‘က ကလေးငယ်’ အမှတ်တံဆိပ် နဲ့ ကလေးအင်္ကျီများ ထုတ်လုပ်ရောင်းချသွားမယ့် ချစ်သုဝေ

0
225

IMG_3892ချစ်သုဝေရဲ့ သြဂုတ်လ ၁ဝ ရက်နေ့မှာ ကျရောက်တဲ့ ၃၃ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် အဖြစ်ခင်ပွန်း ဖြစ်သူ လင်းလင်းက ခင်မင်ရင်းနှီးတဲ့ အနုပညာရှင်များ၊ မိတ်ဆွေ များနဲ့အ တူ Surprise Birthday ပွဲကို သူတို့ မကြာမီ ဖွင့်လှစ်မယ့် သုဝဏ္ဏ လူငယ် ဘောလုံးလေ့ကျင့်ရေး ကွင်း ရှိ Soccer House Café မှာ ပြုလုပ် ပေးခဲ့ပါတယ်။ ဒါ့အပြင် ည၁၂နာရီ မှာတော့ မိသားစုတွေက surprise လုပ်ခဲ့ကြပါတယ်။ မွေးနေ့ရှင်ချစ်သု ဝေက

“နှစ်တိုင်း တစ်နှစ်မှ မပျက်ကွက် ဘဲ မိသားစုလေးက Wish လုပ်ပေး ကြတယ်ဆိုတော့ ရင်ထဲမှာ နွေးနွေး ထွေးထွေး လေးပေါ့။ မနက် ကျ တော့ ကိုလင်းက Surprise  ပါတီ လေးလုပ် ပေးတယ်။ ကိုယ့်အိမ် ထောင်ဖက်လေး ကကိုယ့်ကို ချစ်ပြီး ဂရုစိုက်ပြီး ဒီလိုပွဲ လေး လုပ်ပေးတော့ ပျော်တာပေါ့။ ကလေး အမေဆိုတော့ ပိုပျော်တာ ပေါ့” လို့ ပြောပါတယ်။

ခင်ပွန်းဖြစ်သူ လင်းလင်းက  Soccer House Café  ဆိုင် ဖွင့်လှစ်သွားမှာ ဖြစ်ပြီး ဒီဆိုင်မှာ ဘောလုံးကန် ဖိနပ်တွေ၊ ဘောလုံးကန် အင်္ကျီတွေ ကို တင်သွင်းသွားမှာ ဖြစ်သလို ချစ်သု ဝေကလည်း ကိုယ်ပိုင်စီးပွား ရေး အနေနဲ့ “ကကလေးငယ်” ဆိုတဲ့ အမှတ် တံဆိပ်နဲ့ ကလေးအင်္ကျီများ ထုတ်လုပ် ရောင်းချသွားမှာဖြစ် ကြောင်းပြောပါ တယ်။

“ထရီဇာရဲ့ စီးပွားရေးအနေနဲ့ ထရီဇာက သမီးလေး တွေချစ်တော့က ကလေးငယ်ဆိုတဲ့ Brand Name လေးနဲ့ ကလေး အင်္ကျီလေးတွေ ထုတ်ဖို့ ရှိတယ်။ အဲဒါ လေးက အခုစဖို့ ပရောဂျက် စနေတာ ဆိုတော့ ၃လ ၄လ လောက်တော့ အချိန်ယူရဦး မယ်။ ထွက်လာရင်လည်း အားပေးကြ ပါဦး။ ထရီဇာ ဒီစီးပွားရေးကို လုပ်တဲ့ ရည်ရွယ် ချက်ကတော့ သမီးလေးတွေ ဆိုရင် တအားဆင်ခြင် တယ်။ ရရှိတဲ့ Source တွေကတအား ရှာရတာပဲ။ ခေတ်လေးနဲ့ သစ်လေးရဲ့ပစ္စည်း လေး တွေ ဘယ်ကဝယ်လဲ မေးတဲ့ လူတ အားများလာတော့ ထရီဇာရဲ့ Dream တစ်ခုကို လည်းအကောင် အထည်ဖော်ချင်တယ်။ အကောင် အထည် ဖော်တဲ့အခါမှာ မြန်မာပြည် ကထွက်တဲ့ Product Made In Myanmar ဆိုတာဖြစ်ချင်တယ်။  Made In Myanmar  က ကလေးငယ် မြန်မာပြည်တွင် လုပ်သည်။ အကျိုး အမြတ် ရရှိဖို့ကို မကြည့်ဘဲ မြန်မာပြည် က product လေး တစ်ခုအဖြစ် အမေတွေ စိတ်ချမ်းသာရမယ့် ကလေးဝတ် အင်္ကျီလေးတွေ ဖြစ် အောင် ထရီဇာကြိုးစားပါ့မယ်” လို့ ပြောပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ – အေးဇော်မိုး (စက်မှု)


LEAVE A REPLY

Please enter your comment!
Please enter your name here