သီချင်းသစ်တွေ ထပ်မံ ဖန်တီးသွားမယ့် ဂျပန်အဆိုတော်မလေး Mary

0
311

maryကွဲပြားတဲ့ ဂီတပုံစံ တစ်ခုနဲ့  အွန်လိုင်းက တစ်ဆင့် သီချင်းတွေ တင်ပေးခဲ့ရင်း လူမှုကွန်ယက်မှာ နာမည်ကြီး လာခဲ့တဲ့ အဆိုတော် မလေးမေရီ က လက်ရှိ အချိန်မှာတော့  မြန်မာပြည်ကို ပြန်လည် ရောက်ရှိနေပါ တယ်။ သူမက ဂျပန်နိုင်ငံမှာ နေထိုင်သူဖြစ် ပြီး သူမ ကလေး ဘဝ က တည်းက ဂျပန်မှာ သွားရောက် နေထိုင်ခဲ့ တာ ဖြစ်ပါ တယ်။ လက်ရှိအချိန်မှာတော့ ဂျပန်က ကျောင်း ပိတ်တဲ့ အတွက် မြန်မာပြည်ကို ခေတ္တခဏ ပြန်လည် ရောက်ရှိ နေတာ ဖြစ်ကြောင်းလည်း သိရပါတယ်။

မေရီ ဆိုတာကတော့ “ဝဲ” ဆိုတဲ့ သီချင်းနဲ့  “မျက်နှာဖုံး” ဆိုတဲ့ သီချင်းနှစ်ပုဒ်ကို ဂီတ ပုံစံဆန်းဆန်းနဲ့ ဖန်တီး သီဆိုခဲ့တဲ့အတွက် မြန်မာ ပရိသတ်ကြား ရေပန်းစား လာခဲ့တာ ဖြစ်ပါတယ်။ သူမက ကိုယ်ပိုင် သီချင်း နှစ်ပုဒ်ကို သီဆိုဖြန့်ချိခြင်း မပြုမီ အေးချမ်းမေ ရဲ့ ”သူသိသွားပြီ” သီချင်းကိုလည်း Cover ပြန်လည် သီဆိုရင်း ပရိသတ် စိတ်ဝင်စားမှုကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ လတ်တ လော မှာ မြန်မာပြည် ကို ပြန်လည် ရောက်ရှိနေတဲ့ သူမက နောက်ပိုင်းမှာလည်း သီချင်းသစ်တွေ ထပ်မံဖန်တီးသွား ဖို့ရှိပြီး ပရိသတ်နဲ့ အဆက် မပြတ်အောင် လည်း ကြိုးစား သွားမယ်လို့ သိရပါတယ်။

P054


LEAVE A REPLY

Please enter your comment!
Please enter your name here