ပရိသတ်က Sexy ပုံစံမျိုးကိုတော့ မကြိုက်ဘူး ခေးဆက်သွင်

0
438

kyay-st-thwin

သရုပ်ဆောင်ခေးဆက်သွင်ကတော့ ရုပ်သံဇာတ်လမ်းတွဲများ ဆက်တိုက်ရိုက်ကူးဖြစ်နေပြီး ခုလက်ရှိ MRTV-4 မှာ ထုတ်လွှင့်ပြသလျက်ရှိတဲ့ ‘ဆုံစည်းခြင်း မိုးတိမ်များ’ဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင် ထားတာတွေ့ရပါတယ်။ ဒီဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တာနဲ့ ပတ်သက်ပြီး …

“ဇာတ်လမ်းတွဲရိုက်ကူးတာကတော့ ဇာတ်ကားရိုက်ကူးတာနဲ့မတူဘူး။ မုဒ်တွေအကြာကြီးသွင်းထားရတယ်။ နောက်ပြီး နယ်ခရီးတွေလည်း ထွက်ရတယ်။ ‘ဆုံစည်းခြင်းမိုးတိမ်များ’ဇာတ်လမ်းတွဲကတော့ ထိုင်းနဲ့မြန်မာ ပေါင်းပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။ အဲဒီဇာတ်လမ်းတွဲမှာ ခေးက ဒေါက်တာလှိုင်အေး ကျော်နေရာက ပါဝင်သရုပ်ဆောင်ထားပါတယ်။ အဲဒီဇာတ်ကားမှာ ပရိသတ်က ခေးကိုကောင်းတယ် ဆိုတာလည်း အထပ်ထပ်၊ အခါခါလေ့ကျင့်ထားလို့ပါ။ အဲဒီဇာတ်လမ်းတွဲမှာ ကာရိုက်တာက ခေးမနိုင်တဲ့ ကာရိုက်တာဖြစ်နေတယ်။ ခေးကဟာသပဲ အားသန် ပါတယ်။ ဒရာမာတွေ ရိုက်လေ့ရိုက်ထမရှိတဲ့ အခါကျတော့ ဒီဇာတ်ကားမှာ ခေး အရမ်းကြိုးစား ထားလို့ အဆင်ပြေသလို ဖြစ်နေတာပါ”လို့ ပြောခဲ့ ပါတယ်။

သူမကတော့ အရင်နှစ်တွေက အလှမယ်ပြိုင်ပွဲ တွေမှာလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသူဖြစ်ပါတယ်။ Internationalအရပ်မဟုတ်တာကြောင့် နောက်ထပ် Miss  ပြိုင်ပွဲတွေ ဝင်ပြိုင်တော့မှာလည်း မဟုတ်ပါဘူး။ သူ့ကို ပရိသတ်ရဲ့ ဝေဖန်မှုတွေနဲ့ပတ် သက်ပြီး “ပရိသတ်ရဲ့ဝေဖန်မှုကတော့ ပရိသတ်က ခေးကို Sexy ဖြစ်တာ မကြိုက်ကြဘူး။ ပြောရမယ် ဆိုရင် အဲဒီဘက်ကို သွားတာမကြိုက်ဘူးပေါ့။ ခုခေး ပရိသတ်အတွက်အကောင်းဆုံး ကြိုးစားနေပါတယ်” လို့ပြောခဲ့ပါတယ်။

သူပါဝင်သရုပ် ဆောင်ထားတဲ့ ‘ဥယျာဉ်မှူးဖြစ် ဖူးချင်သည်’ ဇာတ်လမ်းတွဲကို ၁၁လပိုင်းမှာ ထုတ်လွှင့်ပြသမှာဖြစ်ကြောင်းလည်း သိရပါတယ်။

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here