တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ဒီနှစ်ထဲမှာပြုလုပ်မယ့် ရဲလေး

0
238

Ye-Lay

ရဲလေးက နှင်းဆီအဖွဲ့သားများနဲ့အတူ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ရိုက်ကူးမယ့် Rose Rider  ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်မှာ ဖြစ်ကြောင်း သိရပါတယ်။ ဒီဇာတ် ကားမှာ ပါဝင်သရုပ်ဆောင်ရတာနဲ့ ပတ်သက်ပြီး…

“ဒီဇာတ်ကားထဲမှာ ကျွန်တော်က  Rider  တစ်ဦး ဖြစ်တဲ့အတွက် ဆိုင်ကယ်မောင်းတာတွေ လေ့ကျင့်ထားတယ်။ နောက်ပြီး ဒီဇာတ်ကား ထဲက ကာရိုက်တာကိုလည်း စိတ်ထဲမှာ နှစ်ပြီး ကိုယ့်ကိုယ်ကိုယ် ဒီဇာတ်ကားထဲက ဇာတ်ကောင်အတိုင်းဖြစ်အောင် ကြိုးစား ပြင်ဆင်ထားပါတယ်။ အဝတ် အစားပိုင်းမှာဆိုလည်း Rider တစ်ယောက်အနေနဲ့ ဝတ်တဲ့စတိုင်တွေ လေ့လာထားတယ်။ အပြောအဆိုတွေကအစ အကုန်ပြင်ဆင်ထားပါ တယ်”လို့ ပြောခဲ့ပါတယ်။

အဆိုတော် ရဲလေးက သူ့ရဲ့ ၉ ခွေမြောက် တေးစီးရီးထွက်ဖို့လည်း သီချင်းများ ရေးစပ်နေပြီး တစ်ကိုယ်တော် ဖျော်ဖြေပွဲလုပ်ဖို့လည်း စီစဉ် ထားကြောင်း သိရပါတယ်။ သူ့တစ်ကိုယ်တော် Show နဲ့ ပတ်သက်ပြီး တော့လည်း ရဲလေးက”ဒီနှစ်ထဲမှာ ကျွန်တော်ရဲ့ တစ်ကိုယ်တော်ဖျော် ဖြေပွဲရှိပါတယ်။ ပွဲနီးရင်တော့ ပရိသတ်ကိုပြောပြပါမယ်။ ဘယ်လမှာလုပ် ဖြစ်မယ် ဆိုတာတော့ ပရိသတ်တွေ စောင့်ကြည့်ပေးကြပါလို့ ပြောချင်ပါတယ်။ ကျွန်တော့်ပွဲကို လာရင်တော့ ပရိသတ်တွေအားလုံး ပျော်ရမယ်။ ကြည်နူးရမယ်။ ဘယ်သူနဲ့မှ မတူတဲ့ Performance လေးတွေ စီစဉ်ထားပါတယ်။ ဒီပွဲအောင်မြင်မှ တခြားပွဲတွေ ဆက်လက်ချီတက်လို့ရမှာဖြစ်တဲ့အတွက် ဒီရန်ကုန် ပွဲကို အကောင်းဆုံးပြင်ဆင်နေပါတယ်။ ဒီရန်ကုန်ပွဲ အောင်မြင်မှလည်း တခြားမြို့ တွေကို ချီတက်လို့ ရမှာပါ”လို့ ပြောခဲ့ပါတယ်။

ဇော်ဝင်းအောင်

ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here