ချစ်သူမင်းသားနဲ့ လမ်းခွဲလိုက်ပြီဖြစ်တဲ့ ခင်စန်းဝင်း

0
233

Khin-Sann-Winn

ခင်စန်းဝင်းက သူ့ရဲ့ဒုတိယ မြောက် ဗီဒီယိုဇာတ်ကားလေးဖြစ်တဲ့ ‘တစ်နေ့မှာမောင့်ကို အဲဒီအကြောင်းတွေ ပြောရ ဦးမယ်’ ဇာတ်ကား ကို အေးချမ်းမောင်၊ စင်ဒီမြတ်၊ သြဇာ တို့နဲ့အတူ ရိုက်ကူးနေပါတယ်။ ဇာတ်ကားရိုက်ကူးဖြစ်ပုံနဲ့ ပတ်သက်ပြီး ခင်စန်းဝင်းက “အမှန်အတိုင်းပြောရင် ဆရာနိုင်မျိုးထွန်းက ရိုက်ချင်တယ်ဆိုလို့ မကြီးရိုက်လိုက်တယ်။ ပထမဇာတ်လမ်းကို အားပေးကြတဲ့ သူတွေ က နောက်တစ်ကားကို မျှော်လင့်နေကြ တယ်။ ဆရာနိုင်မျိုးထွန်း ကလည်း ကိုယ့်ကို အားပေးတဲ့သူတွေရဲ့ မျက်နှာကိုပြန် ကြည့်ပြီး နောက်ထပ် ဇာတ်ကားတစ်ကား ရိုက်သင့်တယ်ဆိုပြီး ပရိသတ်တွေ မျက်နှာတစ်ခုတည်းကြောင့် မကြီးပြန် ရိုက် ကူးဖြစ်တာပါ”လို့ ပြောပါတယ်။

မကြာသေးခင်က မင်းသားတစ်ယောက်နဲ့ ချစ်သူတွေဖြစ်နေတယ်ဆို တဲ့ ခင်စန်းဝင်းက အခုအချိန်မှာတော့ ဘဝကိုတစ်ယောက်တည်း ရင်ဆိုင် ဖြတ်သန်းသွားတော့မယ်လို့ ပြောပါတယ်။

“သဘာဝ မကျခြင်း အကြောင်းအရာတွေကြောင့် ဝေဖန် တိုက်ခိုက်တာ တွေ၊ ရှုတ်ချတာတွေဟာ ပတ်ဝန်းကျင်မှာ ရှိနေမှာပဲ။ သူနဲ့ ပတ်သက်တဲ့ သူငယ် ချင်းအပေါင်းအသင်းတွေမှာလည်း သူနဲ့ကိုယ်နဲ့ ပတ်သက်တာကို မကောင်းတဲ့ bad comment တွေ ပေးမှာပဲ။ ကိုယ် နဲ့တွေ့ခါစ ရိုးရှင်း တဲ့သူ့ရဲ့စိတ်ကို ကိုယ်မရတော့ဘူး။ တခြားသော အတွေးတွေ၊ အာရုံတွေ သူ့ခေါင်းထဲ ရောက် လာပြီး ပျော်ရွှင်စရာ မကောင်းတော့တဲ့ အခါကျ တော့ မကြီးသူ့ကို လွတ်လပ်ခွင့်ပေးလိုက်တယ်။ မဖြစ်နိုင်တော့တဲ့ အတွက် နားလည်မှုပေးလိုက်တဲ့ သဘောပါ” လို့ ပြောပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here