အမေရိကန်မှာ ဒါရိုက်တာ ပညာရပ်ကို သင်ယူခဲ့တဲ့ မြန်မာ့အမျိုးသမီး ဒါရိုက်တာ ခရစ္စတီးနားခီက သူ့ရဲ့ပထမဦးဆုံးဇာတ်ကား ‘မုဒြာရဲ့ခေါ်သံ’ကို ရိုက်ကူးခဲ့ပါတယ်။ ပထမဆုံး ပွဲဦးထွက်ဇာတ်ကား က နိုင်ငံတကာ ရုပ်ရှင်ပြပွဲ မှာ ပါဝင်ပြသခွင့်ရခဲ့သလို ဒုတိယမြောက် ‘ဥပါယ်တံမျဉ်’ဇာတ်ကားကလည်း ပရိသတ်စိတ်ဝင်စားမှု မြင့်တက်ခဲ့ပါတယ်။ ဒါရိုက်တာ ခရစ္စတီးနားခီကို တော့ မြန်မာ့ရုပ်ရှင်နဲ့ပတ်သက်ပြီးကမ္ဘာကို ထိုးဖောက်ဖို့အတွက်သူမ အမြင်ကို မေးတဲ့အခါ…………
“ပထမဦးဆုံးက ကမ္ဘာကိုထိုးဖောက်တော့မယ်ပေါ့နော်။ အင်တာ နေရှင်နယ်ဆိုတဲ့ စကားကို အရမ်းပြောလာကြတယ်။ လူငယ်လောကမှာ ဒီစကားက အရမ်းခေတ်စားနေတယ်။ အစ်မအမြင်ပြောရရင် ဒီရုပ်ရှင်ရဲ့ အခြေခံကို တတ်ကိုတတ်သင့်တယ်။ ဒီနေ့ရုပ်ရှင်ရိုက်ကူးတဲ့သူ အများစုက အရင်ဆုံးစာတွေ့ကို မကျေတာကများတယ်ပေါ့။ အစ်မတို့ရုပ်ရှင်မှာ သီအိုရီရှိ တယ်။ ရုပ်ရှင်မှမဟုတ်ဘူး။ စိတ်ပညာမှာလည်း သီအိုရီရှိတယ်။ အိမ်ဆောက် ရင်လည်း သီအိုရီရှိတယ်။ အားလုံးကအောက်ခြေကပဲ လာကြရတယ်။ အောက်ခြေဆိုတဲ့နေရာမှာ အလုပ်ကြမ်းဘဝကလာတာကို ပြောတာမဟုတ် ဘူး။ အစ်မဆိုလိုတာက စာဖတ်တာကိုပြောတာ။ တည်းဖြတ်မှာ သီအိုရီရှိတယ်။ ရိုက်ကူးရေးမှာလည်း သီအိုရီရှိတယ်။ အကုန်လုံးက သီအိုရီရှိတယ်။ အဲဒီအရာတွေက ကျောင်းသွားတက်မှတတ်မှာလားဆိုတော့ မဟုတ်ဘူး။ စာဖတ်လို့ရတယ်။ အခုခေတ်မှာ အင်တာနက်မှာရှာဖတ်လို့ရတယ်။ ဒါပေမဲ့ ဘာသာစကား တစ်ခုကြောင့်မို့လို့ မလုပ်နိုင်တဲ့ကလေးတွေလည်း ရှိကောင်းရှိ မယ်။ အဲဒီလိုဆိုရင် အစ်မအကြံပေးချင်တာက ပထမဦးဆုံး စာဖတ်ပါ။ စာဖတ်တာကို မတတ်ဘူးဆိုလို့ရှိရင် အင်္ဂလိပ်ကျောင်းတက်ပါ။ မတက်နိုင် ဘူးဆိုရင် သိတဲ့သူတွေကို မေးမြန်းပါ။
