ကြယ်ငေးသူတစ်ယောက်ရဲ့ည

0
222

star

ဘယ်တော့မှ မတောင်းခဲ့ ဖူးတဲ့ ဆုတစ်ဆု ပျောက်ရှအက်ကွဲသွားတဲ့အခါ … ဝမ်းနည်းပက်လက် ငိုကြွေးနေ ရမလား။ ဘဝဆိုတာ ရှုထောင့် အမျိုးမျိုးရှိတယ်။ ကြွေကျသွားတဲ့ သစ်သီးတစ်လုံးအပေါ် တချို့က ငို ကြွေး နေချိန်မှာ နယူတန်ကတော့ ကမ္ဘာမြေကြီးရဲ့ဆွဲအားကို ရှာဖွေတွေ့ ရှိခဲ့တယ်လေ။ နှမြောမိတာက ထာဝရမတည်မြဲခဲ့တဲ့ အဲဒီဆု တစ်ဆုဟာ စစ်မှန်ခြင်းမရှိခဲ့ ဘူးဆိုတာ သိခွင့်ရခဲ့တဲ့ အတွက် သက်သက်ပဲ။ ဒါ ပေမဲ့ ကျေးဇူးတင်ပါတယ်။ အရာအားလုံးအတွက်ပေါ့။ လမ်းလျှောက်ရင်းနဲ့ တွေ့သမျှ၊ မြင်သမျှ၊ ဖြတ်သန်းသွားရ သမျှဟာ ဦးနှောက်ထဲ စကဲန် ဖတ်သွားတဲ့ ခံစားချက်ရှုခင်း တွေ သာရယ်။ ကြယ်ကလေး၊ … ဘယ်လောက်အရောင် မှိန်ပါစေကွယ်။ ကိုယ်ပိုင်တဲ့ အလင်းရောင်ဟာ ကိုယ့်အတွက် တော့ ကိုယ်ပိုင်ဂြိုဟ်တစ်လုံးကို ကိုယ် စားပြုပါတယ်။

အခန်းတံခါးဖွင့် ဝရန်တာမှာ သွားရပ်။ ကြယ်ငေးမိတဲ့ ရာထောင် ချီညမျက်နှာစာတွေထဲက တစ်ည။ မီးမှိတ်နေမှ ကြယ်ကလေးတွေကို သေသေချာချာ ရှင်းရှင်းလင်းလင်း မြင်ရတယ်။ အနီးကအားကောင်းတဲ့ မီးလုံးကြည်ပြာ ထိန်ထိန်ထက် ဟိုး ဝေးဝေးက သေးငယ်မှိန်ဖျော့တဲ့ ကြယ်ကလေးတွေကို ပိုသဘော ကျမိတာ ကိုယ်ပါပဲ။ တစ်ခါတစ်ရံ တော့ မီးမှောင်တဲ့ညတွေကို ကိုယ် ကပိုပျော်တတ်တယ်။ ၂ဝ၁၂ ခုနှစ် ကစ ကိုယ်တို့မြို့မှာ နေ့တိုင်း မီး လာတယ်။ အရင်တုန်းကတော့ တစ်ရက်ခြားတစ်ခါမှ မီးပေးတတ် တာ။ မီးမှောင်တဲ့ နွေညတွေဆို ကိုယ်တို့တစ်အိမ်လုံး ဆက်တီခုံတွေ ချ၊ ကွန်ကရစ်မ ချောတချောခင်းထား တဲ့ အိမ်ရှေ့မှာ ဝိုင်းဖွဲ့ထိုင်ဖြစ်ကြ တယ်။ စကားနည်း တဲ့ကိုယ်ဟာ နား ထောင်သမား။ မျက်လုံးကတော့ နက်ပြာရောင်ကောင်းကင်ကြီးရယ် ၊ တစ်ခါတစ်ရံခုံး မျက်စလို လခြမ်း ကွေးခပ်ရိပ်ရိပ်၊ ဒါမှမဟုတ် တစ် ဝက်တိတိလခြမ်း၊ ဒါမှမဟုတ် ပြည့် ရွှန်းဝင်းပတဲ့ ငွေသော်တာ လနတ် သမီးအပါးမှာ တောက်တောက်ပပ ခစားနေကြတဲ့ ကြယ်ကလေးတွေ ရဲ့ညီလာခံကို ငေးမောမိမြဲ။ ကလေး ဆန်ဆန်ပဲ ငေးမောနေတုန်း ကြယ် တစ်ပွင့်ြေ<ွကသွားရင် ဟန်မဆောင် နိုင် ပန်မဆောင်နိုင် မျက်လုံးမှိတ်၊ လက်နှစ်ဖက်ထွေးဆုပ် ဆုတောင်း မိမြဲ။ အမှတ်တရ ကိုယ့်ရဲ့ကြယ် ငေးညများမှာ ကြယ်တွေတော်တော်ြေ<ွကခဲ့ဖူးပါတယ်။ ကြယ်ကြွေတိုင်း လည်း မြင်မိတိုင်း ဆုတောင်းခဲ့မိ တယ်။ ဆုတောင်းပြည့်မယ်ဆိုတဲ့ ယုံကြည်ချက်ကြောင့်မဟုတ်ခဲ့ဘူး။ ကိုယ့်ဆန္ဒတွေကို အလေးအနက်ပြု လှစ်ဟတိုင်တည်တဲ့ သဘောတရား ပဲပေါ့ ။ ဘာလို့လဲဆိုတော့ မပြည့်ဝ ခဲ့တဲ့ ဆုတွေ တစ်သီတစ်သန်းကြီး ကိုယ့်မှာ ရှိနေခဲ့လို့ပါပဲ ။

