သီရိလင်္ကာနိုင်ငံသို့ လေးကြိမ်မြောက်အဖြစ် စွယ်စုံဆင်တစ်ကောင် ပေးပို့လှူဒါန်း

0
181

e

မြတ်ဗုဒ္ဓ၏စွယ်တော် မြတ် လှည့်လည်ပူဇော်ရာ နှင့် အရေးကြီးသည့်ဘာ သာ ရေးအခမ်းအနားများတွင်အသုံးပြုနိုင်ရန်NLD အစိုးရက သီရိလင်္ကာနိုင် ငံသို့ စွယ်စုံ ဆင်တစ်ကောင်အား သြဂုတ် လ ၁ဝရက်နေ့က ပင်လယ် ကူး သင်္ဘောဖြင့်ပေးပို့ လှူဒါန်းလိုက်ပြီ ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် သီရိ လင်္ကာနိုင်ငံသို့ ယခုကဲ့သို့ စွယ်စုံ ဆင်ပေးပို့လှူဒါန်းသည်မှာ ၄ကြိမ် ရှိခဲ့ပြီဖြစ်ပြီး၊ယခုတစ်ခေါက်ပေးပို့လှူဒါန်းခဲ့သည့် စွယ်စုံဆင်မှာ ပဲခူးသစ်ထုတ်လုပ်ရေးဒေသမှ အသက် ၂၄နှစ်ရှိ ပန်းရွှေမောင်ဖြစ်သည်။ ပန်းရွှေမောင်အမည်ရှိ ယင်းဆင်ကို သြဂုတ်လ ၁ဝရက် နေ့မနက် ၃ နာရီက ရန်ကုန်တိရစ္ဆာန် ဥယျာဉ်မှနေ၍ ရန်ကုန် ဗိုလ်အောင်ကျော်ဆိပ်ကမ်းသို့ လမ်းလျှောက်ခေါ်ဆောင်ခဲ့ကာ သီရိလင်္ကာ နိုင်ငံသို့ ပေးပို့လှူဒါန်းခဲ့ပြီးဖြစ်သည်။ သီရိလင်္ကာနိုင်ငံသည် မြတ်ဗုဒ္ဓ၏ စွယ်တော်မြတ်လှည့်လည် အပူဇော်ခံရာတွင် စွယ်စုံဆင် ကြီးများကိုအသုံးပြုကာ ခမ်းနားကြီးကျယ်စွာဖြင့်အပူဇော်ခံကြသည်။

မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာသံရုံးဘက်က ¤င်းတို့နိုင်ငံ သည် ဗုဒ္ဓဘာသာ ကိုးကွယ်သည့်နိုင် ငံဖြစ်ပြီး၊ဆင်ကိုလည်း အမြတ်တနိုးထားသည့် နိုင်ငံလည်းဖြစ်ရာ၊မြန်မာနိုင်ငံမှ ၄ကြိမ်မြောက် ယခုလိုအလှူခံရခြင်းဖြစ်ကြောင်းနှင့် ယခုဆင်ကို စွယ်တော်တိုက်တွင်ထားရှိမည်ဟု ပြောဆိုထားသည်။

ဓာတ်ပုံ – ကိုမျိုး


LEAVE A REPLY

Please enter your comment!
Please enter your name here