မွေးနေ့ အမှတ်တရ တစ်ကိုယ်တော် ဖျော်ဖြေပွဲ ပြုလုပ်မယ့် မာရဇ္ဇ

0
351

Mariza

မာရဇ္ဇက သူ့ရဲ့အသက် ၅ဝ နှစ်ပြည့် မွေးနေ့နဲ့ ဂီတသက်တမ်း ၂၅ နှစ် ပြည့် အမှတ်တရအဖြစ် ဂီတ ဖျော်ဖြေပွဲတစ်ခုကို အောက်တိုဘာလ ၂ဝ ရက် နေ့ သူ့မွေးနေ့မှာ ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။ ဒီပွဲကတော့ ရန်ကုန်မှာ မာရဇ္ဇရဲ့ လေးကြိမ်မြောက် တစ်ကိုယ်တော် ဖျော်ဖြေပွဲဖြစ်ပြီး MEBC Production နဲ့အတူ ပူးပေါင်းပြုလုပ်မယ်လို့ လည်း သိရပါတယ်။

“ကျွန်တော်က နှစ်တိုင်း အစဉ်အလာလေး တစ်ခုလိုဖြစ်အောင် ရန်ကုန် မှာ တစ်ကိုယ်တော် ပွဲတွေလုပ်ခဲ့တယ်။အရင်နှစ်တွေကလည်း မွေးနေ့မှာ လုပ်ချင်ခဲ့တာ။ ဒါပေမဲ့ ဇာတ်ရုံမှာဆိုတော့ ရက်မရတာနဲ့ဘာနဲ့ရှိတယ်။ အခု ဒီတစ်ခေါက်ပွဲကတော့ မျှော်စင်ကျွန်းမှာ လုပ်မယ်။ ကျွန်တော့်သီချင်းတွေ နဲ့ကလည်း Outdoor နဲ့ဆို ပိုလိုက်မယ်ပေါ့။ ပြီးတော့ ဈေးနှုန်းကိုလည်း သင့်တင့်တဲ့ အနည်းဆုံးဈေးနဲ့ လုပ်မယ်။ ဒီနှစ်မွေးနေ့က မွေးလ၊ မွေးရက်လည်း တိုက် နေတော့ လုပ်ဖြစ်တာ။ ကျွန်တော့်အနေနဲ့ ပွဲများများစားစား လည်း မဆိုဖြစ်ပါဘူး။ တစ်နှစ်တစ်ပွဲတော့ တစ်ကိုယ် တော်အနေနဲ့ ကောင်းကောင်းလုပ်ဖို့ တွေးထားတယ်။ ခုလည်း တစ် နှစ် တစ်ပွဲနှုန်းပါပဲ။ အဲဒီပွဲကိုတော့ ပရိသတ်နဲ့ အားရပါးရ ဖျော်ဖြေမယ်”လို့  မာရဇ္ဇက ပြောပါတယ်။ မာရဇ္ဇက ဒီပွဲကတော့ Outdoor ပွဲလည်း ဖြစ်တာကြောင့် ရော့ခ်သီချင်း အပြင်းစားတွေကို အဓိကထားပြီး သီဆိုဖျော်ဖြေသွားမယ်လို့ လည်း မာရဇ္ဇကပြောပြီး တစ်ကိုယ်တော် ဖျော်ဖြေပွဲဆိုတဲ့အတိုင်း သူနဲ့သူ့တီးဝိုင်း တစ်ဖွဲ့တည်းပဲ ဖျော်ဖြေသွားမယ်လို့လည်း ပြောပါတယ်။

“တစ်ကိုယ်တော် ဖြစ်တဲ့အတွက် တစ်ယောက်တည်းပဲဆိုမယ်။ ကျွန်တော့် မှာလည်း သီချင်းတွေ အများကြီးရှိတဲ့အတွက် တစ်ကိုယ်တော်ပဲ ဖျော်ဖြေသွား မှာပါ။ ပရိသတ်တွေလည်း သီချင်းတွေ ပြည့်ပြည့်ဝဝ နားထောင်နိုင်ဖို့ပါ” လို့  မာရဇ္ဇက ပြောပြခဲ့ပြီး စက်တင်ဘာလအတွင်းမှာတော့ သူ့ ရဲ့ အချိန်အခါ စီးရီး DVD ထွက်လာဖို့ရှိတယ်လို့လည်း သိရပါတယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here