ဒါပေ မဲ့လည်း ခုထိကြယ်ကြွေတာမြင် တိုင်း ခပ်ပျော်ပျော် ဆုတောင်းမိတဲ့ ကလေးဟာ ကိုယ်ပဲ။ ကြယ်တွေကြွေ သွားတိုင်း ဘယ်များရောက်သွားလဲလို့ တစ်ခါမှ တွေးမကြည့်ခဲ့ဖူးဘူး။ ကောင်းကင်ကြီးကို ခွဲခွာသွားရလို့ သူဝမ်းနည်းမလားလို့လည်း မတွေး မိခဲ့ဘူး။ သြော် ကိုယ်တို့ဆန္ဒတွေကို ဖော်ထုတ်လှစ်ဟနိုင်ဖို့ သူနာနာကျင် ကျင် ကြွေ ပးတာလို့ တွေးမိရင် ကြယ်ကြွေ ကလေးအတွက် ဝမ်းနည်း အားနာမိတယ်။ ဒါပေမဲ့ ကောင်းကင် ဟာ ကြယ်တွေကြွေမြဲ ဖြစ်သလို၊ အားနာမိလို့ မကြွေပါနဲ့လို့ ကိုယ်တား လို့မရနိုင်ခဲ့ဘူး။ အခုထိလည်း ကောင်းကင်မှာ ကိုယ်မမြင်မိလိုက် တဲ့ ကြယ်ကလေးတွေ ကောင်းကင် ကနေ ကြွေဆင်းနေမြဲပါပဲ။ ကံကောင်း မှုတစ်ခုကတော့ ကိုယ်ငေးနေတဲ့ ကြယ်ကလေးတွေ တစ်ခါမှ မကြွေဖူး သေးဘူး။ ထမ်းပိုးကြယ် သုံးလုံးခြား နေတဲ့ မောင်ရင်ဆိုင်း ထမ်းကြယ်ပွင့် ကလေးနှစ်လုံးရယ်၊ တောက်ပရွှန်း လက်တဲ့သောကြာ ကြယ်စင်အကြီး ကြီးရယ်၊ ဟောဟို မြောက်ဘက်က ကြယ်စဉ်ညီနောင် ခုနစ်လုံးရယ်၊ သူတို့က တော့ ကောင်းကင်မှာ အစဉ်အမြဲ ချိတ်ဆွဲတွဲခို ကမ္ဘာမြေက ကြယ်ငေး သူ ကိုယ့်ကို ငုံ့ကြည့်နေ ဆဲပဲ။

