တရားဥပဒေနဲ့ ပတ်သက်တဲ့ဇာတ်ကား ဖြစ်တဲ့ အတွက် နည်းနည်းလေးမှ အတိမ်းအစောင်းမခံဘူး ဆုပန်ထွာ

0
239

Su-Pan-Htwer

သရုပ်ဆောင်ဆုပန်ထွာက ဒါရိုက်တာ အောင်ကိုလတ် ရိုက်ကူးမယ့် ‘ နေရယ် လရယ် အမှန်တရားရယ်’ဇာတ်လမ်းတွဲ အဆက်ကို စက်တင်ဘာလထဲမှာ ပါဝင်သရုပ်ဆောင် ရိုက်ကူးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။ ဒီဇာတ်လမ်းတွဲမှာလည်း ရှေ့နေကာရိုက်တာပဲ သရုပ်ဆောင်မယ့် ဆုပန်ထွာက ပထမဇာတ်လမ်းတွဲနဲ့ဇာတ်လမ်းပုံစံကွာခြားသွားမယ်လို့ ပြောပါတယ်။

” ဇာတ်လမ်းကတော့ အသစ်ဖြစ်မယ်။ မပန်တို့ ပထမဇာတ်လမ်းတွဲ ရိုက်ကူးကတည်း ကလည်း ဇာတ်လမ်းတွေက တစ်ပိုင်းနဲ့တစ်ပိုင်းမှာ အမှုတွေမတူဘူး။ ဒီတစ်ပိုင်းမှာ အမှုကတစ်မျိုး။ နောက်တစ်ပိုင်းမှာ အမှုကတစ်မျိုး။ မြန်မာပြည်မှာရှိတဲ့ Law တွေ၊ ပုဒ်မ တွေနဲ့ ဘယ်လိုရင်ဆိုင် ဖြေရှင်းကြလဲ၊ ရှေ့နေတွေက ဘယ်လိုကူညီပေးနေ လဲ ဆိုတာ ပရိသတ်သိအောင်ပေါ့။ တချို့နယ်ဘက်က တောသူတောင်သားတွေက ပိုက်ဆံ မရှိဘူး။ ဘယ်လိုလုပ်ရမှန်း မသိဘူး။ ဒီဇာတ်ကားလေးကြည့်ဖြစ်တယ် ဆိုရင် သူတို့ဘယ်ကို သွားရ မလဲ၊ ဘယ်သူနဲ့ သွားတိုင်ပင်ရမလဲဆိုတာ သူတို့သိသွားတယ်ပေါ့။ မပန်ထင်တယ်။ ဒုက္ခရောက်နေတဲ့ သူတွေအတွက် အကျိုးရှိတဲ့ ဇာတ်လမ်းတွဲ ဖြစ်မှာပါ” လို့ ပြောပါတယ်။

ပထမဇာတ်လမ်းတွဲက အောင်မြင်မှုရှိတဲ့အတွက် အခု ဇာတ်လမ်းတွဲ ရိုက်ကူးတဲ့အခါမှာ တော့ ပိုအားရှိသွားတယ်လို့ဆိုတဲ့ ဆုပန်ထွာက တရားဥပဒေနဲ့ ပတ်သက်တဲ့ ကားဖြစ်တဲ့ အတွက် ပိုဂရုစိုက်ရကြောင်း ပြောပါတယ်။

” သူတို့က နိုင်ငံခြားက Script နဲ့ သေချာရေးတယ်။ ပြီးတော့ ဒီဇာတ်ကားက တရားဥပဒေနဲ့ ပတ်သက်တဲ့ဇာတ်ကား ဖြစ်တဲ့ အတွက် နည်းနည်းလေးမှ အတိမ်းအစောင်း မခံဘူး။ တကယ်ရှေ့နေတွေဆိုရင် မပန်တို့ ရိုက်ကွင်းမှာ လာကြည့်နေတာ။ မှားမှာစိုးကြ တာ။ ရိုးရိုး ဇာတ်လမ်းလည်း မဟုတ်ဘူး။ ဒိုင်ယာလော့(ခ်)တွေက အစ ရှေ့နေ တွေ ပြောတဲ့အတိုင်း ပြောရတာ။ ခက်လည်းခက်ပါတယ်” လို့ ပြောပါ တယ်။လတ်တလောမှာ ဆုပန်ထွာကဒါရိုက်တာဇပါ၊ မိုခမ်းတို့ ရိုက်ကူးတဲ့ ‘ရည်းစားရှိလား’ ဇာတ်ကားကို ရိုတနဲ့အတူ ပါဝင်သရုပ်ဆောင်နေပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here