ဇာတ်လမ်းတွဲဆိုတာကလည်း ရေစီးကြောင်း တစ်ခုပါပဲ မင်းမော်ကွန်း

0
349

Min-Maw-Khaung-မင်းမော်ကွန်း ပါဝင်ရိုက်ကူးထားတဲ့ နေမဝင် နှလုံးသားများ ဇာတ် လမ်းတွဲကို MWD Documentary  ရုပ်သံလိုင်းမှာ ပြသနေပါတယ်။ ဒီဇာတ်လမ်းတွဲ မှာတော့ မင်းမော်ကွန်းကို ကာရိုက်တာအသစ်နဲ့ မြင်တွေ့ ရတာ ဖြစ်ပါတယ်။ “ကျွန်တော်က အဲဒီဇာတ်ကား မှာ တော်တော်တော့ ဗန့်တယ်။ အဖြေမရှိဘူး။ အနိုင်လိုချင်တယ်။ ငွေကြေးချမ်းသာချင် တယ်။ ကောက်ကျစ်တယ်။ နည်းမျိုးစုံနဲ့ အနိုင်ရဖို့ ကြိုးစားတယ်။ အဲဒီလိုမျိုးဖြစ်ပြီး နောက်ပိတ်ဆုံးမှာတော့ အကုန်လုံးကို အရှုံးပေး လိုက်ရတယ်။ အဲဒီလိုမျိုးပါ။ နောက်ပြီး ဒါက ကျွန်တော့် အတွက် ကာရိုက်တာ အသစ်ဖြစ်နေတဲ့အတွက်ကြောင့် ကျွန်တော်အကောင်း ဆုံးဖြစ်အောင်တော့ ကြိုးစားထား ပါတယ်” လို့ ဇာတ်လမ်းတွဲ မှာ သရုပ် ဆောင်ရတဲ့ ကာရိုက်တာအကြောင်းကို မင်းမော်ကွန်းက ပြောပြပါတယ်။

ဒီဇာတ်လမ်းတွဲကို Season 2 ပိုင်းခွဲပြီး သပြ သွားမှာဖြစ်ပြီး ဇာတ်လမ်းတွဲ အတွက် ဇာတ်ဝင်ခန်းများ ဆက်လက်ရိုက်ကူးဖို့ ရှိနေသေးကြောင်း ကို မင်းမော် ကွန်းက “ကြိုးစားထားတယ် ဆိုပေမယ့်လည်း အချိန်မလုံလောက်မှု အတိုင်းအတာကြောင့်  ဇာတ် လမ်းတွဲ က တချို့အခန်းလေးတွေ မရိုက် ရသေးဘူး။ မရိုက်သေးတဲ့ အချိန်မှာ ဘာဖြစ် လို့ အလောတကြီး ပြချင်ကြလည်း ကျွန်တော် တို့မသိဘူး။ အချိန် နည်းနည်းစောင့် ပြီးတော့ မှ ပြရင်တော့ ကျွန်တော်တို့ ဖန်တီးတဲ့ အတိုင်း တော်တော်ကောင်းတဲ့ ဇာတ်ကား တစ်ကားကို ပရိသတ်တွေကြည့်ရမှာပါ။ အခု ဒီ ဇာတ် လမ်းတွဲကို season ၂ပိုင်းခွဲပြီး ပြမယ်လို့ ပြောတယ်။ season ၁ဆိုရင် အခန်း၂၅ လောက် ရိုက်စရာ ကျန်သေးတယ်။ အခန်း ၂၅ ဆိုရင် ၃ ရက်စာလောက်ပေါ့။ အဲဒီ လိုမျိုး ထပ်ဖြည့် ရိုက်ရဦးမယ်။ အဲဒါ ပြီးသွားလို့ ရှိရင် season ၂ အတွက်ကျ တော့ သူက ရိုက်ကတည်းက ၂ခု စလုံးစာ ရိုက်တာဆိုတော့ season ၂ ကလည်း တစ်ဝက် ကျော်ကျော် ကျန်သေးတယ်။ ၁ဝပိုင်းလောက် မှာ အဲဒီဟာကို ပြန်ရိုက်ဖို့ ပေးထားပါတယ်။ ပရိသတ်တွေကလည်း အခုဆိုရင် ဇာတ်လမ်း တွဲကို အားပေးလာကြတယ်။ အဲဒါက ကောင်းပါ တယ်။ ဒီဇာတ်လမ်းတွဲ ဆိုတာလည်း ရေစီးကြောင်း တစ်ခုပါပဲ။ ပရိသတ်ဆီကို တိုက်ရိုက် ရောက်တယ်။ ပရိသတ်တွေလည်း စောင့်ကြည့်ကြတယ်။ စွဲလမ်းကြ တဲ့ အရာတစ်ခုလို့သိရတယ်” လို့ ပြောပါတယ်။

ဇင်မာနွယ် ၊
ဓာတ်ပုံ မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here