အသက် ၂၇ နှစ်ပြည့် မွေးနေ့ကို အလှူတွေနဲ့ ဖြတ်သန်းခဲ့တဲ့ ဝင့်ယမုံလှိုင်

0
327

Wit-Yamone-Hlaing

သရုပ်ဆောင် ဝင့်ယမုံ လှိုင်က သြဂုတ်လ ၁ ရက်နေ့တုန်းက ကျရောက်ခဲ့တဲ့ သူမရဲ့ ၂၇ နှစ်ပြည့် မွေးနေ့ ကို စမ်းချောင်းမြို့နယ်ရှိ ‘ဇေယျသုခ ကျောင်းတိုက်’မှာ မွေးနေ့အလှူ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါမွေးနေ့နဲ့ ပတ်သက်ပြီးတော့ ဝင့်ယမုံလှိုင်က …………

“ညီမ မနှစ်က မွေးနေ့မလုပ် ဖြစ်ဘူး။ ဒီနှစ်သြဂုတ်လ ၁ ရက်နေ့ မွေးနေ့မှာ ဘုန်းကြီးကျောင်းမှာ နေ့ဆွမ်းကပ်တယ်။ ဝါဆိုသင်္ကန်းကပ်တယ်။ ပြီးတော့ ပရိသတ်တွေကို နေ့လယ်စာနဲ့ ဧည့်ခံတယ်။ အမှန် တော့ ဒီထက်ပိုလုပ်ချင်တယ်။ ညီမ စိတ်ဆန္ဒအရ မိဘမဲ့ဂေဟာတွေ၊ နာရေးကူညီမှုအသင်းတွေကို ညီမ သွားလှူသလိုမျိုးလုပ်ချင်တယ်။ ဒါပေမဲ့ ဒီနှစ်ကလုံးဝအချိန်မရဘူး။ မွေးနေ့ပြီးတဲ့ညနေမှာပဲ ညီမအလုပ် လက်ခံထားတာရှိလို့ ဘာမှမလုပ် လိုက်နိုင်ဘူး။ အဲဒီတော့ဖြစ်နိုင်ရင်ညီမတတ်နိုင်တဲ့ အနေအထားကနေ ပြည့်ပြည့်ဝဝ လှူချင်တယ်”လို့ ဆိုပါတယ်။

သရုပ်ဆောင်ဝင့်ယမုံလှိုင်က ဒရာမာကာရိုက်တာတွေအမြဲ ရိုက်ကူးနေရတဲ့အတွက် ပရိသတ်တွေ အသစ်အဆန်းဖြစ်သွားအောင် ဟာသကာရိုက်တာလေး ပြောင်းလဲရိုက်ကူးဖို့ရှိကြောင်းကို ….

“ညီမအခုဆိုရင် ‘ပျော်ရွှင်ခြင်း ဝိညာဉ်’ဇာတ်လမ်းတွဲလေး ရိုက်ကူးဖို့ရှိတယ်။ ဟာသဇာတ်လေးပါပဲ။ ညီမ အရင်တုန်းက ဒရာမာတွေပဲ ရိုက်တာများတယ်။ အခုနောက်ပိုင်း ဟာသဇာတ်ကားတွေလည်း ရိုက်ကူး လာရတယ်။ ဟာသဇာတ်ကား အတွက် ပြင်ဆင်မှုဆိုတာထက် ဇာတ်ညွှန်းအရ ကိုယ်တတ်နိုင်သ လောက်လိုက်ပြင်ဆင်ရတယ်။ ညီမ ကာရိုက်တာတွေကို အရမ်းပြောင်း ရိုက်ချင်တယ်။ အခုဟာသဇာတ်ကား ရိုက်ကူးရမှာဆိုတော့ ကွက်တိဖြစ်သွား တယ်။ ပရိသတ်တွေလည်း အမြင်တစ်မျိုး ဆန်းသွားအောင်လို့ ရိုက်ဖြစ်တယ်”လို့ ပြောပါတယ်။

“အခု MRTV-4 ကလွှင့်နေတဲ့ ‘သံစဉ်များဖြင့် ဖွဲ့သီသော’ ဇာတ် လမ်းတွဲကို ပရိသတ်အားပေးတာတွေ့ရတော့ပျော်တယ်။ အဲဒီထဲက ကာရိုက်တာတွေကလည်း အရင်က ညီမသရုပ်ဆောင် ထားတဲ့ ကာရိုက်တာတွေနဲ့ နည်းနည်းကွာတယ်။ ခက်ထန်မာကျော တဲ့ပုံစံဆိုတော့ ပရိသတ်တွေ တစ်မျိုးမြင်မှာလည်း ကြောက်တယ်” လို့လည်း ဝင့်ယမုံလှိုင်ကဆိုပါတယ်။

အခုလတ်တလောမှာ ဝင့်ယမုံလှိုင်က ပညာပေးဇာတ်လမ်းတွေ လည်း ရိုက်ကူးဖို့ရှိပြီးဇာတ်လမ်းတွဲအသစ်တွေလည်း ရိုက်ကူးဖို့ စီစဉ်နေကြောင်းသိရပါတယ်။

ချယ်ရီ

ဓာတ်ပုံ-အေးဇော်မိုး(စက်မှု)


LEAVE A REPLY

Please enter your comment!
Please enter your name here