ဒရာမာ ဇာတ်ကားအသစ်မှာ ပါဝင်မယ့် Siwon နဲ့ Kang So Ra

0
82

k

super junior  အဖွဲ့ဝင် Siwon  နဲ့မင်းသမီး Kang So Ra  တို့ နှစ်ဦးက tvN ဇာတ်လမ်းတွဲအသစ် Byun Hyuk’s Love လို့ အမည်ပေးထားတဲ့ ဇာတ်ကားမှာ ပါဝင်ဖို့ သရုပ်ဆောင်ကမ်းလှမ်းခြင်းခံခဲ့ရပါတယ်။ ဇူလိုင် ၃၁ ရက်နေ့ က SM Entertainment က Siwon ကို ခေါင်းဆောင် မင်းသားနေရာမှာပါဝင်ဖို့ကမ်းလှမ်းထား ပါတယ်။ဒီဇာတ်ကားက မင်းသားရဲ့ ပရောဂျက်တွေထဲက တစ်ခုပါ။ အကြောင်းတော့ မပြန်ရသေးပါဘူး လို့ ဖော်ပြ ထားပါတယ်။Kang So Ra  ရဲ့ အေဂျင်စီ Plum Entertainment က “မင်းသမီးက ပါဝင်ဖို့တော့ မဆုံးဖြတ်ရသေးပါဘူး။ တိုင်ပင်နေဆဲပါလို့” ဖော်ပြ ထားပါတယ်။ Byun Hyuk’s Love ဇာတ်ကားကို Marriage, Not Dating  ဇာတ်လမ်းတွဲနဲ့ Hae Young ဇာတ်လမ်းတွဲ ပရိုဂျူဆာ Song Hyun Wook  က ဖြန့်ချိမှာပါ။ Siwon က သြဂုတ် ၁၈ရက်နေ့မှာ စစ်တပ်ထဲက ထွက်လာတော့မှာပါ။

 


LEAVE A REPLY

Please enter your comment!
Please enter your name here