ရောဂါဆိုတာ ဖြစ်မှကုသတာထက ကြိုတင်ကာကွယ်တာက အကောင်းဆုံးပါပဲ ခင်ဝင့်ဝါ

0
204

khin-wint-war

အခုတလောမှာ သရုပ်ဆောင် ခင်ဝင့်ဝါက H1N1 ကာကွယ်ဖို့အတွက် Mask  တွေ ဝယ်ယူပြီး လှူနေကြောင်း သိရပါတယ်။ မှာဝယ်ယူထားတဲ့ M95 Mask တွေကို ဆေးရုံ တွေသာ အဓိကထားပြီး လှူဒါန်းနေကြောင်းကိုတော့……..

” ညီမတို့က ပြည်သူတွေထက် ရောဂါကုသနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ ဆရာဝန် အစ်ကို၊ အစ်မတွေကို လှူနေတာပါ။ ဖြစ်နိုင်ရင် အကုန်လုံးကို လှူချင်ပါတယ်။ ဒါပေမဲ့ ညီမတို့မှာဝယ်ရတဲ့ အတိုင်းအတာတစ်ခုထိပဲ ဝယ်ပြီး သွားလှူနေရတယ်။ အခုလည်း Mask တွေ ထပ် ရောက်နေပြီဆိုတော့ သြဂုတ်လ ၆ ရက်နေ့က ကလေးဆေးရုံ မှာ သွားလှူထားပါတယ်။ ဒီ H1N1က ကလေးတွေမှာ လည်း အဖြစ်များတာ တွေ့ရတယ်။ ညီမ ဟိုတလောက စံပြဆေးရုံမှာ သွားလှူတော့ အဲဒီနေ့ကပဲ ကလေး တစ် ယောက် သေဆုံးသွားတယ်။ ဘာပဲဖြစ်ဖြစ် ဆေးရုံတွေကို အဓိကထားပြီး လှူဒါန်းသွားမှာပါ။ ညီမ Mask တွေမှာ လို့ရသလောက် သွားလှူဒါန်းဖို့ ရှိပါတယ်။ ရောဂါဆိုတာ ဖြစ်မှကုသတာထက် ကြိုတင်ကာကွယ်တာက အကောင်း ဆုံးပါပဲ။ ကြိုတင်ကာကွယ်ခြင်းက ကုသမှုထက် ပိုထိ ရောက်တဲ့အတွက်ကြောင့် အားလုံးကြိုတင်ကာကွယ်ပါ လို့ မှာချင်တယ်” လို့ ဆိုပါတယ်။

ခင်ဝင့်ဝါက အနုပညာလောကမှာ ကြိုးစားဆဲကာလ ဖြစ်တဲ့အတွက် ကိုယ်နဲ့လိုက်ဖက်တဲ့ ကာရိုက်တာမျိုးကို ပရိသတ်အကြိုက်နဲ့ ထပ်တူကျအောင် ကြိုးစားနေကြောင်း ပြောပါတယ်။

“ညီမရိုက်ကူးချင်တဲ့ ကာရိုက်တာမျိုးတွေရှိတယ်။ အများကြီးပဲ။ ဒါပေမဲ့ ညီမက ကြိုးစားဆဲကာလဖြစ်တဲ့ အတွက် လာကမ်းလှမ်းတဲ့ ကာရိုက်တာနဲ့ ပရိသတ် ကြိုက်မယ့် ကာရိုက်တာနဲ့ ထပ်တူကျအောင် ကြိုးစားနေပါတယ်။ အခုနောက်ပိုင်းမှာ ဟာသ ဇာတ်ကားတွေလည်း ရိုက်ကူးလာရတော့ ဟာသပညာဆိုတာလည်း ခက်ခဲတယ်။ ဇာတ် လမ်းရွေးချယ်မှုကိုလည်း စိစစ်ပြီးတော့ ရိုက် ကူးဖြစ်နေပါတယ်” လို့ ခင်ဝင့်ဝါကပြောပါတယ်။

ခင်ဝင့်ဝါက “ကြောက်..ကြောက်..ကြောက်” ရုပ်ရှင်ဇာတ်ကားကြီးကို Promotion လုပ်ဖို့ ရန်ကုန်နဲ့မန္တလေးဆီ သွားနေရတာ ဖြစ်သလို ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာလည်း ကြော်ငြာသွားရိုက်ကူးဖို့ရှိပြီး သူ့ရဲ့ Fan တွေနဲ့ လည်း တွေ့ဆုံဖို့ရှိကြောင်း သိရပါတယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here