အတွဲစီးရီး တစ်ခွေစီစဉ်ချင်တဲ့ အစ္စဏီ

0
151

Isni

အဆိုတော်အစ္စဏီက ပုဂံတစ် ဖက်ကမ်းရှိ အနောက်သီရိကျေးရွာ ရေတိုက်စားမှု အတွက် သွားရောက် လှူဒါန်းမှုကို Myanmar Media 7 အဖွဲ့ နဲ့ အတူ ဇူလိုင်လ ၃ဝ ရက် နေ့က သွားရောက်ခဲ့ပါတယ်။

အစ္စဏီက ကျန်ခဲ့တဲ့ကာလ တွေမှာ ဂီတအလုပ်တွေအနည်းငယ် ခြေလှမ်းကျဲ နေခဲ့ပြီး ခုချိန်မှာတော့ ဂီတအလုပ်တွေကို ပြန်လည်လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။ “ကျွန်တော် ဒီကြားထဲမှာ သီချင်းတွေ သိပ်မဆိုဖြစ်ဘူး။အခုတော့ ကျွန်တော် သီချင်းတွေပြန်ဆိုပြီး ဂီတအလုပ်တွေ ပြန်လုပ် နေပြီဆိုတာလည်း ပရိသတ်တွေကို အသိပေးချင်ပါတယ်။ တကယ်အားစိုက်ပြီးပြန်လုပ်နေပါပြီ။ ဒီကြားထဲမှာ တစ်ကိုယ်တော် အနေနဲ့ ထွက်မလာ ဖြစ်သေးရင်တောင် တစ်ပုဒ်ချင်းပဲ ဖြစ်ဖြစ် အွန်လိုင်းက ဖြစ်ဖြစ် တင်ပေးသွားဖို့ ရှိပါတယ်။ကျွန်တော်က အတွဲခွေအနေနဲ့လည်း မဆို တာကြာပြီဆိုတော့ သီချင်းသစ်တော့ လောလောဆယ် မရှိဘူး။ ဒါပေမဲ့ တစ်ပုဒ် ချင်းစီ လုပ်ထားတာတွေတော့ ရှိပါတယ်။အဲဒါတွေကိုလည်း မကြာခင်မှာ ဖြန့် ချိနိုင်ဖို့  ကြိုးစားပါ့မယ်”လို့ အစ္စဏီ ကပြောပြီး အတွဲစီးရီးများထဲက သီချင်း တစ်ပုဒ်စီနဲ့ ကျော်ကြားခဲ့တဲ့ သူ့အနေနဲ့အချစ်သီချင်း သီးသန့်ကို အတွဲ စီးရီးအနေနဲ့ စီစဉ်ချင်တဲ့ ဆန္ဒလည်းရှိကြောင်း သိရပါတယ်။

“အခုနောက်ပိုင်းတော့ အတွဲစီးရီးတွေထွက်တာ သိပ်မတွေ့ ဘူး။ကျွန်တော့်အနေနဲ့  ဆန္ဒလေး တစ်ခုရှိတာက မိတ်ဆွေ သူငယ်ချင်း တွေနဲ့ စုပြီး အတွဲစီးရီးလေး တစ်ခေါက်လောက် လုပ်ချင်တယ်။ အချစ် သီချင်းတွေချည်း သီးသန့်ပေါ့။အဲဒီ လိုလေး အစီအစဉ်တော့ ရှိတယ်”လို့လည်း အစ္စဏီက ပြောပြခဲ့ပါတယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here