သုဝဏ္ဏ ဘောလုံးကွင်း အနီးက လင်းလင်း ရဲ့ Soccer House

0
320

IMG_3898လင်းလင်းနဲ့ ချစ်သုဝေတို့  နှစ်ဦးက သုဝဏ္ဏဘောလုံး ကွင်း အနီးမှာ Soccer House ဆိုတဲ့ ကော်ဖီဆိုင်တစ်ခုကို မကြာမီ ဖွင့်လှစ်တော့ မှာ ဖြစ်ပါတယ်။ ကော်ဖီမုန့်တို့ အပြင် စားသောက်ဖွယ်ရာ မျိုးစုံရရှိနိုင်မယ့် ဒီဆိုင်လေးနဲ့  ပတ်သက်ပြီး လင်းလင်းက

“အစကတော့ ဘောလုံးကို အခြေခံပြီး နာမည်ကို လည်း Soccer House လို့ ပေးထားတယ်။ ကော်ဖီ ဆိုင် အနေနဲ့ ဖွင့်ဖို့ လုပ်ရင်းနဲ့မှ တဖြည်းဖြည်းနဲ့  အစား အသောက်အစုံ ထည့်ရင်းနဲ့ စားသောက်ဆိုင်လေး ဖြစ် သွားတာပေါ့။ ဒီမှာတော့ ဘီယာ၊ အရက်တော့ မရောင်း ဘူး။ ကျန်တဲ့ အစားအစာတွေတော့ အစုံရမှာပါ။ အားက စားနယ်မြေ လည်းဖြစ်တော့ ဆိုင်အပြင်အဆင်က အစ ဘောလုံးရွှေခေတ်က ကစားသမားကြီးတွေရဲ့ ပုံတွေ ပြန်ရှာထားတယ်။ အဲဒီပုံတွေနဲ့  ပြင်ဆင်မယ်။ ပြီးတော့ အဲဒီကာလက အားကစား သတင်းတွေပါတဲ့ သတင်းစာ ဖြတ်ပိုင်းတွေလည်း ရှာထားတယ်။ အဲဒါတွေနဲ့လည်း တန် ဆာဆင်သွားမယ်။ နောက်တစ်ခုက ဒီမှာ အစားအသောက် အပြင်ဘောလုံး နဲ့ပတ်သက်တဲ့ အင်္ကျီတွေ၊ ဘောကန် ဖိနပ် တွေကိုလည်း ယိုးဒယားကနေ တိုက်ရိုက်မှာပြီး ဈေး အသက်သာ ဆုံး ဖြစ်အောင် ရောင်းမယ်” လို့ လင်းလင်းက ပြောပါတယ်။ လင်းလင်းတို့ရဲ့ Soccer House ဆိုင်ကို တော့ သြဂုတ်လကုန်ပိုင်းမှာ စတင် ဖွင့်လှစ်မှာဖြစ်ပြီး ဆိုင်ဖွင့်ခြင်း အမှတ်တရ အနေနဲ့ အဆိုတော်ကြီး ဇော်ဝင်း ထွဋ်ကလည်း ကားတစ်စီး လက်ဆောင်ပေး ခဲ့ကြောင်း သိရပါတယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here