ဘဝလက်တွဲဖော် ရှိလာရင် ပရိသတ်တွေကို အသိပေးသွားမှာပါ အလှမယ် မေဘရဏီသော်

0
206

May-Bayani-Thaw-(1)

Miss Universe Myanmar 2015 အလှမယ် မေဘရဏီသော်က လတ်တလော မှာ ခန္ဓာကိုယ်ကျန်းမာ လှပဖို့အတွက် ဝိတ်ချနေပါတယ်။ ဝိတ်ကျအောင် ကြိုးစားခဲ့ပုံကိုတော့ အလှမယ်မေဘရဏီသော်က……..

“ဝိတ်ကျအောင်လည်း တော်တော်လေး ကြိုးစားခဲ့ရတယ်။ ဝိတ်ချနည်းကတော့ ထမင်းကတော့ စားဖြစ်တယ်။ အစာမစားခင် သစ်သီးကို အရင်စား လိုက်တယ်။ အားကစားကို ၂နာရီလောက် လုပ်ဖြစ်တယ်။ တစ်ခါတလေ မြင်းစီးတာ တွေလည်း လုပ်ဖြစ်တယ်။ အစားအသောက်ကိုလည်း အခုနောက်ပိုင်း ကယ်လိုရီများတာ တွေကိုလည်း ရှောင်ဖြစ်ပါတယ်”လို့ ပြောပါတယ်။မေဘရဏီသော်က လတ်တလောမှာ သူ့ရဲ့အချစ်ရေးကအေးအေး ဆေးဆေးပဲဖြစ်ပြီး ဘဝအတွက် လက်တွဲဖော် ရှိလာပြီဆိုရင် ပရိသတ်တွေကို အသိ ပေးသွားမှာပါလို့ ဆိုပါတယ်။ ဘယ်လိုလက်တွဲဖော်မျိုး ရွေးချယ်သွားမလဲ ဆိုတာကိုတော့ အလှမယ် မေဘရဏီသော်က………..

“မိန်းကလေးတစ်ယောက်အတွက် ကတော့ ကိုယ့်အိပ်မက်ထဲက ချစ်သူဆိုရင် အမြဲတမ်း Perfect ဖြစ်တဲ့ သူတစ် ယောက်ကိုပဲ လိုချင်ကြတာပဲ။ ဒါပေမဲ့ တကယ့်တကယ်ကျတော့ ကိုယ့်အတွက် မှန်ကန်တဲ့ သူတစ်ယောက်ကို ရွေးချယ်ဖို့က အဓိက ဖြစ်သွားတယ်။ ကိုယ့်အပေါ် နားလည်ရမယ်။ ကိုယ့်မိသားစုကို နားလည်ရမယ်။ ကိုယ့်ရဲ့လုပ်ငန်းအပေါ်နား လည်ရမယ်။ အဲဒီအတိုင်းပဲ ကိုယ်ကလည်း သူ့အပေါ် နားလည် နိုင်တဲ့လူဖြစ်မှ ဘဝလက်တွဲဖော်ကအဆင်ပြေမယ်လို့ ထင်ပါတယ်”လို့ ပြောပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here