မဟူရာလမိုက်ညမှာ ကြယ်က လေးတွေက ကိုယ်ရောင် ပိုလင်း တယ်။ လနတ်သမီး တခြား ကမ္ဘာကို အလည်သွားနေလည်း ကြယ် ကလေးတွေကတော့ လွှတ်တော် ညီလာခံတက် မြဲပါပဲ။ ကမ္ဘာမြေက ညလေညင်းကို ခံစားမယ်။ ကမ္ဘာ မြေရဲ့ကွေ့ကွေ့ကောက်ကောက် လမ်းတွေပေါ်က တွန့်လိမ်နေတဲ့ နီယွန်မီးရောင်စုံကို ငေးမယ်။ နက် မှောင်တဲ့ ကတ္တရာလမ်းမ ရှည်ကြီး ဟာ ဒီနေ့ညလို ကောင်းကင်နက် နက်နဲ့ ဘာတော်လဲဆိုတာ သူတို့ စဉ်းစားကြမယ်။ ကောင်းကင်ရဲ့ သီအိုရီက အုပ်မိုးခြင်း။ လွှမ်းမိုးခြင်း တစ်မျိုး။ ပေတရာလမ်း မကတော့ အနင်းခံ။ အဖြည့်ခံ ဖိနပ်တွေ၊ တာယာဘီးတွေ လိုချင်တဲ့ခရီး ရောက်အောင် အနာခံပြီး ပို့ဆောင် ပေးတယ်။ အပြုံးမပျက် ညည်းညူသံ မကြားရတာတော့ သူတို့နှစ်ယောက် စလုံးဆီကပဲ။ ဘဝဆိုတာက ကိုယ့် ဖြစ်တည်မှုနဲ့ကိုယ် တစ်ခါတစ်ရံ ကြယ်ကလေးတွေလို ကိုယ်လည်း ငေးမောကြည့်နေရုံပဲ။ ဘာများတတ် နိုင်ဦးမှာလဲ။ လောကသီအိုရီပုစ္ဆာ ခပ်ဆန်းဆန်းတွေမှာ တစ်ခါတစ်ရံ အဖြေတွေဟာ တစ်ဖက်စောင်းနင်း ဆန်တတ်တယ်။ ဥပမာ … နာမည် ကြီးတဲ့ တချို့ကြယ်တွေဟာ ဘယ် တော့မှမကြွေကျသလိုပေါ့ ။ တချို့ ကြယ်ကလေးတွေကတော့ ကြွေသွား မှပဲ သူတို့တည်ရှိခြင်းကို အသိအမှတ် ပြုလိုက်ကြတာမျိုး ။ ဗင်းဆင့်ဗန်ဂိုးရဲ့ နှလုံးသားဆီ အချိန်ပြောင်းပြန်ခရီးဆန့်ပြီးများ ဝင်ကြည့်ရင် ဘယ်လိုများ နေမလဲ။ သူကတော့သူချစ်တဲ့ အမျိုး သမီးအတွက် တောင့်တတဲ့ အရာ ဝတ္ထုတိုင်း ဖြည့်စွမ်းနိုင်ရုံနဲ့ပဲ သူ့ဘဝ၊ သူ့အနုပညာကို ကျေနပ်သွားခဲ့ သလား။ သူရဲ့အင်စပီရေးရှင်းမှာ အဲသည်မိန်းမဟာ လောင်စာဆီလား၊ ဒါမှမဟုတ် အဖျက်သမားသက် သက်လားဆိုတာ ကိုယ်ခွဲခြမ်းစိတ်ဖြာ နေမိတယ်။ ဆိုက်ပရပ်စ်လမ်းဟာ အုတ်ဂူပေါ်ကျမှ ရွှေစာလုံးတင်ပေး လိုက်တဲ့ အံ့မခန်းနာမည်ကျော် အကြောင်းကို သမိုင်းအဆက်ဆက် သီချင်းတစ်ပုဒ် တီးတိုးညည်း ဆိုနေ ဆဲပေါ့။

ညတွေဟာ ကြယ်တွေရှိမှ ပြည့် စုံတယ်။ အဲဒီအတွက် မိုးည တွေကို မုန်းသလားဆိုတော့ ကိုယ်မုန်းလို့ မရတတ်ဘူး။ မိုးညရဲ့ အေးစိမ့်မှုနဲ့ ရေခိုးတွေကပ်တွယ်နေတဲ့ စိုထိုင်း ထိုင်းလေအေးအေးဟာ အခန်းထဲ မှာ တစ်ယောက်တည်း တွေးလို့၊ ကွေးလို့သိပ်ကောင်းပေါ့။ စိတ်ကူး တွေလည်း မိုးရေဆွတ်လို့ လန်း ဆန်းနေတတ်တယ်။ လျှပ်စီးမိုးကြိုးနဲ့ ဆူညံတဲ့အခါ ငြိမ်သက်စွာ လွင့်မျော တဲ့ ကြယ်အစုံနဲ့ညကလေးတွေကို လွမ်းမိတယ်။ တိမ်ခိုးထူထူနဲ့ မိုးည တွေမှာတော့ ကောင်းကင်ကို မော့ ကြည့်ရင်း ဘယ်နေရာကတော့ ဘယ် ကြယ်ကလေးလို့ စိတ်ကူးထက် အရုပ် ရေးနေခဲ့တယ်။ တိမ်ထူထူအုံ့ ဆိုင်း နေတဲ့ညမှာတော့ ကြယ် ကလေးတွေ ကို ဘယ်မြင်တွေ့ခွင့်ရှိပါ့မလဲ။

