ဟာသ ဇာတ်ရုပ်နဲ့ ရတဲ့ အကယ်ဒမီမျိုးကို လိုချင်သူ ကျော်ထူး

0
383

Kyaw-Htoo1

ခုလတ်တလောမှာ ဟာသသရုပ်ဆောင် ကျော်ထူးကတော့ ဒါရိုက်တာ စွမ်းပိုင် ရိုက်ကူးတဲ့ “ငါဟဲ့ ပွဲစား” ဇာတ်ကားမှာ နေဒွေး၊ နန်းခင်ဇေယျာ တို့နဲ့အတူ ပါဝင်သရုပ်ဆောင်နေကြောင်း သိရပါတယ်။ ဝါရင့် ဟာသ သရုပ်ဆောင်တစ်ဦးဖြစ်တာကြောင့် ဟာသသရုပ်ဆောင်တွေကို အကယ် ဒမီပေးလာတဲ့အပေါ် မျှော်လင့်ဖူးတာရှိလားလို့ မေးတော့……..

“ကျွန်တော်တို့ လူရွှင်တော်ထဲမှာဆိုရင်တော့ ဦးမိုးဒီတို့၊ ဦး မော့စ်တို့က အကယ်ဒမီရပြီးပြီပေါ့။ ဒါပေမဲ့ သူတို့ရတဲ့ အကယ်ဒမီ တွေက ဒရာမာချိုးပြီး ပရိသတ်ငိုပြီး ပြန်ရတဲ့အကယ်ဒမီမျိုးပေါ့။ ကျွန်တော်ကတော့ အဲဒီလိုအကယ် ဒမီမျိုးတော့ မမျှော်လင့်ပါဘူး။ ပရိသတ်ကို အမြဲတမ်း ပျော်စေချင်တယ်။ ဇာတ်ကားတစ်ကားမှာ ကျွန်တော် သရုပ်ဆောင်တာက အရမ်းရယ်ရတယ်ပေါ့။ အဲဒီလို ဇာတ်ကားမျိုးသာ ပေးတဲ့အကယ်ဒမီမျိုးဆိုရင်တော့ လိုချင်ပါတယ်” လို့ ပြောခဲ့ပါတယ်။

သူက ဒီနှစ်ထဲမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးများမှာ ပါဝင် သရုပ်ဆောင်ထားပြီး ဒါရိုက်တာ ပြည်ဟိန်းသီဟ ရိုက်ကူးတဲ့ “ဘာညာ ဘာညာ” ဇာတ်ကားကို အကယ်ဒမီနဲ့ ပတ်သက်ပြီး ရင်ခုန် နေကြောင်း လည်း သိရပါတယ်။

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here