စိန်ပန်း ရုပ်ရှင် ထုတ်လုပ်ရေးရဲ့ ပထမဆုံး ရုပ်ရှင် ဘယ်လို ဇာတ်ကားမျိုး ဖြစ်မလဲ

0
87

padamyarပတ္တမြားကေခိုင်ရဲ့ စိန်ပန်း ဗီဒီယို နဲ့ ရုပ်ရှင် ထုတ်လုပ်ရေးက ဗီဒီယိုဇာတ် ကားတွေ ထုတ်လုပ် ရိုက်ကူးမှုကို ရပ်နား ထားတာ ၃ လ ကြာမြင့် ခဲ့ပြီ ဖြစ်ပါ တယ်။ ဇာတ်ကား ရိုက်ကူးမှု နားထား ရခြင်းက ဗီဒီယိုလောကရဲ့ အခြေအနေ ကို စောင့်ကြည့်နေတာ ဖြစ်တယ်လို့ လည်း သူကပြောပါတယ်။ ဗီဒီယို ရိုက်ကူးမှုတွေ နားထားပေမယ့်လည်း ရုပ် ရှင်ဇာတ်ကားကြီး ကိုတော့ ၂ဝ၁၇ ခုနှစ် နှစ်ဆန်းပိုင်းမှာ ဒါရိုက်တာ ထူးနွယ် အိမ်နဲ့ စတင်ရိုက်ကူးဖို့ စီစဉ်နေတယ် လို့ သိရပါတယ်။ စိန်ပန်း ထုတ်လုပ်ရေး ရဲ့ ပထမဆုံး ရုပ်ရှင် ဇာတ်ကားကို ဒါရိုက် တာထူးနွယ်အိမ်နဲ့ ရိုက်ကူးဖြစ်ခြင်း အကြောင်းကို မေးတဲ့ အခါမှာတော့ ..

သူ ရိုက်ကူးတဲ့ “ဓာတ်လှေကား” ဇာတ်ကားကို အစ်မ သဘောကျတယ် ။ အမျိုးသမီးတွေ အပေါ်မှာ အားပေးချင် တာလည်းပါတယ်။ သူက အလုပ်လုပ် တာလည်း ကောင်းတယ်။ ပြီးတော့ သူက Edit  လည်း လုပ်တတ်တယ်။ ဖြစ်ချင် တော့ သူ ဒါရိုက်တာ အဖြစ်နဲ့ ဝင်လာတဲ့ အချိန်မှာ ဗီဒီယိုလောကက ကမောက် ကမ ဖြစ်နေတော့ သူ့အနေ နဲ့ သိပ်ပြီး တော့ အရှိန် မကောင်း ဘူး ဖြစ်နေ တာ ပေါ့ လေ။ အဲဒါလေး ကိုလည်း အစ်မ အနေနဲ့ ဆက်ပြီးတော့ Carry လုပ်သွား ပေးချင်တယ်။ သူပြောတဲ့ ဇာတ်လမ်း လေးတွေ ကို လည်း သဘောကျတယ်။ ဇာတ်လမ်း ကတော့ စဉ်းစားနေတုန်းပါ ပဲ။ သူပြောတဲ့ ဇာတ်တွေ နဲ့ အစ်မလုပ်ချင် တာတွေနဲ့ ပေါင်းပြီးတော့ လုပ်ကြမယ်။ အစ်မ အနေ နဲ့ကတော့ နတ်သမီး ပုံပြင် ပုံစံမျိုးလေးတွေ ကြိုက်တယ်။ ဇာတ် အိမ်ဆန်းတာ မျိုးလေးတွေ ကြိုက်တယ်” လို့ ပတ္တမြားကေခိုင် က ပြောပါတယ်။

စိန်ပန်း ထုတ်လုပ်ရေး အတွက် ပထမဆုံး ရုပ်ရှင် ဇာတ်ကားကြီး ဖြစ် တဲ့အတွက် ရုပ်ရှင် ဈေးကွက်ကို တော် တော်လေ့လာ ပြီးတော့မှပဲ လုပ်ဖို့ စဉ်းစား ထားပြီး လက်ရှိဈေးကွက် နဲ့ပတ်သက်ပြီး လည်း မေးမြန်း ကြည့် ရဦးမှာဖြစ်ကြောင်း၊ ရုံတန်းစီ စနစ်နဲ့ ရုံပြိုင်စနစ် ဘယ်ကို တင်ရင် ကောင်းမလဲ ဆိုတာက အစ လေ့လာရမှာ ဖြစ်သလို ရုပ်ရှင် ဇာတ်ကားကြီး အတွက် Budget ကို လည်း အရင်တွက်ဖို့ လုပ်ရ ဦးမှာဖြစ် ကြောင်း၊  အဲဒီအတွက် လည်း ထုတ်လုပ် ရေး ပိုင်ရှင် တစ်ယောက် အနေ နဲ့ စိတ် လည်း လှုပ်ရှား မိကြောင်း၊ အနုပညာ အရ လည်း ကျန်ချင်သလို ငွေကြေး အရလည်း ရှုံးလို့ကလည်း မဖြစ်တဲ့ အတွက် တွက်ချက် ပြီးတော့ လုပ်ရမှာ ဖြစ်ကြောင်း လည်း ပတ္တမြားကေခိုင် က ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here