တိမ်ထူတဲ့ကိုယ့်ညတွေဟာ မတောင်းခဲ့ဖူးတဲ့ဆုတစ်ဆုပါပဲ။ မမျှော်လင့်ဘဲ ရောက်လာတော့လည်း နေသားတကျ အုံ့မှိုင်းမှုမှာ ပျော်ရွှင် တတ်အောင် သင်ယူခဲ့တယ်။ မိုး သားမိုးရိပ်တွေနဲ့ ကမ္ဘာမြေမိုး ရေ စက်တွေနဲ့အေးမြဖို့ မည်းမှောင် ညို ရီတဲ့တိမ်ထုတွေဟာ ကမ္ဘာမြေ အတွက် တကယ့်လိုအပ်ချက်တစ် ရပ်ပါပဲ။ ငွေ့ရည်ဖွဲ့တဲ့ တိမ်ခိုးတွေ ပျောက်ကွယ်သွားဖို့ ကိုယ့်ညတွေ ခပ်စိပ်စိပ်ကျဲပက်ကျတဲ့ မိုးရေစက် ခပ်စိမ့်စိမ့်တွေ စွတ်စိုခဲ့ရတယ်။

မြောက်လေညင်းက နှင်းမှုန် တွေဖြန့်ဝေပြီး ရောက်လာတဲ့အခါ တိမ်ထူတဲ့ညတွေ ပြေးထွက်သွားခဲ့ ပြန်တယ်။ ကြယ်တွေကတော့ ဒီ အတိုင်းပဲ။ ကောင်းကင်မျက်နှာပြင် မှာ အရင်အတိုင်း ပြန်လည်တွဲခို တောက်ပနေပြီ။ အရိုးကွဲအောင် မအေးဘဲ ကဗျာဆန်ဆန်အေးစိမ့် တဲ့ ရသဖြည့်စွမ်းတဲ့ တိမ်ထူတဲ့ ညက လေး ကတော့ ကျောခိုင်းထွက်သွား ပါပြီ။ အုံ့မှိုင်းတဲ့ဂီတနဲ့ အစိမ်းရင့် ရောင် ကမ္ဘာကြီးဟာ လတ်လတ် ဆတ်ဆတ်ခံစားချက်ကို ရေးခြယ် တုန်းပဲ။ မိုးညလွန်မြောက်သွားတော့ ကိုယ့်ကြယ်ကလေး ကိုယ့်အရောင် ကိုယ် ပြန်မြင်ရပြန်ပြီပေါ့။

ကြယ်ကလေး ဘယ်လောက် အရောင်မှိန်ပါစေကွယ်။ ကိုယ်ပိုင်တဲ့ အလင်းရောင်ဟာ ကိုယ့်အတွက် တော့ ကိုယ်ပိုင်ဂြိုဟ်တစ်လုံးကို ကိုယ် စားပြုပါတယ်။ နွေ၊ မိုး၊ ဆောင်း ဘယ်လိုပဲ ညရဲ့ရသတွေ ပြောင်း ပါစေ။ ကြယ်ကလေးကတော့ ည တွေမှာ ကောင်းကင်ရိုလာကို စတာ ပေါ် ခိုစီးရင်း ကြွေကျမယ့် အချိန်ကို စောင့်ဦးမယ်။ အလင်း နှစ်သန်း ပေါင်းများစွာအဝေးက ဖွင့်ထားတဲ့ ရင်ဘတ်နဲ့ ခံစားချက်တွေ ဝှက် မထားတတ်တဲ့ ကြယ်ကလေးတွေရဲ့ သက်တမ်းဟာ ကမ္ဘာမြေကလူသား တွေထက် ပိုပြီးကြာရှည်တည်မြဲတာပဲ။

ကိုယ့်ရဲ့ကြယ်၊ ညတွေဘယ်လို ပြောင်းပြောင်း သူ လင်းလက်နေဦး မှာပါပဲ ။ ဘယ်သူ့ကိုမှ အပြစ်မတင်ဘဲ ညတွေရဲ့တည်ရှိခြင်းကို တီးတိုး ကျေးဇူးစကားဆိုရင်းနဲ့ပေါ့။ ကိုယ့် ညတွေမှာ ကြယ်တွေဟာ ကိုယ့် အပေါ် လင်းလက်နေဆဲပါပဲ။

လေပြည်ချမ်းချမ်း


LEAVE A REPLY

Please enter your comment!
Please enter your name here