ဇော်မင်းဦးရဲ့ကိုယ်ကျင့်တရားကိုပွဲထုတ်ပြီ

0
142

zaw-1

Myanmar Idol Season1 ဇော်မင်းဦးရဲ့ ‘ ကိုယ်ကျင့်တရား’ တစ်ကိုယ်တော် တေးစီးရီးကို သြဂုတ်လ ၃ ရက်နေ့က Orchid Hotel မှာ ကျင်းပခဲ့ပါတယ်။အဆိုပါအခွေမှာ တေးသီချင်း ၁ဝ ပုဒ် ပါဝင်ပြီး Rock သီချင်း အမျိုးအစားတွေကို တေးရေးမင်းချစ်သူ၊ သာဒီးလူ၊ ညီမင်းခိုင်၊ ဘဝ၊ သစ်ခက်ကိုနဲ့ ဝေဠုတို့က ရေးပေးထားပါတယ်။ အခွေနဲ့ ပတ်သက်တဲ့ အကြောင်းကိုတော့ အဆိုတော် ဇော်မင်းဦးက….

“ဒီအခွေကို Myanmar Idol Season 1 ပြီးကတည်းက စီစဉ် ထားပါတယ်။ ဒီသီချင်းအခွေက ကျွန်တော်အားရတဲ့ Rock အမျိုး အစားတွေကိုပဲ စီစဉ်ထားပါတယ်။ ပရိသတ်တွေဆီက ဒီအခွေနဲ့ ပတ်သက်ပြီး မျှော်မှန်း ထားတာထက် ကျွန်တော့်ကို အားပေးကြပါလို့ပဲ ပြောချင်ပါတယ်။ DVD လုပ်ဖို့လည်း ရှိပါတယ်” လို့ ဆိုပါတယ်။

ဇော်မင်းဦးရဲ့ ‘ ကိုယ်ကျင့်တရား’ အခွေ Audio / CD အခွေကို သြဂုတ်လ ၆ ရက်နေ့မှာ United Production မှ ထုတ်ဝေဖြန့်ချိခဲ့ပြီး Promotion  ပွဲကို မန္တလေးမြို့တွင် သြဂုတ်လ ၆ ရက်နေ့မှာပဲ ပြုလုပ် ခဲ့ပြီး ဖြစ်ပါတယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here