အမေရိကားကို တစ်လကြာဖျော်ဖြေရေး ခရီးထွက်သွားတဲ့ ရတနာမိုင်

0
293

yadanar-my

အဆိုတော် ရတနာမိုင်ကဇူလိုင်လ၁ဝ ရက်နေ့မှာ တော့ မိခင်ဖြစ်သူ မိုင်နဲ့အတူ အမေရိကားကို တစ်လကြာ ဖျော်ဖြေရေးခရီးစဉ် ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီခရီးစဉ်မှာ တော့ ရတနာမိုင်တို့ သားအမိနဲ့အတူ တေးသံရှင် စိန်လင်းလည်း ပါဝင်မယ်လို့ သိရပြီး အမေရိကားရှိ မြို့ကြီး ၄မြို့မှာ ဖျော်ဖြေပွဲလေးပွဲ သီဆိုမယ်လို့လည်း သိရပါတယ်။

“ဟိုမှာအားလုံး ၄ ပွဲ ။ ၄ ပွဲမှာ တစ်ပွဲက ရခိုင်ပွဲ။ ကျန်တဲ့သုံးပွဲကတော့ မြန်မာတွေပွဲပါပဲ။အမေရိ ကားက တီးဝိုင်းနဲ့ဆိုပါမယ်။ တစ်ပွဲကိုတော့ သီချင်း၁ဝပုဒ် လောက်ဆိုမယ်။ သီချင်းအဟောင်းတွေပဲ ပိုဆိုဖြစ်မှာပါ။ MTV လေးတွေ လည်း ရိုက်ခဲ့ပါမယ်။ ဖက်ရှင်ပိုင်း အရလည်း ဟိုကိုယူ သွားရမှာက ကီလိုအကန့်အသတ်ရှိတယ်။ ဟိုမှာက တစ်လ ကြာမှာဆိုတော့ အဝတ်အစားရွေးရတာ နည်းနည်းခက် တယ်။ ဟိုမှာ ဝယ်ဝတ်ဖို့ ကျပြန်တော့လည်း ကိုယ်နဲ့လိုက် ဖက်မှုရှိ၊မရှိကို စဉ်းစားရသေးတယ် ဆိုတော့ ဖက်ရှင် ပိုင်းကိုတော့ သေချာရွေး သွားပါတယ”လို့ ရတနာမိုင်က ပြောပြပါတယ်။

ရတနာမိုင်က အခု သြဂုတ်လအတွင်းမှာလည်း အဆိုတော် ထက်မွန်နဲ့အတူ ‘ရိုးရိုးလေး’ဆိုတဲ့ သီချင်းတစ်ပုဒ်ကို Online Single အနေနဲ့ထွက်ရှိထားပါတယ်။ ဒီလို Single ထပ်ထွက်ဖြစ်ပုံကို ရတနာမိုင်က “Mini Album မှာကျတော့ သီချင်းက ၆ပုဒ်ပဲ ထည့်လို့ရတော့ အဲဒီစုံတွဲ သီချင်းလေးက မထည့်ဖြစ်လိုက်ဘူး။ အဲဒါကြောင့် အခုဒါလေးကို အွန်လိုင်းမှာ Single အနေနဲ့ တစ်ပုဒ် ထပ်တင်လိုက်တာပါ။ အဲဒီအတွက် ပရိသတ်ကြီးလည်း နားထောင်ဝေဖန်ပေးကြပါဦး”လို့ ရတနာ မိုင်က ပြောပြခဲ့ပါတယ်။

ရဲရဲ

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here