ဒီပညာတွေက အလကားချပြ ထားတာမဟုတ်ဘူး။ အောက်ခြေ အခြေခံကို နိုင်အောင်ကြိုးစားရမယ်။ နောက်တစ်ခုက အင်တာနေ ရှင်နယ်မှာ လုပ်ပုံကိုင်ပုံက Pre Production ကနေ Post Production လုပ်ပုံကိုင်ပုံတွေ ရှိတယ်။ ဒီအဆင့်ထဲကနေ ခုန်ပျံကျော်လွှားပြီး လုပ်မယ်ဆိုရင် ဘယ်လိုမှမဖြစ်နိုင်ဘူး။ အဲဒီလိုမျိုးသာ မြန်မြန်ဆန်ဆန်ရိုက်ကူးလို့ရမယ်။ မြန်မြန်ဆန်ဆန်လုပ်လို့ရမယ်ဆိုရင် ဟောလိဝုဒ်က ကိုယ့်ထက်တောင် ပိုလည်သေးတယ်။ နှစ်ပတ်နဲ့ ရိုက်ပြ လိုက်မှ ပေါ့။ မရလို့သာပဲ သူတို့တွေက ဇာတ်ညွှန်းတွေကို ၃ နှစ်၊ ၅ နှစ် အချိန်ယူပြီး လုပ်ကြတယ်။ ဒီဇာတ်ညွှန်းဆရာ မကြိုက်ရင်နောက် ဇာတ်ညွှန်း ဆရာပြောင်း။ ပိုက်ဆံတွေ အကုန်ခံပေါ့။ ဘာကြောင့်လဲဆိုတော့ တိတိကျကျ လိုက်နာရမယ့် အရာတွေကို လိုက်နာပြီးတော့မှ ရုပ်ရှင်ဇာတ်ကားကောင်းတွေ ထွက်လာတာ။ သူတို့မှာ ဆင်းတစ်ဆင်းကို တစ်လအချိန်ယူတယ်ဆိုတာ ဒါအပိုတွေ လုပ်တာမဟုတ်ဘူး။ အင်တာနေရှင်နယ်သွားဖို့ဆိုရင် အစ်မတို့နိုင်ငံမှာ အချက်နှစ်ချက် ပြဿနာတက်နေတယ်လို့ မြင်တယ်။ ပထမဦးဆုံးကတော့ ဇာတ်ညွှန်းပေါ့။ လိုင်းတွေက တစ်ခုနဲ့တစ်ခု ချိတ်ဆက်မရှိဘူး။ မရှိတဲ့အပြင် သာမာန်လူတွေလို စကားမပြောဘူး။ ပြဇာတ်တွေလို စကားပြောတယ်။ ကဗျာလိုလို၊ စာလိုလို စကား ပြောတယ်။
တချို့ဒိုင်ယာ လော့စ်တွေကို နားမလည်ဘူး။ သူဘာဆိုလိုချင် တာ၊ သာမန်မှာတော့ အစ်မတို့စကားပြောရင် ရိုးရိုးပဲ ပြောကြတယ်။ ကွန့်နေရင် ငပေါကောင် လို့ စိတ်ထဲမှာ ပြောကြမယ်ပေါ့။ အဲဒီအတိုင်းပဲ သဘာဝနဲ့ အနီးစပ်ဆုံးရှိရမယ်။ နောက် တစ်ခုက အင်တာနေရှင် နယ် သွားဖို့ဆိုပြီး ကင်မရာ စက်ပစ္စည်း အကောင်းကြီးတွေ သုံးကြ တယ်။ ကာလာကော်လက်ရှင် အများ ကြီးတွေသုံးကြတယ်။ တကယ် တော့ အဲဒါတွေ မဟုတ်ဘူး။ အစ်မတို့ ဆီမှာ အားအနည်းဆုံးက သဘာဝနဲ့ အနီးစပ်ဆုံးအိုင်တီဗီ၊ အီမိုရှင်းကိုရင်ထဲ ကနေ သေသေချာချာ၊ ကျကျနန မထုတ် နိုင်ဘူးလို့ အစ်မမြင်တယ်။ လက်ရှိ အင်တာ နေရှင်နယ် တကယ်သွားချင်ရင်အဲဒီအချက် နှစ်ချက်ကို ပြင်ဖို့လည်း လိုတယ်။ သူများ တကာစေ့စေ့စပ်စပ်၊ တိတိကျကျ ရိုက် ကူးသလိုကိုယ်လည်း ရိုက်ကူးနိုင်မှ အင်တာနေရှင်နယ်ကို သွားလို့ ရမယ်လို့ အစ်မမြင်ပါတယ်” လို့ ပြောပါ တယ်။
မျိုးကျော် (ကနောင်သွေး)
ဓာတ်ပုံ-အောင်ဇော်မင်း