မျှော်စင်ကျွန်းမှာ ကပြတာက ငွေကြေး အမြတ်အစွန်းထက် သိက္ခာအရ ကတာပါ တင်မောင်ဆန်းမင်းဝင်း

0
299

Thin-Mg-San-Min-Win

အပတ်စဉ်သောကြာနဲ့ စနေနေ့များမှာ မျှော်စင်ကျွန်းမှာ ဖျော်ဖြေ လျက်ရှိနေတဲ့ တင်မောင်ဆန်းမင်းဝင်းတို့ ရွှေမန်းဇာတ်အဖွဲ့က ပရိသတ် တွေကြား ရေပန်စားလျက်ရှိနေပါတယ်။ ကပြတင်ဆက်မှုတွေ အား ကောင်းခြင်းနဲ့ ဆက်တင်အပြင် အဆင်တွေအလွန်ကောင်းတာမို့ ကြည့်ရကျိုးနပ်ကြောင်းလည်း ပရိသတ်တွေရဲ့ အသံကို ပြန်လည်ကြားနေရပါတယ်။ ဒီလို ရလဒ်ကောင်းဖို့အတွက်ကိုလည်း တင် မောင်ဆန်းမင်းဝင်းတို့ ရွှေမန်းတစ်ဖွဲ့လုံးက ကြိုတင်လေ့ကျင့်ပြင်ဆင်မှုတွေကို များစွာ ပြုလုပ်ခဲ့ကြရတာပဲ ဖြစ်ပါတယ်။ မိုးရာသီအထူးဖျော်ဖြေပွဲကိုတင်ဆက်နိုင်ဖို့ အတွက် အခက်အခဲတွေလည်း အများကြီး ကြုံတွေ့ခဲ့ရ တယ်လို့ သိရပါတယ်။ ဒီအကြောင်းတွေနဲ့ပတ် သက်ပြီး တင်မောင်ဆန်းမင်းဝင်းက…

“အခက်အခဲကတော့ ဇာတ်ရုံဆောက်တာ ကအစ အခက်အခဲတွေအများကြီးပါ။ ရုံဆောက် တဲ့အခါ မိုးရွာတာနဲ့ဆိုတော့ တော်တော်ခက်ခဲခဲ့ တယ်။ ရှင်းရှင်းပြောရရင် ကျွန်တော့်အနေနဲ့ မျှော်စင်ကျွန်းမှာ ကပြတယ်ဆိုတာက သိက္ခာ အရ ကပြတာပါ။ ကျွန်တော့်ဇာတ်အဖွဲ့က အနုပညာသည်တွေရဲ့ ဝမ်းစာအတွက်လည်း ကပြတာပါ။ မိုးတွင်းဆိုရင် ကျွန်တော်တို့ သဘင်သမားတွေက အနားယူကြတယ်လေ။ အဲဒီလိုနားတဲ့အချိန်မှာ ဒီမျှော်စင်ကျွန်းမှာ ကပြတော့ ကိုယ့်အနုပညာလည်းပြခွင့်ရတယ်။ ကျွန်တော်တို့အနေနဲ့ ဇာတ်ရုံမှာက ခုံကအလုံး၂ဝဝပဲ ထားလို့ရတာပါ။ လူတန်းစေ့ကြည့်နိုင် အောင်အတွက် ဝင်ကြေးကိုလည်း သင့်တော်တဲ့ဈေးနှုန်းလုပ်ထားပါ တယ်။ အဲဒီအတွက် ငွေရေးကြေးရေးပိုင်းကတော့ ဘယ်လိုမှမျှော်မှန်းလို့ကို မရတာပါ။

မျှော်စင်ကျွန်းလို နေရာမျိုးမှာက စတိတ်ရှိုးတွေ လုပ်ရရင်တောင် အားလုံးက မတ်တတ်ရပ်ပြီး ကြည့်ကြတာဆိုတော့ ကျွန်တော့်အနေနဲ့ခုံ အလုံး၂ဝဝ လောက်နဲ့ ကျွန်တော့်ကုန်ကျစရိတ်နဲ့က ဘယ်လိုမှမကာမိဘူး။ ကျွန်တော့်အနေနဲ့လည်း ပိုက်ဆံရှိလွန်းအားကြီးလို့လုပ်တာတော့ မဟုတ်ပါဘူး။ ကျွန်တော်မရရင်နေပါစေ။ အဖွဲ့သားတွေ ရပါစေဆို ပြီးလုပ်တာပါ။ ပြီးတော့ကုန်ကျစ ရိတ်ကာမိရင် ရပြီဆိုပြီးလုပ်တာ ပါ။ ဒီနှစ်က ကျွန်တော်ကချင်လွန်းလို့သာ ကတာပါ။ ငွေရေးကြေး ရေးပိုင်းက အခက်အခဲတွေအများကြီးရှိပါတယ်။ ပရိသတ်တွေ အတွက် ကျွန်တော်ကျေကျေနပ်နပ်ကြီးပေးဆပ်တာပါ”လို့ ပြောပါတယ်။ တင်မောင်ဆန်းမင်းဝင်းတို့က မျှော်စင် ကျွန်းမှာ၃လတာ ကပြမှာဖြစ်ပြီး အခုဆိုရင် ၁လ ကြာ ကပြခဲ့ပြီးပြီလည်းဖြစ်ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here