Miss International 2017 မှာသွားရောက်ယှဉ်ပြိုင်မယ့် အလှမယ် စဝ်ယွန်းဝတီဦး

0
213

ZAW_4451

Miss International 2017  ပြိုင်ပွဲကို သြဂုတ်လ ၁ရက်နေ့ ညနေ ၆နာရီက နိုဗိုတယ်ဟိုတယ်မှာ ကျင်းပခဲ့ရာ ခါးနံပါတ် ၂ဝ စဝ်ယွန်းဝတီဦးက ရရှိ သွားခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ အကဲဖြတ်ဒိုင်များအဖြစ် Miss International 2017 ဖိလစ်ပိုင်အလှမယ်Verzosa၊ Mr Makoy Manlapaz (Head of Gouldian Philippines) ၊ မော်ဒယ်သန္တာလှိုင်၊ အကယ် ဒမီ ဝတ်မှုံရွှေရည်၊ ဒီဇိုင်နာမိုးကုတ် ပေါက်ပေါက်၊ ဓာတ်ပုံ ပညာရှင် မိုးမင်း (Rays)၊ ဦးမျိုးသွင် (မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အလုပ်အမှုဆောင်)၊ ဒေါ်တင်မာမြင့် (မြန်မာနိုင်ငံစားသောက်ဆိုင် လုပ်ငန်း ရှင်များအသင်း အကြီးတန်း ဒုဥက္ကဋ္ဌ)နဲ့ ဒေါ်ရီရီဝင်း (မြန်မာနိုင်ငံကာယဗလနှင့် ကာယအလှအဖွဲ့ချုပ်နှင့် နိုင်ငံတကာအကဲဖြတ်ဒိုင်)တို့က ဆောင်ရွက်ခဲ့ကြပါ တယ်။ Miss International 2017  Winner ဆုရရှိတဲ့ စဝ်ယွန်းဝတီဦးက ဆုကြေးငွေကျပ် သိန်း ၁ဝဝ ကျပ်ရရှိပြီး 1st Runner Up ဆုရ ရှိတဲ့ ထွန်းပုလဲ ရတနာက ကျပ်သိန်း ၆ဝ ကျပ်၊ 2nd Runner Up စဆုရရှိတဲ့ အိကေ ဇင်သန်းက ဆုငွေကျပ်သိန်း ၄ဝ ကျပ်လည်းကောင်း အသီးသီး ရရှိသွားခဲ့ပါတယ်။ title ဆုများအနေနဲ့ Miss Popular Award ကို စိုးရတနာထွန်း၊Miss Congeniality ဆုကို မေလီဆန်အောင်၊Miss Photogenic ဆုကို မိုးသဉ္ဇာလွင် တို့က ရရှိသွားခဲ့ပါတယ်။

ZAW_4341
နှစ်စဉ်မြန်မာခရီးသွားအဖွဲ့ချုပ်ရဲ့ Miss Myanmar International ပွဲကို ကျင်းပတာ ယခုနှစ်ဆိုရင် ၆ ကြိမ်မြောက် ရှိပြီဖြစ်ပါတယ်။ အလှမယ်ရွေးချယ်ပွဲကို ကျင်းပ ရတဲ့ အဓိကရည်ရွယ်ချက်ကတော့မြန်မာနိုင်ငံခရီး သွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် လုပ်ဆောင်တဲ့အခါမှာ သုံးစွဲဖို့အတွက် လိုအပ်တဲ့ ရန်ပုံငွေများ ရှာဖွေဖို့၊ အပြင်ရုပ် ရည်ချောမော လှပ ကာ ခန္ဓာကိုယ်အချိုးအစားပြေပြစ်မှုရှိပြီး ဗဟုသုတ ကြွယ်ဝဖို့ တင်ဆက်ပြသပုံစွမ်းရည်တွေ ပြည့်စုံတဲ့ အမျိုးသမီးငယ်လေးတွေ ရွေးချယ်ပြီး နိုင်ငံတကာ အလှမယ်ပြိုင်ပွဲတွေမှာ စေလွှတ်ပြီးမြန်မာနိုင်ငံရဲ့ ဂုဏ်ကို ဆောင်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပတာဖြစ် ကြောင်း သိရပါတယ်။ ဒီပြိုင်ပွဲမှာ ရွေးချယ်ခံရတဲ့ Miss Myanmar International 2017  အလှမယ် စဝ်ယွန်း ဝတီဦးက ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ Miss Myanmar International 2017  ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ် စားပြု အလှမယ် အဖြစ် သွားရောက် ယှဉ်ပြိုင်ရမှာဖြစ် ပါတယ်။

P-060

ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here