပြတ်ရှိ နေပြီး အဲဒီလို အချိန်မှာမှ H1N1 ရောဂါဆိုးကြီးဝင် လာတာ ဖြစ်တဲ့အတွက် လုပ်ရတာတော့ နည်းနည်း အခက်အခဲရှိကာ အခြေအတင်လေးတွေ ပြောရဆိုရ တာတွေရှိကြောင်း ဦးကြည်ဝင်းက ပြောပါတယ်။ ဒါ့အပြင် သူ့အနေ နဲ့ မြန်မာ့ သစ္စာထားနှစ်ပါးသွားပြိုင် ပွဲကိုလည်း စီစဉ်လျက်ရှိပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here