လက်နက်အစစ် ၊ ရဟတ်ယာဉ် အစစ် တွေ အသုံးပြု ရိုက်ကူးမယ့် “လူမိုက်နက္ခတ်” ရုပ်ရှင်

0
114

sithu1ဟာသနှင့် ဇာတ်ပို့ သရုပ်ဆောင် စည်သူ ပလပ်ကျွတ်က သူရဲ့ပထမဦး ဆုံး ခေါင်းဆောင် မင်းသားဖြစ်လာ မယ့် ရုပ်ရှင် ဇာတ်ကားကြီး “ကိုပေါ” ကို မြင်းခြံမြို့ရှိ ထနှောင်းကုန်းကျေး ရွာမှာ စတင် ရိုက်ကူးနေလျက် ရှိပြီး ဒုတိယမြောက် ဖြစ်လာမယ့် အက်ရှင် ရုပ်ရှင် ဇာတ်ကား ကြီး အနေ နဲ့ ထိုင်း နိုင်ငံ နဲ့မြန်မာနိုင်ငံ နယ်စပ်နဲ့ ထိုင်း နိုင်ငံ ဘန်ကောက်မြို့ပေါ် ဘက်မှာ သွားရောက် ရိုက်ကူး မှာဖြစ်တယ် လို့ ဆိုပါတယ်။

ဒုတိယမြောက် အက်ရှင် ရုပ် ရှင် ဇာတ်ကားကြီးရဲ့ နာမည် ကတော့ “လူမိုက်နက္ခတ်” လို့ နာမည်ပေးထားပါ တယ်။ အဲ့ဒီဇာတ်ကား ကို လည်း သမန်းကျား ရုပ်ရှင် ထုတ်လုပ်ရေးက ရိုက်ကူး တင်ဆက်မှာဖြစ်ပြီး ဒါရိုက်တာ ကတော့ နန္ဒကျော် (ရိုက် ချက် ပြင်းပြင်း) ဖြစ်ပါတယ်။ အဲ့ဒီဇာတ် ကားအတွက် ထိုင်းနိုင်ငံက သရုပ် ဆောင်တွေ ကိုလည်း ဌားရမ်း ထားပြီး ကပ္ပလီ သရုပ်ဆောင်တွေလ ည်း ပါ ဝင်ဖို့ ညှိနှိုင်းထားကြောင်း စည်သူ ပလပ်ကျွတ် ကဆိုပါတယ်။

“ကျွန်တော် တို့လို နာမည်မကြီး တဲ့ သရုပ်ဆောင် တစ်ဦးက ရုပ်ရှင် ဇာတ်ကားကြီး ရိုက်မှာဖြစ်တဲ့ အတွက် ဝေဖန်မှု တွေလည်း ရှိသလို ကျွန်တော့် အတွက် ဖိအားတွေလည်း များပါ တယ်။ ဒါပေမဲ့ ကျွန်တော်ရိုက်ကူး မယ့် ဇာတ်ကားတွေ က ကျွန်တော့်ကို ရိုက်မှာ မဟုတ်ဘူးလေ။ စည်သူပလပ် ကျွတ်ဆိုတာကို ရိုက်ပြနေမှာ မဟုတ် ပါဘူးခင်ဗျ။ ဇာတ်လမ်း ကိုပြမယ် ဇာတ်အိမ် ကို ပြမှာဖြစ်ပါတယ်။ ကျွန်တော့်ကိုယ် ကျွန်တော် ရိုက်ပြ နေမှာ မဟုတ်ဘူးလေ။ မြန်မာဇာတ် ကားတွေ ဘယ်လိုကောင်းလာတယ်။ မြန်မာ ဇာတ်ကားတွေရဲ့ လိုကေးရှင်း တွေဘယ်လို ကောင်းလာတယ် ဆိုတာ တွေကို ပြချင်တာ ဖြစ်ပါတယ်။  အဲ့ဒါ ကြောင့် လူမိုက် နက္ခတ် ရုပ်ရှင်ဇာတ် ကားကို ထိုင်းနိုင်ငံနဲ့ မြန်မာနယ်စပ် ဖြစ်တဲ့  မြဝတီမြို့မှာသွားရောက်ရိုက် ကူးမှာဖြစ်တယ်။ ရဟတ် ယာဉ်တွေ လည်း ဌားထားပါတယ်။ တစ်နာရီ ကို သိန်း ၇ဝ နဲ့ ဈေးပြောထားပါတယ်။ တကယ့်လက်နက် အစစ်တွေနဲ့ အသုံးပြုမှာဖြစ်တယ်။ ကားတွေကို လည်း ဖောက်ခွဲ ပစ် မှာ ဖြစ် ပါတယ်။ အခုလို ကေးရှင်းတွေ လည်းကြည့်ပြီး ပါပြီ။ ထိုင်း သရုပ်ဆောင်တွေ လည်း ဌားရမ်းထားတော့ ထိုင်းစကားပြန် တစ်ဦးလည်း ပါဝင်မှာဖြစ်ပါတယ်။ လက်နက်တွေ နဲ့ အဝတ်အစားတွေက အစ စီစဉ် ထားပြီးပါပြီ”လို့ စည်သူ ပလပ်ကျွတ်က ပြောပြပေးပါတယ်။

လူမိုက် နက္ခတ် ရုပ်ရှင် ဇာတ် ကားဟာ အက်ရှင် ဇာတ်ကားဖြစ်တာ နဲ့ အညီ ခင်လှိုင်၊ ထူးခြားတို့ ပါဝင်နိုင် အောင် ကြိုးစား သွားမှာဖြစ် တယ် လို့ လည်း သိရပါတယ်။ စည်သူပလပ် ကျွတ်က တတိယမြောက် ရုပ်ရှင်ဇာတ် ကား အနေနဲ့ ရိုက်ကူးမယ့်ရုပ်ရှင် ဇာတ်ကားကြီး ကတော့ “ဘုမသိ ဘ မသိ” ဆိုတဲ့ ဟာသ ရုပ်ရှင် ဇာတ်ကား ကြီးကို ပြန်လည် ရိုက်ကူးမှာ ဖြစ်ပါ တယ်။ “ဘုမသိဘမသိ” ရုပ်ရှင် ဇာတ် ကားကြီးကို အရင်တုန်းက အေဝမ်း ရုပ်ရှင်က ထုတ်လုပ် ရိုက်ကူးခဲ့တာ ဖြစ်ပြီး ဒါရိုက်တာ ဦးအောင်ဇံက ရိုက်ကူး ထားကာ အဲ့ဒီ ခေတ် တုန်း က အေးကြူ၊ မေသစ်၊ မေမြ၊ မေနွဲ့၊ မေဆန်း၊ မေလွင်၊ သာဂေါင်တို့ သရုပ် ဆောင် ထားခဲ့တဲ့ ဟာသဇာတ်မြူး ရုပ်ရှင် ဇာတ်ကား ကြီး ဖြစ်ပါတယ်။

ထက်လူ ၊ ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here